Myo Sandar/Myanmar Business Today
The Yangon Stock Exchange’s monthly trading report for October shows only K1.36 billion in trading volume, a drop of over K1 billion from K 2.4 billion the previous month.
Trading on the four-year-old YSX had been on the rise before October. The first four months of 2019 were sluggish. Trading volume was K520 million in January, K400 million in February, K 396 million in March and K 500 million in April.
Signs of growth began in May, when trading reached K1.4 billion, and continued through June, July and August, with monthly volume of K1.3 billion, K1.2 billion and K1.9 billion, respectively. In September, trading hit peak volume at over K2.4 billion.
Shares of First Myanmar Investment (FMI) and Myanmar Thilawa SEZ Holding (MTSH) are the most heavily traded ones on the YSX, which has five listed companies.
FMI’s October trading volume was K353.9 million; MTSH’s, K761.6 million, Myanmar Citizens Bank’s, K29.8 million; First Private Bank’s K160 million and TMH’s, K61.6 million.
FMI’s shares traded at K12,000 per share while MTSH’s traded at K2,950 per share, Myanmar Citizens Bank’s at K8,300, First Private Bank’s at K23,000 and TMH’s at K3,000.
The Yangon Stock Exchange was launched in December 2015 with K32 billion capital. It has increased trading times to four and is planning to allow foreigners to buy shares on the exchange.
Myanmar Summary
ရန်ကုန်စတော့အိတ်ချိန်းတွင် အောက်တိုဘာအရောင်းအဝယ်ဖြစ်မှှု စက်တင်ဘာလထက် တစ်ဘီလီယံလျော့
ယခုနှစ် အောက်တိုဘာလတစ်လလုံးတွင် ရှယ်ယာရောင်းချမှှုကျပ် ၁ ဒသမ ၃၆ ဘီလီယံကျော်ဖိုးရှိထားကြောင်း ရန်ကုန်စတော့အိတ်ချိန်းမှ တစ်လတစ်ကြိမ်ထုတ်ပြန်သည့် အရောင်းအဝယ်စာရင်းအရ သိရသည်။
ယင်းပမာဏနှင့် စက်တင်ဘာတစ်လလုံးတွင် အရောင်းအဝယ်ဖြစ်ခဲ့သည့် ပမာဏနှစ်ခု နှိုင်းယှဉ်ပါက ကျပ် ၁ ဒသမ ၁ ဘီလီယံခန့်လျော့နည်းနေကြောင်း ရန်ကုန်စတော့အိမ်ချိန်း၏ အရောင်းအဝယ်စာရင်းများအရ သိရသည်။
ရန်ကုန်စတော့အိတ်ချိန်းတွင် ၂၀၁၉ မေလမှ စတင်၍ အရောင်းအဝယ်များမြင့်တက်လာပြီး စက်တင်ဘာလတွင် ကျပ် ၂ ဒသမ ၄ ဘီလီယံကျော်အထိ အရောင်းအဝယ်ဖြစ်ခဲ့သည်။
၂၀၁၉ ခုနှစ်အတွက် ရှယ်ယာရောင်းဝယ်ခြင်းများမှ ဇန်နဝါရီလတွင် ကျပ် သိန်း ၅၂၀၀ ၊ ဖေဖော်ဝါရီလတွင် ကျပ် သိန်း ၄၀၀၀၊ ဧပြီလတွင်ကျပ် သိန်း ၅၀၀၀၊ မေ လတွင် ကျပ် ၁ ဒသမ ၄ ဘီလီယံ၊ ဇွန်လတွင် ကျပ် ၁ ဒသမ ၃ ဘီလီယံ၊ ဇူလိုင်လတွင် ကျပ် ၁ ဒသမ ၂ ဘီလီယံ နှင့် သြဂုတ်လတွင် ကျပ် ၁ ဒသမ ၉ ဘီလီယံအထိ အရောင်းအဝယ်ဖြစ်ခဲ့သည်။ ယင်းတို့အနက် စက်တင်ဘာလတွင်ဖြစ်ခဲ့သည့်အရောင်းအဝယ်ပမာဏသည် အမြင့်ဆုံးဖြစ်ခဲ့သည်။
ရန်ကုန်စတော့အိတ်ချိန်းတွင် First Myanmar Investment အများပိုင်ကုမ္ပဏီ (FMI) နှင့် Myanmar Thilawa SEZ Holding(MTSH) အများပိုင်ကုမ္ပဏီတို့၏ ရှယ်ယာဈေးများမှာ ရောင်းဝယ်မှှုအများဆုံးဖြစ်သည်။
FMI မှ အစုရှယ်ယာရောင်းဝယ်ခြင်းမှ ကျပ် ၃၅၃၉ သိန်း၊ MTSH မှ အစုရှယ်ယာရောင်းဝယ်ခြင်းမှ ကျပ် ၇၆၁၆ သိန်း၊ မြန်မာနိုင်ငံသားများဘဏ်မှ အစုရှယ်ယာရောင်းဝယ်ခြင်းမှ ကျပ် ၂၉၈ သိန်း ၊ပထမပုဂ္ဂလိကဘဏ်မှ ကျပ် သိန်း ၁၆၀၀ နှင့် ဆက်သွယ်ရေးကုမ္ပဏီဖြစ်သည့် TMH မှ ကျပ် ၆၁၆ သိန်း အသီးသီးအရောင်းအဝယ်ဖြစ်ထားသည်။
FMI က ရှယ်ယာတစ်စုလျှင် ၁၂၀၀၀ ကျပ်၊ MTSH ရှယ်ယာတစ်စုလျှင် ၃၉၅၀ ကျပ်၊မြန်မာနိုင်ငံသားများဘဏ်၏ ရှယ်ယာတစ်စုလျှင် ကျပ် ၈၃၀၀ ၊ ပထမပုဂ္ဂလိကဘဏ်၏ ရှယ်ယာတစ်စုလျှင် ၂၃၀၀၀ ကျပ်နှင့် TMH ဆက်သွယ်ရေးကုမ္ပဏီရှယ်ယာတစ်စုလျှင် ကျပ် ၃၀၀၀ အထိပေါက်ဈေးရှိကြောင်းသိရသည်။
ရန်ကုန်စတော့အိတ်ချိန်းကို ၂၀၁၅ ဒီဇင်ဘာတွင် မတည်ငွေ ကျပ် ၃၂ ဘီလျံဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး ဈေးကွက်ဖွင့်ချိန်ကို လေးကြိမ်ပြောင်းလဲခဲ့ကာ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှှုကိုလည်း ခွင့်ပြုသွားရန်ရှိသည်။