အောက်တွင် မြန်မာလို ဖတ်ရှုနိုင်ပါသည်
Myanmar has further extended the effective period of temporary restrictions for all airlines operating international air services to and from Yangon International Airport until May 31, 2020, in order to continue to contain the spread of COVID-19 in the country effectively.
However, transport flights, relief flights, and special flights with the approval from the Department of Civil Aviation are allowed to land in Myanmar.
The flight crews will be monitored and quarantined in accordance with the directives of the Ministry of Health and Sports.

Myanmar has imposed the restrictions on air services to and from Yangon cine March 30.
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ နိုင်ငံတကာ ခရီးသည်တင်လေယာဉ်များ ပျံသန်းပြေးဆွဲခွင့်ကို မေလ ၃၁ရက်နေ့အထိ တိုးမြှင့်ကာ ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။
ခရီးသည်တင်လေယာဉ်များကို ပြေးဆွဲခွင့် ပိတ်ထားသော်လည်း ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေး လေယာဉ်များ၊ ကျန်းမာရေးလုပ်ငန်းဆိုင်ရာ လေယာဉ်များနှင့် လေကြောင်းပို့ဆောင်ရေး ညွန်ကြားမှုဉီးစီးဌာန၏ ထောက်ခံချက်ပေးထားသည့် အထူးလေယာဉ်များကို ရန်ကုန်လေဆိပ်တွင် ဆင်းသက်ခွင့်ပြုမည်ဖြစ်သည်။
အဆိုပါ ခွင့်ပြုထားသည့် လေယာဉ်များပေါ်တွင် လိုက်ပါလာမည့် လေယာဉ်အမှုထမ်းများကို ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၏ ညွန်ကြားချက်နှင့်အညီ သီးသန့်ခွဲခြားထားရှိကာ ကျန်းမာရေးအခြေအနေများ စောင့်ကြည်သွားမည်ဖြစ်ကြောင်း သိရသည်။
COVID 19 ရောဂါကြောင့် နိုင်ငံတကာ လေကြောင်းလိုင်းများ မြန်မာနိုင်ငံသို့ ဆင်းသက်ခွင့်ကို မတ်လ ၃၀ရက်နေ့မှ စတင်ကာ ယာယီရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။