HomeBusinessTrucks allowed to drive daytime amid curfew in Yangon

Trucks allowed to drive daytime amid curfew in Yangon

ညမထွက်ရအမိန့် ထုတ်ပြန်ထားစဉ် ကာလအတွင်း ကုန်သေတ္တာယာဉ်များကို နေ့ဘက်သွားလာခွင့်ပြုမည်

ယခင်က ညပိုင်းသာ သွားလာခွင့်ပြုထားသည့် ကုန်သေတ္တာယာဉ်များကို ညမထွက်ရ အမိန့်ထုတ်ပြန်ထားသည့်အတွက် အဆိုပါ ကာလအတွင်း ယာယီအနေဖြင့် နေ့ဘက်သွားလာခွင့်ပြုမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။

ကုန်သေတ္တာယာဉ်များကို ည၁၀နာရီမှ မနက် ၄နာရီအထိ သွားလာခွင့်ပြုထားသော်လည်း ယခုအခါတွင် COVID 19 ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း ညမထွက်ရအမိန့် ထုတ်ပြန်ထားသည့်အတွက် ကုန်သေတ္တာယာဉ်များကို နံနက် ၇နာရီမှ ည၈နာရီအထိ ယာယီသွားလာခွင့်ပြုထားကြောင်း သိရသည်။

နေ့ပိုင်းသွားလာခွင့်ပြုရခြင်းမှာ ကုန်စီးဆင်းမှု နှောင့်နှေးကြန့်ကြာမှုမရှိစေရန်အတွက် မြန်မာနိုင်ငံ ကုန်သေတ္တာတင် မော်တော်ယာဉ်အသင်း၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ သွင်းကုန်/ပို့ကုန် ဆိပ်ကမ်းများ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်း၍ ထိုကဲ့သို့ သွားလာခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ကုန်သေတ္တာယာဉ်များ သတ်မှတ်ချိန်ထက် စောထွက်ခြင်း၊ နောက်ကျခြင်းများမရှိစေရန်၊ ယာဉ်ကြောပိတ်ဆို့မှုများမရှိစေရန်၊ ယာဉ်အန္တရာယ် မဖြစ်ပေါ်စေရန်အတွက်လည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ညွှန်ကြားထားကြောင်း သိရသည်။

ထို့ကြောင့် မြန်မာနိုင်ငံ ကုန်သေတ္တာတင် မော်တော်ယာဉ်အသင်း၊ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယခင်က ရန်ကုန်မြို့တွင်းသို့ နေစဉ် ၀င်ထွက်သွားလာနေသည့် ကုန်တင်ယာဉ်များမှာ တစ်ရက်လျှင် အစီးရေ ၅၀၀၀ခန့်အထိရှိသည်။

- Advertisment -spot_img

Must Read

Ooredoo adopts new brand positioning

Recently, Ooredoo Myanmar changed their brand logo on Facebook baffling the users amid rumours that Ooredoo Group was planning to sell its Myanmar branch. But...
spot_img