TrueMoney Myanmar has provided a total value of 3.2 Billion MMK health insurance coverage to their long-serviced agents and their territory distributors and introduced a door-to-door remittance service.
The long-serviced agents and their territory distributors will be provided with the one-year health insurance coverage from Myanma Insurance, which will benefit up to 60 days hospitalization due to COVID-19, illness and accidents, and death benefits.
The door-to-door remittance service will allow the customers to make money transfers without leaving their homes during this COVID-19 situation and without any extra charges. Being able to be enjoyed by any customer for the transfer amount of 100,000 MMK and above, this service is currently available in over 100 townships across the country and still expanding.
“Aim to be a socially responsible company, TrueMoney Myanmar is always committed to providing the most secure and convenient services to fulfill the needs of Myanmar people especially during this fight against COVID-19 and beyond. The safety of our agents, territory distributors, and customers will always be our first priority and we believe that we will be able to keep providing the most reliable and secured services to our millions of users across the country with these recent initiatives,” said Kyithar Romanet, Managing Director of TrueMoney Myanmar.
Both initiatives implemented under TrueMoney Care initiative have reflected the company’s commitment to supporting its agents, territory distributors, and customers, as well as to the society, especially during the pandemic.
TrueMoney currently operates in six countries: Myanmar, Thailand, Indonesia, Philippines, Vietnam, and Cambodia; enabling its agents to penetrate far-flung communities and to provide rural communities with easier access to payments and financial services.
TrueMoney Myanmar သည် စုစုပေါင်း အကျိုးခံစားခွင့် ပမာဏ ငွေကျပ် ၃.၂ ဘီလီယံရှိ ကျန်းမာရေးအာမခံ အကာအကွယ်များအား လုပ်သက်ကြာ အေးဂျင့်များနှင့် ၎င်းတို့၏ ဒေသအတွင်းဖြန့်ဖြူးသူများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ကြေညာခဲ့သည်။
အဆိုပါ အစီအစဉ်အရ TrueMoney Myanmar သည် ၎င်း၏ လုပ်သက်ကြာ အေးဂျင့်များနှင့် ဒေသအတွင်းဖြန့်ဖြူးသူများအား မြန်မာ့အာမခံလုပ်ငန်းမှ တစ်နှစ်သက်တမ်းရှိ အသက်အာမခံ အကာအကွယ်များ ထောက်ပံ့ပေးအပ်သွားမည် ဖြစ်ပြီး အဆိုပါ အာမခံသည် နာမကျန်းဖြစ်ခြင်း၊ မတော်မဆထိခိုက်မှု ဖြစ်ပွားခြင်း နှင့် COVID-19 ရောဂါဖြစ်ပွားခြင်းများကြောင့် ဆေးရုံတက်ရောက်ရပါက ကုန်ကျစရိတ်များအတွက် ရက် ၆၀ အထိ ငွေသားအကျိုးခံစားခွင့် ရရှိမည်ဖြစ်ကာ အထက်ပါ ဖြစ်စဉ်များကြောင့် သေဆုံးခြင်းများအတွက်လည်း အာမခံလျော်ကြေးငွေ ရရှိမည် ဖြစ်သည်။
ထို့အပြင် ပိုမိုအဆင်ပြေလွယ်ကူမှု ရှိစေရန် ရည်ရွယ်ချက်ဖြင့် ထပ်ဆောင်း အခကြေးငွေ ပေးစရာမလိုသော အိမ်တိုင်ရာရောက် ငွေလွှဲငွေထုတ် ဝန်ဆောင်မှုကိုလဲ မကြာသေးမီက မိတ်ဆက်ခဲ့ပြီး အဆိုပါ ဝန်ဆောင်မှုအရ အသုံးပြုသူများ အနေနှင့် ယခုကဲ့သို့ Covid 19 ကာလတွင် အိမ်ပြင်ထွက်စရာမလိုပဲ အဆင်ပြေလွယ်ကူစွာဖြင့် ငွေလွှဲငွေထုတ် လုပ်ဆောင်ချက်များအား ဆောင်ရွက်သွားနိုင်မည် ဖြစ်သည်။
ငွေလွှဲငွေထုတ်ပမာဏ ငွေကျပ် ၁ သိန်းနှင့်အထက် လုပ်ဆောင်လိုသည့် အသုံးပြုသူ မည်သူမဆို ရယူအသုံးပြုသွားနိုင်မည့် အဆိုပါ ဝန်ဆောင်မှုအား ယခုလက်ရှိတွင် နိုင်ငံတစ်ဝန်းရှိ မြို့နယ်ပေါင်း ၁၀၀ ကျော်တွင် ပေးအပ်ထားလျက် ရှိပြီး ကျန်ရှိနေသည့် မြို့နယ်များတွင်လည်း တိုးချဲ့ပေးအပ်သွားရန် လုပ်ဆောင်လျက် ရှိသည်။
“တာဝန်သိကုမ္ပဏီတစ်ခုဖြစ်တာနဲ့အညီ TrueMoney Myanmar ဟာ ပုံမှန်အခြေအနေမှာရော၊ အခုလို COVID-19 ရောဂါဖြစ်ပွားနေတဲ့ အချိန်မှာပါ မြန်မာပြည်သူလူထုရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ အတွက် ယုံကြည် စိတ်ချရမှု အရှိဆုံးနဲ့ အဆင်ပြေလွယ်ကူမှု အရှိဆုံး ဝန်ဆောင်မှုတွေကို ပေးအပ်သွားနိုင်ဖို့ စဉ်ဆက်မပြတ် ဆောင်ရွက်နေပါတယ်။ ကျွန်မတို့ရဲ့ အေးဂျင့်တွေ၊ ဒေသအတွင်းဖြန့်ဖြူးသူတွေနဲ့ အသုံးပြုသူတွေရဲ့ လုံခြုံမှုဟာ TrueMoney Myanmar အတွက် အမြဲတမ်းပထမဦးစားပေးအချက်ဖြစ်ပြီး အခု လတ်တလောထောက်ပံ့ပေးအပ်ခဲ့တဲ့ အစီအစဉ်တွေနဲ့အတူ နိုင်ငံတစ်ဝန်းမှာရှိတဲ့ သန်းပေါင်းများစွာသော ကျွန်မတို့ရဲ့ အသုံးပြုသူတွေအတွက် ယုံကြည်စိတ်ချရမှုအရှိဆုံး ဝန်ဆောင်မှုတွေကို ဆက်လက် ပေးအပ်သွားနိုင်မယ်လို့ ကျွန်မ ယုံကြည်ပါတယ်” ဟု TrueMoney Myanmar ၏ မန်နေဂျင်း ဒါရိုက်တာဖြစ်သူ ဒေါ် ကြည်သာက ပြောကြားခဲ့သည်။
အထက်ပါ ကျန်းမာရေးအာမခံအကာအကွယ် ကူညီထောက်ပံ့မှုနှင့် အိမ်တိုင်ရာရောက် ငွေလွှဲငွေထုတ် ဝန်ဆောင်မှု ၂ ခုလုံးအား TrueMoney Care အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး TrueMoney Myanmar အနေနှင့် ၎င်း၏ အေးဂျင့်များ၊ ဒေသအတွင်းဖြန့်ဖြူးသူများနှင့် အသုံးပြုသူများအပြင် နိုင်ငံတစ်ဝန်းရှိ လူမှုအဖွဲ့အစည်းများအတွက် အထူးသဖြင့် ယခုကဲ့သို့ COVID-19 ရောဂါ ဖြစ်ပွားနေချိန်တွင် တစ်ဖက်တစ်လမ်းမှ ကူညီထောက်ပံ့လိုသည့် ရည်ရွယ်ချက် နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
TrueMoney သည် လက်ရှိတွင် မြန်မာ၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား စသည့် နိုင်ငံ ၆ နိုင်ငံတွင် လုပ်ဆောင်နေပြီး ယင်းတို့၏ အေးဂျင့်များမှ တဆင့် ဝေးလံခေါင်ပါးသော ကျေးလက်ဒေသနေ လူ့အဖွဲ့အစည်းများ အတွက် ငွေပေးချေမှုနှင့် ငွေကြေးဝန်ဆောင်မှုများကို လွယ်ကူစွာရရှိစေနိုင်ရန် ဝန်ဆောင်မှု ပေးနေသည်။