American sportswear maker Under Armour recently opened its first brand-house store in Myanmar as part of a move to expand its brand presence in Southeast Asia.
Located at Myanmar Plaza, the 1,884 sq.ft. store is open from 10 a.m. to 10 p.m.
“Although the sports category is still at an early stage here, we see long-term potential in the sporting goods business in Myanmar,” said Paradorn Kunkongkaphan, Group CEO of Under Armour distributor MK Group of Companies.
“We are confident that Under Armour will become one of the leading sporting brands in Myanmar due to its innovative performance products and existing brand awareness,” he added.
Michael Binger, chief executive of Triple Pte. Ltd., the authorized dealer of Under Armour in South East Asia, said: “We have witnessed the growing fitness trend in Myanmar over the years, and we see more and more fitness enthusiasts pick up running or even starting to hit the gym more. This is also a testament to the ever-growing fitness centers opening in Myanmar.”
A multibillion-dollar company headquartered in Baltimore, Under Armour produces state-of-the-art athletic products as well as digital health and fitness apps. Its stores offer a wide range of sporting apparel with innovative proprietary technology for both men and women.
Triple Pte. Ltd. was appointed sole authorized dealer of Under Armour brand in 2014 and has opened 51 brand-house stores.
အမေရိကန်အားကစားဝတ်စုံဆိုင် Under Armour မြန်မာပြည်ဆိုင်ခွဲ ဖွင့်
အရှေ့တောင်အာရှတွင် ဈေးကွက်အခိုင်အမာရရှိထားသည့် အားကစား အဝတ်အစား၊ ဖိနပ်နှင့် အသုံးအဆောင်ပစ္စည်းထုတ်လုပ်ရောင်းချသော အမေရိကန်အမှတ်တံဆိပ် တစ်ခုဖြစ်သည့် Under Armour သည် မြန်မာနိုင်ငံတွင် ပထမဆုံးဆိုင်ခွဲကို ဇန်နဝါရီလ ၁၈ရက်က ဖွင့်လှစ်ခဲ့သည်။
ရန်ကုန်မြို့ မြန်မာပလာဇာ ဈေးဝယ်စင်တာ မြေညီထပ် ဧရိယာ စတုရန်းပေ ၁,၈၈၄ တွင်ဖွင့်သွားမည့် ဆိုင်ခွဲကို နေ့စဉ်နံနက် ၁၀ နာရီမှ ည ၁၀ နာရီအထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
“ အားကစားပစ္စည်း ထုတ်ကုန်ကဏ္ဍက မြန်မာနိုင်ငံမှာ အခုထိ အစောပိုင်းအဆင့်မှာပဲ ရှိနေသေးပေမယ့် မြန်မာနိုင်ငံဈေးကွက်က အတော်လေး အလားအလာရှိတာကို ကျွန်တော်တို့ တွေ့ရပါတယ်။ Under Armour အမှတ်တံဆိပ်ဟာ နိုင်ငံတကာဈေးကွက်မှာလည်း နာမည်ရပြီးသားဖြစ်တဲ့အပြင် ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်မြင့် ထုတ်ကုန်တွေကြောင့် အချိန်ခဏအတွင်းမှာ မြန်မာ့ဈေးကွက်ကို ဦးဆောင်နိုင်တဲ့ အားကစားထုတ်ကုန် အမှတ်တံဆိပ်တစ်ခု ဖြစ်လာနိုင်တယ်လို့ ကျွန်တော်တို့ အပြည့်အဝ ယုံကြည်ပါတယ်” ဟု မြန်မာပြည်ဈေးကွက်တွင် တရားဝင်ဖြန့်ဖြူးသွားမည့် MK Co. Ltd ၏ Group CEO ဖြစ်သူ Paradorn Kunkongkaphan က ပြောသည်။
Under Armour သည် အားကစားသမားများ၏ စွမ်းဆောင်ရည် ပိုမိုတိုးတက်ကောင်းမွန်လာစေရန် အဆင့်မြင့်ထုတ်ကုန်ပစ္စည်းများကို ဖန်တီးပေးလျက်ရှိသည့်အပြင် ကျန်းမာရေးနှင့် လေ့ကျင့်ခန်းဆိုင်ရာ ဒစ်ဂျစ်တယ် အပလီကေးရှင်းများကိုလည်း လုပ်ဆောင်ကာ Customer များ စွမ်းဆောင်ရည် တိုးတက်စေဖို့လည်း ပံ့ပိုးပေးလျက်ရှိကြောင်း သိရသည်။
ယင်းအမှတ်တံဆိပ်အနေဖြင့် အဝတ်အထည်များကို ထုတ်လုပ်ရာတွင် သဘာဝအတိုင်း ရှာဖွေ တွေ့ရှိသော သတ္တုဓာတ်များကို မြေကြီးထဲမှ ထုတ်ယူကာ အမှုန်အမွှားများအဖြစ်သို့ ဖြိုခွဲပြီး ၎င်းတို့ကို ဒြပ်ပေါင်းအဖြစ် ပုံသွင်းကာ ဖိုင်ဘာများအဖြစ်သို့ ပေါင်းစပ်ထုတ်လုပ်ကာ ပြန်လည်အသုံးချထားခြင်းဖြစ်သည်ဟု ညွှန်းထားသည်။
“ ပြီးခဲ့တဲ့နှစ်တလျောက် မြန်မာနိုင်ငံမှာ အားကစားနဲ့ လေ့ကျင့်ခန်းအပိုင်းက အတော်လေး တိုးတက်လာနေပြီး အားကစားလုပ်တဲ့သူ၊ လေ့ကျင့်ခန်းလုပ်ကြတဲ့သူ၊ ဂျင်ဆော့ကြတဲ့သူ အရေအတွက်က တဖြည်းဖြည်း များလာတာကို ကျွန်တော်တို့ တွေ့မြင်ခဲ့ရတယ်။ Under Armour အမှတ်တံဆိပ်ကို အခုလို မြန်မာနိုင်ငံဈေးကွက်ထဲကို သယ်ဆောင်လာနိုင်ပြီး မြန်မာနိုင်ငံက အားကစားသမားတွေနဲ့ ကျန်းမာရေးလိုက်စားတဲ့သူတွေအတွက် ထူးခြားမှုတွေ၊ ပံ့ပိုးမှုတွေ ပေးနိုင်တယ် ဆိုတာကို ပြသနိုင်ဖို့ မျှော်လင့်နေပါတယ်” ဟု အရှေ့တောင်အာရှဒေသအတွင်း Under Armour အမှတ်တံဆိပ် တရားဝင်ဖြန့်ဖြူးရောင်းခွင့်ရရှိထားသည့် Triple Pte Ltd ၏ Chief Executive Officer ဖြစ်သူ Michael Binger က ထပ်မံဖြည့်စွက် ပြောသည်။
Under Armour, Inc. သည် အမေရိကန်နိုင်ငံ Maryland ပြည်နယ်ရှိ Baltimore မြို့တော်တွင် ရုံးချုပ်တည်ရှိပြီး စွမ်းဆောင်ရည်မြင့် အားကစား အဝတ် အထည်များ၊ ဖိနပ်နှင့် အသုံးအဆောင်ပစ္စည်းများကို ထုတ်လုပ်ရောင်းချသည့် ကုမ္ပဏီဖြစ်သည်။
အရှေ့တောင်အာရှဒေသအတွင်း Under Armour အမှတ်တံဆိပ်ကို တရားဝင် ဖြန့်ဖြူးရောင်းချခွင့် အနေဖြင့် Triple Pte Ltd သည် ၂၀၁၄ခုနှစ်တွင်ရရှိခဲ့ပြီး လက်ရှိတွင် ဈေးကွက်အတွင်း၌ ဆိုင်ခွဲပေါင်း ၅၁ ဆိုင်ကို ဖွင့်လှစ်ထားသည်။ လက်လီလက်ကားဖြန့်ဖြူး ရောင်းချမှုများကို တွင်တွင်ကျယ်ကျယ် ဆောင်ရွက်လျက်ရှိသည့်အပြင် ဈေးကွက်ထပ်မံချဲ့ထွင်ရန်လည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။