HomeAutomobileUnderpass on Pyay Road to complete by January next year

Underpass on Pyay Road to complete by January next year

The first underpass in Myanmar, being built on Pyay Road in Kamayut Township, will be completed by the end of January 2021 as the construction process of the underpass is 85 percent complete with one entrance elevator on the side of Junction Square is under construction while others are almost complete.

The K2.15 billion underpass is located near the Seik Pyo Yay bus stop on Pyay Road, connecting the Teacher Training Center and Myanmar Radio compound. When completed, it will be 77 feet long and 10 feet high, have earthquake-resistant features, and be able to accommodate people with disabilities.

A total of 46 plants growing on the site of the underpass will be relocated to Hlawgar garden.

YCDC in 2017 called for tender applications to build a pedestrian underpass on Pyay Road, at 8-Mile Junction near Shwedagon Pagoda. However, it canceled the tender process in 2018 and decided to carry out the project itself.

Written by Ko Myo


ကမာရွတ်မြို့နယ် ပြည်လမ်း မြေအောက်လမ်းကူး လူသွားဥမင်တည်ဆောက်ရေး လုပ်ငန်းကို ၂၀၂၁ခုနှစ် ဇန်နဝါရီ်လကုန်တွင် အပြီးတည် ဆောက် မည်ဟု သိရသည်။

ယခုအခါ မြေအောက်လမ်းကူး လူသွားဥမင် တည်ဆောက်ရေးလုပ်ငန်းမှ မြေအောက်လုပ်ငန်း များမှာ ၈၅ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီး Junction Square ဘက်ရှိ အတက် စက်လှေကား မုခ်ဦး တစ်ပေါက်မှာ ဆောက်လုပ်ဆဲဖြစ်ကာ ကျန် အပိုင်းများကို အချောသပ် စတင်ဆောင်ရွက် လျက် ရှိကြောင်း သိရသည်။

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်ရှိ ရန်ကုန်ပညာရေး တက္ကသိုလ်အနီး ပြည်လမ်းအောက်တွင် တည် ဆောက်လျက်ရှိသော မြေအောက်လမ်းကူး လူသွားဥမင် တည်ဆောက်ရေး လုပ်ငန်းကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင် စတင်ခဲ့ပြီး နိုင်ငံတကာအဆင့်မီဈေးဆိုင်ခန်းများ၊ ဥမင် အတွင်း အတက်အဆင်းပြုလုပ်ရန် ရွေ့လျား စက်လှေကား သုံးစင်းနှင့် မသန်စွမ်း သူများ အသုံးပြုရန် လူရှစ်ယောက်စီး ဓာတ်လှေကား နှစ်စင်းတို့ဖြင့် တည်ဆောက်ထားကြောင်း သိရသည်။

အဆိုပါ မြေအောက်လမ်းကူးလူသွား ဥမင်ကို သံကူကွန်ကရစ်အမျိုးအစားဖြင့်တည်ဆောက် ထားပြီး ပင်မ ဥမင်အလျား ၄၂၇ ပေ ၂ လက်မ ရှိကာ ဥမင်အမြင့်မှာ ၁၁ ပေရှိပြီး ဥမင်ခန်း ဖွင့်အကျယ်မှာ ပေ ၄၀ ရှိကြောင်း ဥမင်အတွင်း လူသွားလမ်း အကျယ်ကို ၁၉ ပေ ၈ လက်မအထိ ထားရှိပေးမည်ဖြစ်ပြီး တစ်နာရီလျှင် လူဦးရေ ၆၀၀၀ ခန့် ဖြတ်သန်းသွားလာ နိုင်မည်ဖြစ် ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းစီမံကိန်းကို ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီမှတာဝန်ယူ တည်ဆောက်နေခြင်းဖြစ်ပြီးလုပ်ငန်းခွင်ကိုနေ့စဉ်အဆိုင်း သုံးဆိုင်းခွဲကာ ဆောင်ရွက်နေကြောင်း အစိုးရက သတင်းထုတ်ပြန်ထားသည်။

- Advertisment -spot_img

Must Read

Ooredoo adopts new brand positioning

Recently, Ooredoo Myanmar changed their brand logo on Facebook baffling the users amid rumours that Ooredoo Group was planning to sell its Myanmar branch. But...
spot_img