Ei Thandar Tun
Telecom operator Ooredoo and the United Nations Development Programme (UNDP) jointly launched an innovation hub on February 6 as part of their partnership program in support of UN sustainable development goals (SDGs).
The Innovation Hub provides aspiring young entrepreneurs with a dedicated facility, technical support and networks to help them develop and market products and services that can accelerate SDG implementation through digital innovation.
“We have seen a lot of progress and promising results throughout our partnership with the UNDP,” said Ooredoo Myanmar CEO Rajeev Sethi.
The Hub offers free and regular access to startups and startups-to-be selected through the Ooredoo-UNDP Hackathon series. Its package of mentorship and incubation support based on global good practices enables budding entrepreneurs to innovate, collaborate, upscale and grow into successful social enterprises.
Learning advanced ICT skills and business models through specialized training programs and networking opportunities, the Hub members explore their own ways to contribute to the SDGs and respond to development challenges in areas including climate change, education, rural development and women’s empowerment.
Ooredoo Myanmar and UNDP Myanmar have jointly undertaken a number of initiatives with a focus on aspiring youth and women, including two editions of the hackathon.
အူရီဒူးမြန်မာနှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှှုအစီအစဉ်(မြန်မာ)တို့သည် ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များကို ပံ့ပိုးရန် ဆန်းသစ်တီထွင်မှုဌာန Innovation Hub ကို ဖေဖော်ဝါရီလ ၆ရက်က ဖွင့်လှစ်ခဲ့သည်။
စွန့်ဦးတီထွင်သူလူငယ်များအတွက် လိုအပ်သည့်အထောက်အပံ့များ၊ နည်းပညာဆိုင်ရာ အထောက် အပံ့နှင့် အချင်းချင်းပေါင်းစည်းချိတ်ဆက်ပေးခြင်းကို ကူညီဆောင်ရွက်ပေးမည့်အပြင် ၎င်းတို့တီထွင် ထားသော ထုတ်ကုန်များ နှင့် ဝန်ဆောင်မှုများကိုလည်း ဈေးကွက်အတွင်းတွင် ထိုးဖောက်နိုင်ရန် ပံ့ပိုးကူညီ ပေးမည်ဖြစ်ကြောင်း သိရသည်။
“ ကျွန်တော်တို့အနေနဲ့ တိုးတက်မှုအမြောက်အများနဲ့ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် နဲ့ ပူးပေါင်းဆောင်ရွက်မှုကနေ ရရှိလာမယ့် ရလဒ်ကောင်းတွေကို တွေ့မြင်နေရပါပြီ ” ဟု အူရီဒူးမြန်မာ၏ CEO ဖြစ်သူ Mr. Rajeev Sethi က ပြောသည်။
Innovation Hub ကို အူရီဒူး- ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်တို့ ပူးပေါင်းကျင်းပခဲ့သည့် Hackathon ပြိုင်ပွဲကြီးတွင် ပါဝင်ခဲ့ကြသော လုပ်ငန်းစတင်လုပ်ကိုင်နေသော လူငယ်များ နှင့် လုပ်ငန်းစတင်လိုသေ ာလူငယ်များကို အခမဲ့ နှင့် အစဉ်အမြဲအသုံးပြုခွင့်ရအောင် ခွင့်ပြုပေးမည်ဖြစ်ကြောင်း သိရသည်။
Innovation Hub ၏ အစီအစဉ်များထဲတွင် လမ်းညွှန်ပြသပေးမှုများ၊ နိုင်ငံတကာမှ အလေ့အကျင့်ကောင်းများကို အခြေခံထားသော စခန်းသွင်းလေ့ကျင့်မှုများပါဝင်မည် ဖြစ်ကြောင်း သိရသည်။ ဖွံ့ဖြိုးစနှင့်လုပ်ငန်း စတင်ခါစဖြစ်သည့် စွန့်ဦးတီထွင်သူများအတွက် ဆန်းသစ်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ အရည်အသွေးမြှင့်တင်ပေးမှု နှင့် ဖွံ့ဖြိုးတိုးတက်မှုများ ပတ်ဝန်းကျင်တွင် အောင်မြင်သောလုပ်ငန်း လုပ်ကိုင်သူများ ဖြစ်လာစေရန် ကူညီလေ့ကျင့်ပျိုးထောင်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် ရာသီဥတုပြောင်းလဲခြင်း၊ ပညာရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် အမျိုးသမီးများအား လုပ်ပိုင်ခွင့်အခန်း ကဏ္ဍမြှင့်တင်ပေးရေး အခန်းကဏ္ဍများတွင် ကြုံတွေ့နေရသည့် စိန်ခေါ်မှုများအတွက် ကူညီပံ့ပိုးပေး မည်ဖြစ်ကြောင်း သိရသည်။
အူရီဒူးမြန်မာနှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(မြန်မာ)တို့သည် အိုင်စီတီနည်းပညာကို အရှိန်အဟုန် မြှင့်တင် အကောင်အထည်ဖော်ရန် နားလည်မှု စာချွန်လွှာကို ၂၀၁၈ ခုနှစ်က လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၈ ခုနှစ်မှ စတင်ပြီး Hackathon ပြိုင်ပွဲကို ၂ ကြိမ် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။