UnionPay Launches Go-for-Gold Campaign

0
270

Ei Thandar Tun/Myanmar Business Today

UnionPay Myanmar recently launched the Go-for-Gold campaign offering rewards to those who spend a minimum of K30,000 in a single receipt through locally-issued UnionPay cards. The campaign runs for 13 weeks from December 2 to March 1.

Each week, the campaign gives out a gold coin worth about 10 lakhs to one lucky participant. All participants will automatically enter the grand lucky draw for a chance to win a gold coin worth 50 lakhs.

“UnionPay cardholders can look forward to the excitement and anticipation of winning gold coins in addition to the list of benefits which UnionPay’s products offer, including convenience, payment security and a myriad of privileges in travel, attractions, dining, shopping and entertainment, both locally and around the world,” said Mr. Vincent Ling, deputy general manager of UnionPay International Southeast Asia.

All through the campaign’s duration, every 30,000 kyats spent in a single receipt online or in Myanmar through a UnionPay card issued by AGD Bank, AYA Bank, CB, GTB, KBZ Bank, MAB, MOB or UAB entitles cardholders to one chance in the weekly lucky draw.

If the spend is outside Myanmar, every 30,000 kyats equivalent in foreign currency spent in a single receipt earns ten chances of winning.

UnionPay cardholders can participate in the campaign by submitting their entries at www.unionpaygoforgold.com. The weekly winners will be chosen at random and will be announced on UnionPay Myanmar’s Facebook page.


Myanmar Summary

ကျပ် သိန်း ၁၈၀ တန်ဖိုးရှိ ရွှေဒင်္ဂါးများကံစမ်းနိုင်မည့်  “Go for Gold” ကမ်ပိန်းကို UnionPay မှ စတင်ကျင်းပ

UnionPay ကတ်ကို အသုံးပြု၍ ငွေကျပ် ၃၀၀၀၀ သုံးစွဲသူတိုင်း ရွှေဒင်္ဂါးပြားများ ကံစမ်းနိုင်မည့် ၁၃ပတ်ကြာ ကျင်းပသွားမည့် Go-for-Gold ကမ်ပိန်းကို စတင်လိုက်သည်။

အဆိုပါကမ်ပိန်းကို ဒီဇင်ဘာလ ၂ရက်နေ့မှ ၂၀၂၀ခုနှစ်မတ်လ ၁ရက်နေ့အထိ ၁၃ပတ်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

ယင်းကမ်ပိန်းတွင် တန်ဖိုးကျပ် သိန်း ၁၈၀ ရှိသည့် ရွှေဒင်္ဂါးများ ပါဝင်မည်ဖြစ်ပြီး ကမ်ပိန်းတွင် အပတ်စဉ် ကံထူးရှင် တစ်ဦးစီ ရွေးချယ်သွားမည်ဖြစ်ပြီး ကံထူးရှင်အနေဖြင့် ကျပ်၁၀သိန်း တန်ဖိုးရှိ ၁၂ဂရမ် အလေးချိန်ရှိသည့် ရွှေဒင်္ဂါးပြားများကို ရရှိမည်ဖြစ်သည်။

“ UnionPay ကတ်သုံးစွဲသူတွေကလည်း ရွှေဒင်္ဂါးပြားတွေကို ကံစမ်းနိုင်ခွင့်အပြင် UnionPay က ပေးစွမ်းနိုင်တဲ့ သက်တောင့်သက်သာဖြစ်စေပြီး ဘေးကင်းတဲ့ ငွေပေးချေမှု စနစ်တွေ၊ နိုင်ငံတစ်ဝှမ်း၊ ကမ္ဘာတစ်ဝှမ်း ခရီးသွားလာတဲ့အခါ စားသောက်ဆိုင်တွေ ထိုင်တဲ့အခါ ရှော့ပင်ထွက်တဲ့အခါ နဲ့ ဖျော်ဖြေရေးအတွက် သွားတဲ့အခါမှာ အထူးအခွင့်အရေးတွေ စတာတွေလည်း ရရှိဦးမှာပါ” ဟု UnionPay International Southeast Asia ၏ Deputy General Manager Mr. Vincent Ling က ပြောသည်။

အသုံးပြုသူများအနေဖြင့် အွန်လိုင်းပေါ်မှ ဖြစ်စေ၊ နိုင်ငံတွင်း ဖြစ်စေ၊ AGDဘဏ်၊ AYAဘဏ်၊ CBဘဏ်၊ GTBဘဏ်၊ KBZဘဏ်၊ MABဘဏ်၊ MOBဘဏ် နှင့် UAB ဘဏ် တို့၏ UnionPay ကတ်များကို သုံး၍ Receipt တစ်ခုတည်းအတွက် ငွေကျပ် ၃၀,၀၀၀ အသုံးပြုတိုင်း အပတ်စဉ် ကံထူးနိုင်မည့် အခွင့်အရေး တစ်ခု ရရှိမည်ဖြစ်သည်။

ထို့ပြင် သုံးစွဲသူအနေဖြင့် နိုင်ငံရပ်ခြားတွင် ငွေကျပ် ၃၀၀၀၀ နှင့် ညီမျှသည့် ပမာဏကို အသုံးပြုပါက ကံထူးနိုင်မည့် အခွင့်အရေး ၁၀ခုရရှိမည်ဖြစ်သည်။

ကမ်ပိန်းတွင် ပါဝင်ရန် UnionPay ကတ်ကိုင်ဆောင်သူများသည် www.unionpaygoforgold.com သို့ ၎င်းတို့၏ Receipt များကို ပေးပို့ ကံစမ်းနိုင်ပြီး အပတ်စဉ် ကံထူးရှင်များကို ကျပန်းရွေးချယ်ကာ UnionPay Myanmar Facebook Page တွင် ကြေညာပေးသွားမည်ဖြစ်သည်။

 

SOURCEEi Thandar Tun/Myanmar Business Today
Previous articleYangon to Expand Power Supply to 86 Percent of Households
Next articleCBM Buys U.S. Dollars to Prop Up Value