HomeBusinessUnregistered SIM Cards to be Terminated after June 30

Unregistered SIM Cards to be Terminated after June 30

အောက်တွင် မြန်မာလို ဖတ်ရှုနိုင်ပါသည်
Post and Telecommunications Department announced that all unregistered SIM card will be terminated after June 30 and prepaid balance in them will go to the state revenue urging users to register their SIM cards.

After the SIM card is terminated, users will not get reimbursement or be able to re-register the card. Users can register their SIM cards via the online platform with their ID card or passport, which can be used for two SIM cards per operator.

Authorities and operators have blocked the SIM cards, registered under an ID card used to register more than two SIM cards, from making outgoing calls expect to call centers since April 30 this year.

Thus, the department urged users not to buy already registered SIM cards and to register their SIM Cards timely; otherwise, theirs will be no longer active.

Written by Tayzar Bhone Myint/ Translated by Min Thu Aung


စနစ်တကျမှတ်ပုံတင်ထားခြင်းမရှိသော ဖုန်းဆင်းကတ်များကို ဇွန် ၃၀ ရက်နောက်ပိုင်းတွင် ပိတ်သိမ်းဖျက်ဆီးသွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ဖျက်ဆီးခံရသော ဆင်းကတ်များမှ ကျန်ရှိသောလက်ကျန်ငွေများကိုအစိုးရသို့ လွှဲပြောင်းသွားမည်ဖြစ်ရာလက်ကျန်ငွေများ မဆုံးရှုံးစေရန် ဇွန်လ ၃၀ ရက်မတိုင်မီ ဆင်းကတ်များ မှတ်ပုံတင်ရန်လိုအပ်သည်။

ဆင်းကတ် ဖျက်သိမ်းခြင်းခံရသော သုံးစွဲသူတို့သည် မည်သည့်လျော်ကြေးမျှရမည်မဟုတ်သည့်အပြင် နောက်ပိုင်းတွင်လည်း ယင်းဆင်းကတ်ကို မှတ်ပုံတင်နိုင်မည်မဟုတ်ကြောင်းသိရသည်။

ဆင်းကတ်မှတ်ပုံတင်ခြင်းကို အွန်လိုင်းချန်နယ်များမှ တဆင့်အခမဲ့ လျင်မြန်စွာဆောင်ရွက်နိုင်ကြောင်းသိရသည်။

ဆင်းကတ်မှတ်ပုံတင်ရတွင် ကတ်အားလုံးသည် စီစစ်အတည်ပြုနိုင်သောမှတ်ပုံတင်ကတ်များဖြစ်သော နိုင်ငံသားစီစစ်ရေးကတ်ဖြင့် မှတ်ပုံတင်ရမည်ဖြစ်ကာ သုံစွဲသူတစ်ဦးချင်းသည် အော်ပရေတာတစ်ခု၌ ဆင်းကတ် နှစ်ခုသာ ကိုင်ဆောင်ခွင့်ရမည်ဖြစ်သည်။ နိုင်ငံခြားသားများသည် နိုင်ငံကူးလက်မှတ်ဖြင့်မှတ်ပုံတင်ရမည်ဖြစ်သည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် SIM Card စနစ်တကျ ပြန်လည်မှတ်ပုံတင်နိုင်ရေး ကိစ္စနှင့်စပ်လျဉ်း၍ သုံးစွဲသူများအနေဖြင့် သက်ဆိုင်ရာ အော်ပရေတာများက ဆောင်ရွက်ပေးလျက်ရှိသော စစ်ဆေးနိုင်မည့် နည်းလမ်းများဖြင့် မိမိသုံးစွဲနေသော SIM Card သည် မိမိ၏ကိုယ်ရေးအချက်အလက်များဖြင့် မှတ်ပုံတင်ထားသော SIM Card မှန်/ မမှန် စစ်ဆေး၍ မမှန်ပါက သက်ဆိုင်ရာ မိုဘိုင်းအော်ပရေတာများ၏ Online ဝန်ဆောင်မှုဖြင့် လည်းကောင်း၊ အရောင်းဆိုင်များတွင် လည်းကောင်း၊ သတ်မှတ်ရက်အတွင်း ပြန်လည်မှတ်ပုံတင် ကြပါရန် နိုင်ငံပိုင်သတင်းစာများတွင် လည်းကောင်း၊ Website များနှင့် လူမှုကွန်ရက် မီဒီယာများတွင်လည်းကောင်း အသိပေးကြေညာခဲ့သည်။

တည်ဆဲဥပဒေအရထုတ်ပေးထားသည့်  သက်သေခံလက်မှတ် (နိုင်ငံသား/ဧည့်နိုင်ငံသား/ နိုင်ငံသားပြု/ နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား)၊ Passport (နိုင်ငံခြားသားများ အတွက်) တစ်ခုခုဖြင့် (၂) ကတ်ထက်ပို၍ မှတ်ပုံတင်ထားသော SIM Card များနှင့် အချက်အလက် မှန်ကန်စွာဖြင့် မှတ်ပုံတင်ထားခြင်းမရှိသည့် SIM Card များကို (၃၀-၄-၂၀၂၀) နောက်ပိုင်း မှတ်ပုံတင်ရေး ကိစ္စများကို စုံစမ်းနိုင်ရန် Call Center သို့ခေါ်ဆိုနိုင်ခြင်းမှလွဲ၍ အထွက်ခေါ်ဆိုမှု ပိတ်ထားခြင်းကို ပြုလုပ်ခဲ့ပြီးဖြစ်သည်။

အမှန်တကယ်သုံးစွဲနေသော SIM Card များကို ပိတ်သိမ်းခံရမှု မရှိစေရေးအတွက် မိမိတို့၏ SIM Card များကို သတ်မှတ်ရက်အတွင်း မှန်ကန်စွာ မှတ်ပုံတင်နိုင်ရေးဆောင်ရွက်ကြပါရန်နှင့် ဈေးကွက်အတွင်း ရောင်းချနေသော အချက်အလက် မှန်ကန်စွာဖြင့် မှတ်ပုံတင်ထားခြင်းမရှိသည့် ကြိုတင်မှတ်ပုံတင်ထားသော SIM Card များကို ဝယ်ယူသုံးစွဲခြင်း မပြုကြပါရန် အသိပေးနှိုးဆော်ထားသည်။

- Advertisment -spot_img

Must Read

Ooredoo adopts new brand positioning

Recently, Ooredoo Myanmar changed their brand logo on Facebook baffling the users amid rumours that Ooredoo Group was planning to sell its Myanmar branch. But...
spot_img