Zin Thu Tun
The Upper House of Parliament on December 16 approved a proposal to regulate tissue-culture banana plantations.
Dr. Khun Win Thaung, a Member from Kachin State’s Constituency 11, had submitted a proposal urging that the Upper House regulate and tax the tissue-culture banana industry to rein in its impact on local communities and earn revenue for the country.
U Sa Khin Zaw Lin, a Member from Ayeyarwady Region’s Constituency 2, pointed out that tissue-culture banana plantations can cause soil degradation and damage ecosystems, farmland, forests and forest land.
The proposal was approved with 168 votes in favor and 4 votes against it.
U Kyaw Hla, Deputy Minister of Agriculture, Livestock Breeding and Irrigation, said his ministry had worked with the Kachin State Government to draft, review and revise regulations on investments in the tissue-culture banana industry. These regulations are now ready to be promulgated.
Currently, the government is allowing trucks carrying bananas through Kan Pait Tee and Lewl Jel border gates in accordance with regulations levying a 2 percent tax, according to the minister.
The banana trade is exempt from commercial tax. Corporate income tax is imposed on banana profits and during the 2018 transitional fiscal year and 2018-2019 fiscal year, the country earned K10.562 million in income tax from 36 companies.
Myanmar exported over 286,000 tons of tissue-culture bananas to China during the 2018 fiscal year and over 737,000 tons during fiscal year 2019.
According to the latest official data, tissue-culture banana plantations across the country cover some 260,000 acres, 29 percent of which are in Kachin State and another 23 percent in Ayeyarwady Region. However, observers speculate that actual numbers are higher than official statistics show.
Myanmar Summary
တစ်သျှူးငှက်ပျောစိုက်ပျိုးမှု စည်းကမ်းကန့်သတ်ချက်ထားရန်အဆို အမျိုးသားလွှတ်တော်၌ အတည်ပြု
တစ်သျှူး ငှက်ပျောစိုက်ပျိုးခြင်းနှင့်ဆိုင်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ စည်းကမ်းတကျထိန်းသိမ်း ကွပ်ကဲ နိုင်ရန်နှင့် ရေရှည်တွင်ဖြစ်ပေါ်လာမည့် ဘေးထွက်ဆိုးကျိုးများကို ကြိုတင်တားမြစ်နိုင်ရန် မူဝါဒလမ်း ညွှန်ချက်များ ၊ စီမံချက်ချမှတ်၍ စည်းကမ်းသတ်မှတ်ချက်များထားရှိလုပ်ဆောင်ရန်အဆိုကို ဒီဇင်ဘာ(၁၆) ရက်က ပြုလုပ်သော အမျိုးသားလွှတ်တော်အစည်းအဝေး၌ အတည်ပြုလိုက်သည်။
ကချင်ပြည်နယ်တွင် တစ်ရှူးငှက်ပျောစိုက်ပျိုးမှှုအများဆုံးဖြစ်ပြီး ရသင့်သောအခွန်ဘဏ္ဍများရရှိစေရန် သက်ဆိုင်သောဝန်ကြီးဌာနအသီးသီးမှ ထိရောက်သောမူဝါဒလမ်းညွှန်မှုစီမံချက်တစ်ရပ်ရပ်ကို ချမှတ်ပေးရန် တိုက်တွန်းကြောင်းအဆိုကို ကချင်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာခွန်ဝင်းသောင်းက အမျိုးသားလွှတ်တော်သို့ တင်သွင်းခဲ့ခြင်းဖြစ်သည်။
ယင်းအဆိုကို ကိုယ်စားလှယ်(၁၄)ဦးက ထောက်ခံအကြံပြုဆွေးနွေးခဲ့သော်လည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးလှကျော်က အဆိုကို မှတ်တမ်းအဖြစ်သာထားရှိ သင့်ကြောင်း တင်ပြခြင်းကြောင့် မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၁၆၈၊ ကန့်ကွက်မဲ ၄မဲဖြစ်ကာ အထက်ပါအတိုင်း အတည်ပြုခဲ့ခြင်းဖြစ်သည်။
ကချင်ပြည်နယ်အစိုးရအနေဖြင့် ကန်ပိုက်တီးနယ်စပ်ဂိတ်နှင့် လွယ်ဂျယ်နယ်စပ်ဂိတ်စခန်းတို့မှတဆင့် ဌက်ပျောကားများ ဖြတ်သန်းသယ်ယူခွင့်ကို လုပ်ထုံးလုပ်နည်းနှင့်အညီ ခွင့်ပြုပေးလျက်ရှိကြောင်း သိရသည်။ ယင်းကဲ့သို့ တင်ပို့ရာတွင် ကြိုတင်ဝင်ငွေခွန်(၂)ရာခိုင်နှုန်းကောက်ခံလျက်ရှိရာ ၂၀၁၈ကြားကာလဘဏ္ဍာနှစ် နှင့် ၂၀၁၈-၁၉ဘဏ္ဍာနှစ်တွင် ကုမ္ပဏီ(၃၆)ခုမှ ကြိုတင်ဝင်ငွေခွန် ကျပ်သန်း ၁၀ ဒသမ ၅၆၂ သန်း ရရှိခဲ့ကြောင်း စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ပြောသည်။
လက်ရှိ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဦးဆောင်၍ တစ်သျှူးငှက်ပျောစိုက်ပျိုးရေးလုပ်ငန်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာလုပ်ထုံးလုပ်နည်းမူကြမ်းရေးဆွဲထားပြီး နောက်ဆုံးအကြိမ် ပြင်ဆင်၊ ဖြည့်စွက်ပြီး စိစစ်ထုတ်ပြန်ရန် အနေအထားသို့ ရောက်ရှိနေပြီးဖြစ်ကြောင်း ၎င်းကဆိုသည်။
တစ်သျှူးဌက်ပျောစိုက်ပျိုးခြင်းသည် မြေဆီလွှာပျက်စီးခြင်း၊ ဂေဟစနစ်ပျက်စီးခြင်း၊ လယ်ယာမြေများ ပျက်စီးဆုံးရှုံးခြင်း၊ သစ်တောနှင့် သစ်တောမြေများပြုန်းတီးခြင်းများဖြစ်ပေါ်စေသည်ဟု ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးစခင်ဇော်လင်းက ပါဝင်ဆွေးနွေးခဲ့သည်။
တရုတ်နိုင်ငံသို့ တစ်သျှူးငှက်ပျောတင်ပို့မှုတွင် ၂၀၁၅-၁၆ ခုနှစ်တွင် တန်ချိန်၈၈၇၅၆ ၊ ၂၀၁၆-၁၇တွင် တန်ချိန်၁၉၀၁၂၆၊ ၂၀၁၇-၁၈တွင် တန်ချိန်၂၈၆၇၇၇၊ ၂၀၁၈-၁၉တွင် တန်ချိန်၇၃၇၅၀၆ တင်ပို့ခဲ့ကြောင်း ဒုဝန်ကြီးကဆိုသည်။
တစ်နိုင်ငံလုံး ငှက်ပျောစိုက်ပျိုးမှုတွင် ၂၀၁၈ – ၁၉ စာရင်းများအရ ဧကနှစ်သိန်းခြောက်သောင်းကျော်ရှိပြီး ကချင်ပြည်နယ်၌ နယ်မြေတည်ငြိမ်မှုအပေါ်မူတည်၍ ကောက်ယူထားသောစာရင်းအရ ဧက(၇)သောင်းကျော် စိုက်ပျိုးထားသောကြောင့် ရာခိုင်နှုန်းအားဖြင့် ၂၉ ရာခိုင်နှုန်းရှိပြီး အမှန်တကယ်စိုက်ဧကသည် ယခုစာရင်းထက်ပိုများသည့် အနေအထားရှိကြောင်း ဒုဝန်ကြီးက ဆိုသည်။