HomeBusinessUS offers technical assistance to boost investments in Myanmar

US offers technical assistance to boost investments in Myanmar

The United States has offered to provide technical assistance to help boost investments into Myanmar during the meeting between the U.S. International Development Finance Corporation (DFC) and the Ministry of Investments and Foreign Economic Relations.
U Thaung Tun, Union Minister of the Ministry of Investments and Foreign Economic Relations, received Mr. Adam Boehler, Chief Executive Officer of the DFC, on October 27.
The U.S. delegates said that the U.S. acknowledged the efforts of Myanmar approving international investments into the countries in line with international standards and discussed the possible cooperation in the energy sector, telecommunication sector, tourism sector, and natural gas extraction sector.
Moreover, the delegate also expressed the commitments to provide technical assistance to Myanmar to help the country increased investments as well as for the development of human resources and market access for SMEs in Myanmar.
U Thaung Tun explained the improvement in foreign direct investments into the country despite the existing setbacks caused by the COVID-19 pandemic, and how the country is implementing COVID-19 Economic Relief Plan and COVID-19 Economic Recovery and Reform Plan.
Moreover, he said the country will welcome if the U.S. invests in energy, agriculture, and infrastructure development in Myanmar.
DFC is a U.S financial institution formed in 2019 under the Better Utilization of Investments Leading to Development Act (BUILD).
The institution is primarily responsible for providing and facilitating the financing of private development projects in lower- and middle-income countries.
Written by Ko Myo

မြန်မာနိုင်ငံ၏ ရင်းနှီး မြှုပ်နှံမှုကဏ္ဍ တိုးမြှင့်ရေး အတွက် လိုအပ်သော နည်းပညာအကူအညီ များကို ဆက်လက် အထောက်အပံ့ပေးလို ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက် သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးမှု ဘဏ္ဍာရေး ကော်ပိုရေးရှင်း (ဒီအက်ဖ်စီ) ၏ အမှုဆောင် အရာရှိချုပ်တို့ တွေ့ဆုံစဉ် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းသည် အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးမှု ဘဏ္ဍာရေး ကော်ပိုရေးရှင်း (ဒီအက်ဖ်စီ) ၏ အမှုဆောင်အရာ ရှိချုပ် အက်ဒမ်ဘိုးလား ဦးဆောင်သော အမေရိကန်အစိုးရကိုယ်စားလှယ်အဖွဲ့ကို အောက်တိုဘာ ၂၇ရက်တွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ၌ လက်ခံတွေ့ဆုံခဲ့သည်။
အမေရိကန်အစိုးရကိုယ်စားလှယ်အဖွဲ့ကမြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကို ပွင့်လင်းမြင်သာစွာဖြင့် နိုင်ငံတကာစံနှုန်းများနှင့် အညီ ခွင့်ပြုလျက်ရှိသဖြင့်အတွက် အသိအမှတ် ပြုကြောင်း မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍ၊ ဆက် သွယ်ရေးကဏ္ဍ၊ ခရီးသွားကဏ္ဍနှင့် သဘာဝ ဓါတ်ငွေ့ ထုတ်လုပ်မှုကဏ္ဍ များတွင် အမေရိ ကန်ပြည်ထောင်စုအနေဖြင့်ပူးပေါင်းဆောင်ရွက်ရန် အလားအလာများကိုဆွေးနွေးခဲ့ကြသည်။
ထို့အပြင် အမေရိကန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ ၏ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ တိုးမြှင့်ရေးအတွက်လိုအပ် သောနည်းပညာအကူအညီများကို ဆက်လက် အထောက်အပံ့ပေးလို ကြောင်း မြန်မာနိုင်ငံ၏ အသေးစား၊ အငယ်စားနှင့် အလတ်စား လုပ်ငန်း များဈေးကွက်ရရှိ‌ရေး၊လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးတို့အတွက် နည်းပညာအကူအညီပေးရန် အသင့်ရှိကြောင်းနှင့်နှစ်နိုင်ငံဆက်ဆံရေးကို ပိုမို တိုးချဲ့ဆောင်ရွက်ရေးအတွက်ဆွေးနွေး ခဲ့ကြသည်။
COVID-19 ကမ္ဘာ့ကပ် ရောဂါကြောင့်ရင်ဆိုင် ကြုံတွေ့နေရသည့်စိန်ခေါ်မှုများရှိနေသော်လည်း မြန်မာနိုင်ငံအနေဖြင့်နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများ တိုးတက်ရရှိအောင် ဆောင်ရွက်နိုင်ခဲ့ခြင်းနှင့် စီးပွားရေးတိုးတက်မှု အခြေအနေများကို ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ပြီး COVID-19 ကြောင့် စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် (CERP)နှင့် COVID-19 ကပ်ရောဂါအလွန်မြန်မာနိုင်ငံ၏စီးပွားရေး ပြန်လည်ထူ‌ထောင်ရေးနှင့် ပြုပြင်ပြောင်းလဲ ရေးစီမံချက်(MERRP)ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် အခြေအနေများ ကိုဆွေးနွေးခဲ့သည်။
ထို့အပြင် စွမ်းအင် ကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍများတွင် အမေရိကန်ပြည်ထောင်စုက ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်မည်ဆိုပါက ကြိုဆိုမည် ဖြစ်ကြောင်း ပြောကြားသည်။
ဒီအက်ဖ်စီသည် အမေရိကန်အစိုးရက ချမှတ် ခဲ့သည့် Better Utilization of Investments Leading to Development Act (BUILD) အရ၂၀၁၉ခုနှစ်တွင်တည်ထောင်ခဲ့သည့် အမေရိကန်ဘဏ္ဍာရေးအဖွဲ့အစည်းတစ်ခုဖြစ်သည်
အဆိုပါအဖွဲ့သည် ဖွံဖြိုးဆဲနိုင်ငံများက စွမ်းအင်၊ ကျန်းမာရေး၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုး တိုးတက်ရေးနှင့် နည်းပညာကဏ္ဍ များတွင် ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို ကူညီဖြေရှင်း နိုင်ရန် ဖွဲ့စည်းထားခြင်း ဖြစ်ပြီး ပုဂ္ဂလိက ကဏ္ဍ အပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီမံကိန်းများ၊ နည်းပညာသစ်များ အသုံးချရေးလုပ်ငန်းများ အတွက် အမေရိကန်ဒေါ်လာ ၆၀ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံသွားရန် မျှော်မှန်းထားကြောင်း သိရပါသည်။
- Advertisment -spot_img

Must Read

Ooredoo adopts new brand positioning

Recently, Ooredoo Myanmar changed their brand logo on Facebook baffling the users amid rumours that Ooredoo Group was planning to sell its Myanmar branch. But...
spot_img