English Text Below
KBZpay အသုံးပြုသူများသည် covid-19 ကူးစက်ရောဂါအတွက် KBZpay အပလီကေးရှင်းဝန်ဆောင်မှုကို အသုံးပြု၍ ဇန်နဝါရီ ၁ ရက်မှ ဧပြီ ၃၀ အထိ လေးလအတွင်း ကျပ် ၆၇ ဒဿမ ၈ သန်းကျော်လှူဒါန်းထားကြောင်း သိရသည်။
အဆိုပါ ကျပ် ၆၇ဒဿမ ၈ သန်းသည့် ပရဟိတအဖွဲ့အစည်း ၇ ခုသို့ လှူဒါန်းထားသည့် ငွေပမာဏဖြစ်ပြီး ယင်းပရဟိတအဖွဲ့အစည်းများမှာ ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်၊ မေရီချက်(ပ)မင်းနားမကြားကလေးများကျောင်း၊ မူဆလင်ကုသိုလ်ဖြစ်ဆေးရုံနှင့် ဇီဝိတဒါနအသင်း၊ YCDC ကလေးပြုစုစောင့်ရှောက်ရေးရိပ်သာ၊ ခေမာရာမသီလရှင်သင်ပညာရေး၊ saved the aged ဘိုးဘွားရိပ်သာ၊ We Love Yangon စသည့်အဖွဲ့အစည်းများကို လှူဒါန်းထားခြင်းဖြစ်သည်။
ထိုအဖွဲ့အစည်းများသို့ covid-19 ကာလတွင်လှူဒါန်းခြင်းကြောင့် ပရဟိတအဖွဲ့အစည်းများဆက်လက်ရပ်တည် နိုင်ရန် အထောက်အပံ့များဖြစ်ခဲ့ကြောင်းသိရသည်။
ယင်းအဖွဲ့အစည်း ၇ ခုတွင်ပါဝင်သည့် We Love Yangon သည်လည်း covid-19 ကြောင့်အခက်အခဲများနှင့်ရင်ဆိုင်နေရသည့် ရန်ကုန်မြို့နေပြည်သူများအဆင်ပြေစေရန် လိုအပ်သည်များကို ပံ့ပိုးပေးလျက်ရှိကြောင်း သိရသည်။
KBZpay အသုံးပြုသူများသည် We love Yangon Covid-19 Fund စတင်မိတ်ဆက်သည့် ဧပြီ လဆန်းမှ ၇ ရက်အတွင်း ငွေကျပ် ၅ သန်း ကျော်လှူဒါန်းခဲ့ကြောင်းသိရသည်။
“KBZPay ကလှူဒါန်းတဲ့လုပ်ငန်းစဉ်ကို ပိုမိုမြန်ဆန်သွားစေပါတယ်။ ပြီးတော့ လှူဒါန်းလိုသူများကလည်း မိမိနေအိမ်မှ ဘေးကင်းလုံခြုံစွာ နေရင်း လိုအပ်တဲ့သူတွေကို ပံ့ပိုးကူညီနိုင်ပါတယ်။”ဟု We love Yangon ၏ ဒုဥက္ကဌဖြစ်သူ ကိုအရည်ကြိုမှ ပြောသည်။

KBZpay ကို ၂၀၁၈ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့ပြီး ဝန်ထမ်းပေါင်း (၁၈၀၀၀) မှ ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။
KPZPay users have donated over K67.8 million between January 1 and April 30 through KBZPay to fight COVID-19.
The mount is the total donation sent to seven volunteer organisations such as Shan State Buddhist University, Mary Chapman School for the Deaf, Muslim Free Hospital and Ziwitadana Association, YCDC Child Care Center, Khaymaryarma Buddhist Nun Educational School, Save the Aged Elderly Care Centre, and We Love Yangon organization.
Among the seven organisations, We Love Yangon is founded dedicated to help people in Yangon, where people are facing difficulties due to COVID-19.
KBZPay users donated over K5 million to We Love Yangon COVID-19 Fund in the first week of April alone.
KBZPay was launched in 2018 and run with 18,000 staffs.