HomeBusinessUsers in 3 Cities Can Pay Electricity Bills via Mobile Banking in...

Users in 3 Cities Can Pay Electricity Bills via Mobile Banking in July

အောက်တွင် မြန်မာလိုဖတ်ရှုနိုင်ပါသည်

Written by Linn Thit

AYA Bank signed an agreement with the Ministry of Electricity and Energy in the first week of this month to allow users in Yangon, Mandalay and Naypyidaw pay electricity bills via AYA iBanking, AYA mBanking or AYA Pay.

The bank will charge K200 for the service, which helps users reduce time and energy spent queuing up at the office to pay the bill in person.

However, the online payment service at the moment cannot be used for overdue bills. The bank said it is working on the service to allow such overdue bill payment.

There are 27 private banks and 13 foreign bank branches in Myanmar, according to data from the Central Bank of Myanmar.

Yet, the penetration of formal financial services is still limited. According to the Oxford Business Group, just 30% of the population had formal access to a financial product, and just 6% had access to more than one product in 2013.

According to the Myanmar Financial Inclusion Roadmap (MFIR) 2014-20, the ratio of adults with access to at least one formal financial product rose from 30% in 2013 to 48% in 2018, exceeding the previous MFIR’s target of 40%. This means an estimated 6m adults in the country are now able to access formal financial services, while 17% of the adult population has accessed more than one formal financial product.

 


လာမည့် ဇူလိုင်လမှ စတင်၍ မြို့ကြီး၃မြို့ဖြစ်သည့် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် မီတာခ ပေးဆောင်ခြင်းကို ဧရာ၀တီဘဏ်နှင့် ချိတ်ဆက်၍ အွန်လိုင်းမှတစ်ဆင့် ပေးဆောင်နိုင်မည်ဖြစ်ကြောင်း ဧရာ၀တီဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ မြို့၃ခုမှ မြို့နယ်နှင့် ကျေးရွာများတွင် နေထိုင်သူများ မီတာခကို အွန်လိုင်းမှ ပေးဆောင်နိုင်ရန်အတွက် ယခုလပထမအပတ်တွင် လျှပ်စစ်နှင့် စွမ်းအင်၀န်ကြီးဌာနနှင့် ဧရာ၀တီဘဏ်တို့ သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီး အဆိုပါ သဘောတူညီမှုအရ AYA iBanking, AYA mBanking, AYA Payတို့မှတစ်ဆင့်  မီတာခ နှုန်းထားများကို ပေးဆောင်နိုင်မည်ဖြစ်သည်။

ထိုကဲ့သို့ အွန်လိုင်းမှတစ်ဆင့် ပေးဆောင်နိုင်သည့်အတွက် ပြည်သူများအနေဖြင့် အချိန်ကုန်သက်သာခြင်း၊ သွားလာစရိတ် သက်သာခြင်း၊ လူစုလူဝေးမဖြစ်ပေါ်နိုင်ခြင်း အစရှိသည့် အကျိုးကျေးဇူးများကို ခံစားရရှိမည်ဖြစ်သည်။

မီတာဘေလ်ကို အွန်လိုင်းမှ ပေးဆောင်မည်ဆိုပါက ၀န်ဆောင်ခအနေဖြင့် ဘဏ်သို့ ၂၀၀ကျပ် ပေးသွင်းရမည်ဖြစ်သည်။

အွန်လိုင်းမှတစ်ဆင့် မီတာခ ပေးဆောင်မည်ဆိုပါက သတ်မှတ်ထားသည့် ရက်အတိုင်း ပေးဆောင်ရမည့် မီတာဘေလ်များကိုသာ ပေးဆောင်နိုင်မည်ဖြစ်ပြီး သတ်မှတ်ရက် ကျော်လွန်မှ ပေးဆောင်မည့် မီတာဘေလ်များကို အွန်လိုင်းမှတစ်ဆင့် ပေးဆောင်ခွင့်ပြုမည်မဟုတ်ကြောင်း သိရသည်။

လုပ်ငန်းစတင်ဆောင်ရွက်ရာတွင် ရက်ကျော်မီတာဘေလ်များ ပေးဆောင်နိုင်ခြင်းမရှိသော်လည်း နောက်ပိုင်းကာလများတွင် ယင်းဘေလ်များပါ ပေးဆောင်နိုင်ရန် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။

 

- Advertisment -spot_img

Must Read

Ooredoo adopts new brand positioning

Recently, Ooredoo Myanmar changed their brand logo on Facebook baffling the users amid rumours that Ooredoo Group was planning to sell its Myanmar branch. But...
spot_img