Myo Sandar
The coronavirus that originated in the Chinese city of Wuhan will likely have long-lasting impact on trade between China and Myanmar, as Muse, the biggest of all Myanmar-China border trade zones, has been closed since January 27 as a preventive measure.
Border trade through Muse topped $4.9 million in the last fiscal year, making the trade post the most important along the Myanmar-China border.
The closing of the border gate is now causing trouble for the export market, Permanent Secretary for Commerce U Aung Soe said during a meeting with the media on January 31.
“Problems in China has effects on our exports. We are therefore trying to expand our export market,” he added.
The government is seeking to export to alternative markets via maritime and air channels, reducing exporters’ reliance on border trade posts, according to Deputy Commerce Minister U Aung Htoo.
Exporters, especially those who export watermelon and cucumber, are facing losses as their goods sit spoiling due to the shutdown of the border trade post, according to sources at Muse Wholesale Market. The market’s management has issued a notice cautioning exporters to halt exports until the virus is contained.
On February 4, around 40 trucks carrying watermelon and cucumber reached the Muse border trade zone. Fifty buyers crossed the border to inspect the goods but less than half made purchases.
From October 1 to the last week of January, Myanmar-China trade topped $1.7 billion, a $418.7 million increase compared to the same period last year. The last fiscal year saw over $11 billion in trade between the two countries.
There are four border trade posts along the Myanmar-China border: Muse, Lwel Jel, Chin Shwe Haw and Kan Paite Ti. During Chinese President Xi’s visit to Myanmar last month, the two countries signed an agreement to develop border-area economic zones.
Myanmar Summary
ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ် မြန်မာနယ်စပ်ကုန်သွယ်မှှုကို ထိခိုက်လာနိုင်
တရုတ်ပြည်မှစတင်ခဲ့သည့် ကိုရိုနာဗိုင်းရစ်ရောဂါဖြစ်ပွားမှှုကြောင့် တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးဇုန်ဖြစ်သည့် မူဆည်နယ်စပ်ကုန်သွယ်ရေးဇုန်ကို ဇန်နဝါရီ ၂၇ ရက်မှ ဖေဖော်ဝါရီလဆန်းအထိ ပိတ်ထားခဲ့သည်။ ယင်းသို့ ကုန်သွယ်ရေးဇုန်ကို ပိတ်ထားခြင်းကြောင့် လတ်တလောတွင် ပို့ကုန်ကဏ္ဍအတွက် ထိခိုက်မှုမရှိသော်လည်း ရေရှည်ပိတ်ထားပါက ကုန်သွယ်မှုကို ထိခိုက်လာနိုင်မည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ဇန်နဝါရီ ၃၁ တွင် မီဒီယာများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
နယ်စပ်ကုန်သွယ်ရေးဂိတ်များတွင် မူဆယ်နယ်စပ်ကုန်သွယ်ရေးဂိတ်သည် ကုန်သွယ်မှုအမြင့်မားဆုံး ဂိတ်ဖြစ်ပြီး ယမန်နှစ်ဘဏ္ဍာနှစ်တစ်နှစ်လုံးတွင် ကန်ဒေါ်လာ ၄၉၁၇ သန်း အထိ ကုန်သွယ်မှှုရှိခဲ့သည့် နယ်စပ်ကုန်သွယ်စခန်းတစ်ခုလည်းဖြစ်သည်။
ယင်းသို့ ကုန်သွယ်မှုမြင့်မားသည့် နယ်စပ်ကုန်သွယ်ရေး ဂိတ်ပိတ်ထားရခြင်းကြောင့် ပို့ကုန် ဈေးကွက်အတွက် အခက်အခဲဖြစ်နေကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးအောင်စိုးက ပြောသည်။
“လောလောဆယ်မှာတော အိမ်နီးချင်းဖြစ်တဲ့ တရုတ်ဘက်မှာ အခက်အခဲဖြစ်ရင်တော့ ကျွန်တော်တို့ရဲ့ ပို့ကုန်ဈေးကွက်ကလည်း အခက်အခဲဖြစ်တယ်။ ဒါကိုကျော်လွှားနိုင်အောင် ဈေးကွက်ကို ဖြန့်ထုတ်နိုင်အောင် ကျွန်တော်တို့ ကြိုးစားလျက်ရှိတယ် ” ဟု ဦးအောင်စိုးက ပြောသည်။
ယင်းသို့ နယ်စပ်ကုန်သွယ်ရေးဇုန်များကိုသာအားကိုးတင်ပို့ခြင်းအပြင် ဈေးကွက်သစ်ရှာဖွေပြီး နယ်စပ်လမ်းကြောင်းအပြင် ပင်လယ်ရေကြောင်းနှင့် လေကြောင်းများကပါ တင်ပို့နိုင်ရန် နည်းလမ်းများရှာဖွေနေကြောင်း ဒုဝန်ကြီး ဦးအောင်ထူးက ပြောသည်။
“ပို့ကုန်ကိစ္စနဲ့ ပတ်သက်ပြီးတော့ တရုတ်နိုင်ငံအပြင် တခြားနိုင်ငံတွေကို ဦးစားပေးတင်ပို့နိုင်ရေး ဆောင်ရွက်သွားပါမယ်။ ကုန်းလမ်းခရီးအပြင် ရေလမ်း လေလမ်းနဲ့ ပိုမိုတင်ပို့နိုင်ရန် စီစဉ်ဆောင်ရွက်နေပါတယ်” ဟု ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောသည်။
တရုတ်တွင် ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရစ်ကြောင့် တရုတ်နှင့်ဆက်စပ်နေသည့် နယ်စပ်ကုန်သွယ်ရေးစခန်းများကို ပိတ်ထားခြင်းကြောင့် အဓိက ဖရဲ၊သခွားတင်ပို့သူများမှာ လည်း နစ်နာဆုံးရှုံးမှုများရှိနေကြောင်း မူဆယ် ၁၀၅ မိုင် သစ်သီးဝလံကုန်စည်ဒိုင်မှ သိရသည်။
ထိုသို့ နစ်နာဆုံးမှုများရှိနေပြီး ထပ်မံ၍ ဆုံးရှုံးမှုများ မဖြစ်ပွားစေရန် တရုတ်နိုင်ငံမှ အဆိုပါ ရောဂါအားထိန်းချုပ်နိုင်သည့် အချိန်မှသာ ဖရဲ၊သခွားတင်ပို့ရန် မူဆယ် ၁၀၅ မိုင် သစ်သီးဝလံကုန်စည်ဒိုင်မှ သတိပေးကြေညာချက် ထုတ်ပြန်ထားသည်။
ဖေဖော်ဝါရီ ၄ ရက်တွင် မူဆယ်နယ်စပ်ကုန်သွယ်ရေးဇုန်သို့ ဖရဲနှင့် သခွားကားအစီးရေ ၄၀ ခန့် ရောက်ရှိလာပြီး တရုတ်ပြည်ဘက်မှ ဝယ်လက် ၅၀ ခန့်က လာရောက်ကြည့်ရှုခဲ့သော်လည်း ဝယ်ယူသူ ထက်ဝက်ခန့်ပင်မရှိကြောင်း စိုင်းမြင့်ဗိုလ် သစ်သီးပွဲရုံထံမှ သိရသည်။
ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အစ အောက်တိုဘာမှ ဇန်နဝါရီ စတုတ္ထပတ်အထိ မူဆယ်နယ်စပ် ကုန်သွယ်ရေးဇုန်တွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံကျော်ကုန်သွယ်ထားပြီး ယခင်ဘဏ္ဍာနှစ်ကာလတူထက် အမေရိကန်ဒေါ်လာ ၄၁၈ ဒသမ ၇ သန်းကျော်ပိုမိုရရှိထားကြောင်း သိရသည်။
တရုတ်မြန်မာနယ်စပ်ကုန်သွယ်မှှု နယ်စပ်ဂိတ်လေးခုအထိရှိပြီး မူဆယ်၊ လွယ်ဂျယ်၊ချင်းရွှေဟော်နဲ့ ကန်ပိုက်တီးနယ်စပ် စခန်းတို့ဖြစ်ပြီး နိုင်ငံနယ်စပ်စီးပွားရေးဇုန်များမြှင့်တင်ရန် တရုတ်သမ္မတရှီးကျင်းဖျင်၏ ခရီးစဉ်အတွင်း နှစ်နိုင်ငံသဘောတူညီခဲ့ကြသည်။ ယမန်နှစ်အတွင်း တရုတ် မြန်မာကုန်သွယ်မှှုသည် ကန်ဒေါ်လာ ၁၁ ဘီလီယံကျော်အထိရှိခဲ့ပြီး တရုတ်သည်မြန်မာ၏ အများဆုံးကုန်သွယ်ဖက်နိုင်ငံလည်း ဖြစ်သည်။