Visas on Arrival in the Works for Five More Countries

0
378
Phyo Thu/MBT

Ei Thandar Tun/Myanmar Business Today

Following a one-year trial period ended September 30, during which visas on arrival were offered to visitors from Australia, Germany, Italy, Russia, Spain and Switzerland, Myanmar plans to extend the privilege to citizen of five other countries later this year.

The five new countries include Hungary, Luxemburg, Austria, Czech Republic and New Zealand.

“Myanmar is very little known among Western countries. If we grant visa-on-arrivals to more countries, then via the visitors, more people will know Myanmar. It, in effect, will increase tourism into the country,” U Myint Htwe, the Ministry of Hotels and Tourism’s chief of external relations, told Myanmar Business Today.

Travelers from the five new countries can get a visa on arrival at Yangon International Airport, Mandalay International Airport or Naypyidaw International Airport. The privilege will not be available to those who enter the country through border gates.

For a $50 fee, a visa on arrival allows travelers to stay in Myanmar for up to 30 days.

In a bid to attract more travelers, Myanmar started relaxing visa requirements and granting visas on arrival in 2018. As a result, the country saw a 25 percent increase in visitor number between January and September 2018. To date, it has made visas on arrival available to citizens of 54 countries.

The Ministry of Hotels and Tourism is creating new tourism destinations and promoting community-based tourism in order to attract more tourists to the country.

ခရီးသွားရာသီအမီ ဥရောပနိုင်ငံငါးနိုင်ငံကို ဆိုက်ရောက်ဗီဇာဖြင့် ထပ်မံခွင့်ပြုနိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနသို့ တင်ပြထားလျက်ရှိ
ဥရောပနိုင်ငံမှ ခရီးသည်များပိုမိုဝင်ရောက်လာစေရန် ရည်ရွယ်၍ ဥရောပနိုင်ငံများအနက်မှ ၅နိုင်ငံကို ဆိုက်ရောက်ဗီဇာဖြင့် ထပ်မံနေထိုင်ခွင့်ပြုနိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနသို့ တင်ပြဆွေးနွေးမှုများပြုလုပ်လျက်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။
ဆိုက်ရောက်ဗီဇာဖြင့် ထပ်မံခွင့်ပြုမည့် နိုင်ငံ၅နိုင်ငံမှာ ဟန်ဂေရီ၊ လူဇင်ဘတ်၊ သြစတေးလျ၊ ချက်နှင့် နယူးဇီလန်နိုင်ငံတို့ဖြင့်ပြီး ယင်းနိုင်ငံများကို ယခုနှစ်ကုန်ပိုင်းအမှီ ခွင့်ပြုနိုင်ရန် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“ အနောက်နိုင်ငံတွေမှာ မြန်မာနိုင်ငံအကြောင်းက မှေးမှိန်နေတယ်။ မြန်မာနိုင်ငံကို သိတဲ့သူက ရှားတယ်။ ဒါကြောင့် အနောက်နိုင်ငံသားတွေ လွယ်လွယ်ကူကူဝင်ရောက်နိုင်ဖို့ ဆိုက်ရောက်ဗီဇာနဲ့ နိုင်ငံတော်တော်များကိုခွင့်ပြုရင် ခရီးသွားတွေကတစ်ဆင့် အချင်းချင်းမြန်မာနိုင်ငံကို သိလာမယ်။ ခရီးသွားဝင်ရောက်မှုလည်း ပိုမိုတိုးတတ်လာမယ်လို့” ဟု ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ပြည်တွင်းပြည်ပ ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးမြင့်ထွေးက MBTသို့ ပြောသည်။
အဆိုပါ နိုင်ငံသားများအနေဖြင့် ပြည်တွင်းသို့ ဝင်ရောက်မည်ဆိုပါက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ် နှင့် နေပြည်တော် အပြည်အပြည်ဆိုင်ရာ လေဆိပ် တို့မှသာ ဝင်ရောက်ရမည်ဖြစ်ပြီး အခြားသော နယ်စပ်ဂိတ်များဖြင့် ရေကြောင်းများမှ ဝင်ရောက်ခွင့်ပြုမည်မဟုတ်ကြောင်း သိရသည်။
ပြည်တွင်းသို့ ဆိုက်ရောက်ဗီဇာဖြင့် ဝင်ရောက်မည်ဆိုပါက ဆိုက်ရာဗီဇာကြေးအနေဖြင့် အမေရိကန်ဒေါ်လာ ၅၀ ကောက်ခံမည်ဖြစ်ပြီး ပြည်တွင်း၌ ရက်၃၀ နေထိုင်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
ယခုနှစ် အောက်တိုဘာလ၁ရက်နေ့တွင် ဥရောပနိုင်ငံမှ နိုင်ငံခြောက်နိုင်ငံကို ဆိုက်ရောက်ဗီဇာဖြင့် လာရောက်လည်ပတ်ခွင့်ပြုခဲ့ပြီး ဆိုက်ရောက်ဗီဇာဖြင့် ဝင်ရောက်ခွင့်ကို စမ်းသပ်ကာလဖြင့် ၁ နှစ် ခွင့်ပြုထားကြောင်း သိရသည်။
ထို့ပြင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် ခရီးသွားများကို ဆွဲဆောင်နိုင်ရန် ခရီးသွားဒေသအသစ်များဖော်ဆောင်ခြင်း၊ လူထုအခြေပြုလုပ်ငန်းများ ဖော်ဆောင်ခြင်းများကို ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ပြည်တွင်းသို့ ခရီးသွားဝင်ရောက်မှု ပိုမိုတိုးတက်လာစေရန် ဆိုက်ရောက်ဗီဇာဖြင့်ဝင်ရောက်ခွင့်ကို ၂၀၁၈ခုနှစ်မှစတင်၍ ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
ဗီဇာကင်းလွတ်ခွင့်ကို ဖြေလျော့ပေးပြီးနောက်ပိုင်း ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ စာရင်းများနှင့် ယခုနှစ်ကာလတူ နှိုင်းယှဉ်ပါက ခရီးသွားဝင်ရောက်မှုမှာ ယခင်နှစ်ထက် ၂၅%အထိ တိုးတက်လာကြောင်း ညွှန်ကြားရေးမှူး ဦးမြင့်ထွေးက ပြောသည်။
အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာမှ ပြည်တွင်းသို့ ဆိုက်ရောက်ဗီဇာဖြင့် လည်ပတ်ခွင့်ပြုထားသည့် နိုင်ငံများမှာ လက်ရှိတွင် နိုင်ငံပေါင်း ၅၄နိုင်ငံအထိ ခွင့်ပြုထားကြောင်း သိရသည်။

SOURCEEi Thandar Tun/Myanmar Business Today
Previous articleMyanmar Hosts Regional Policy Dialogue on Technical and Vocational Education
Next articleADB to Help Build Rural Roads in Ayeyarwaddy and Magway