Mobile-based financial service provider Wave Money revealed that it facilitated fund transfers worth over K6 trillion ($4.3 billion) in 2019 as the number of customers using its services doubled from the seven million recorded in 2018.
Wave Money offers a choice of fund transfers through agents or through a mobile wallet application. Over 17 million people in Myanmar have used it for fund withdrawals, ticket booking for flights and express bus, mobile top-up and other payments.
Its WavePay app is also a main driver for mobile-wallet service development.
The number of Wave Money agents increased by 55 percent to over 56,000 in 2019, enabling the company to serve 89 percent of the country.
A joint venture between Telenor and Yoma Bank, Wave Money is a winner of the Technology Solution for Financial Inclusion Award from the Central Banking FinTech RegTech Global 2018 held in Singapore and the Global Retail Banking Innovation Award for 2019 from Digital Banker.
Yoma Bank in September launched non-collateral loans for Wave Money’s agents to help them expand their business.
Myanmar Summary
၂၀၁၉ တစ်နှစ်တာလုံးတွင် Wave Money ဖြင့် ငွေလွှဲပြောင်းမှှု ကျပ်ငွေ ၆ ထရီလီယံကျော်ရှိ
၂၀၁၉ခုနှစ်အတွင်း Wave Money အွန်လိုင်းငွေကြေးဝန်ဆောင်မှုအားအသုံးပြု၍ ငွေကြေးလွှဲပြောင်းမှု ကျပ်ငွေ ၆ထရီလီယံကျော်(ကန်ဒေါ်လာ၄ဒသမ၃ဘီလီယံ)ရှိကြောင်း ထုတ်ပြန်ထားသည်။
အသုံးပြုသူပမာဏသည် ယခင်နှစ်ထက်နှစ်ဆကျော်တိုးတက်ခဲ့ပြီး ၂၀၁၈ခုနှစ်အတွင်း အသံုံးပြုသူမှာ(၇)သန်းကျော်သာရှိသည်ဟု Wave Moneyကဆိုသည်။
ငွေလွှဲပြောင်းခြင်းကို တစ်နိုင်ငံလုံးရှိ Wave Moneyဆိုင်များမှတဆင့်လုပ်ဆောင်ခဲ့ပြီး အချို့မှာ Wave Money၏ အလွယ်တကူအသုံးပြုနိုင်သော မိုဘိုင်းဖုန်းငွေပေးချေနိုင်မှုမှတဆင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
Wave Money၏ ငွေကြေးလွှဲပြောင်းမှုကိုယ်စားလှယ်များကြီးထွားလာခြင်းနှင့်အတူ နိုင်ငံအတွင်းရှိ အသုံးပြုသူ(၁၇)သန်းကျော်ကို ငွေသွင်း၊ ငွေထုတ်၊ လေယာဉ်လက်မှတ်ဝယ်ယူခြင်း၊ ကားလက်မှတ်ဝယ်ယူခြင်း၊ ဘေလ်ပေးဆောင်ခြင်းနှင့် ငွေပေးချေခြင်းတို့ကို ပိုမိုလွယ်ကူစေခဲ့သည်။
မိုဘိုင်းပိုက်ဆံ(Mobile Wallet)ကြီးထွားလာခြင်း၏ အဓိကအကြောင်းမှာ WavePay ဟုခေါ်သည့် မိုဘိုင်း App မိတ်ဆက်ခဲ့ပြီး လက်ရှိအသုံးပြုသူများအား ကျယ်ကျယ်ပြန့်ပြန့်ပိုမိုအသုံးပြုနိုင်ရန် လုပ်ဆောင်ချက် များနှင့် ဝန်ဆောင်မှုများကို ထည့်သွင်းထားသည်။
၂၀၁၉ခုနှစ်အတွင်း Wave Moneyကိုယ်စားလှယ်ဆိုင်ပေါင်း(၅၆၀၀၀)ကျော်ထိ မြင့်တက်လာခဲ့ပြီး ယခင်နှစ်ထက်(၅၅)ရာခိုင်နှုန်းတိုးတက်လာကာ နိုင်ငံ၏ဧရိယာ(၈၉)ရာခိုင်နှုန်းအထိ လွှမ်းခြုံနိုင်ခဲ့သည်။
Wave Moneyသည် စင်ကာပူ၌ကျင်းပပြုလုပ်သော Central Banking FinTech RegTech Global Awards 2018အခမ်းအနားတွင် မြန်မာနိုင်ငံအတွင်း ငွေကြေးကဏ္ဍတစ်မူထူးခြားစွာ ချဉ်းကပ်လုပ်ဆောင် ခဲ့မှုကြောင့် Best Technology Solution For Financial Inclusion Award ဆုကိုရရှိခဲ့သည်။
ထို့အပြင် Digital Banker အဖွဲ့အစည်းက ၂၀၁၉ခုနှစ်အတွက် အကောင်းဆုံးငွေပေးချေခြင်းဆိုင်ရာ ဆန်းသစ်တီထွင်မှုဆု “Global Retail Banking Innovation Awards”ကိုရရှိခဲ့သည်။
ယင်းအပြင် Wave Money ကိုယ်စားလှယ်များ၏ စီးပွားရေးလုပ်ငန်းများတိုးချဲ့နိုင်ရန် ရိုးမဘဏ်မှ အွန်လိုင်းစနစ်ဖြင့် အပေါင်ပစ္စည်းမဲ့ ချေးငွေထုတ်ချေးခြင်းအစီအစဉ်ကိုလည်း ပြီးခဲ့သည့်၂၀၁၉ခုနှစ်၊ စက်တင်ဘာလ၌ စတင်မိတ်ဆက်ခဲ့သည်။