HomeInvestment & Financeငွေလွှဲနိုင်သည့် နှုန်းထား တိုးမြှင့်

ငွေလွှဲနိုင်သည့် နှုန်းထား တိုးမြှင့်

ပြည်သူများ ငွေကြေးကိုင်ဆောင်အသုံးပြုခြင်းနှင့် လဲလှယ်အသုံးပြုခြင်းကို လျှော့ချနိုင်ရန် တစ်ရက်အတွင်းအများဆုံးငွေလွှဲနိုင်သည့် ပမာဏကို ယခင် ကျပ် ၅ သိန်းမှ ကျပ် ၁၀ သိန်းအထိ တိုးမြှင့်လိုက်ကြောင်း Wave Money မှ သိရသည်။

ယင်းသို့ ငွေလွှဲနိုင်သည့်အများဆုံးပမာဏ တိုးမြှင့်ခြင်းကို ဧပြီ ၃၀ ရက်အထိ သတ်မှတ်ထားပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း Wave Money ထံမှ သိရသည်။

Wave Money ၏ ငွေလွှဲဝန်ဆောင်မှုကို အသုံပြု၍ ငွေလွှဲခဲ့သည့် ပမာဏမှာ ဖေဖော်ဝါရီလ တစ်လလုံးတွင် ကျပ် ၈၅၀ ဘီလီယံအထိ ရှိခဲ့ပြီး မတ်လတွင် ကျပ် ၁ ထရီလီယံအထိ ရှိနိုင်မည်ဖြစ်ကြောင်း Wave Moneyက ခန့်မှန်းထားသည်။

ထိုသို့ Wave Money ၏ မိုဘိုင်းငွေကြေးဝန်ဆောင်မှု အသုံးပြုသူများသည် မြန်မာတစ်နိုင်ငံလုံးရှိ Wave money ကိုယ်စားလှယ် ၅၇၀၀၀ ကျော်ထံတွင် ငွေကြေးဝန်ဆောင်မှုများကို ဆောင်ရွက်နိုင်ပြီး သုံးစွဲသူများသိရှိလိုသည့် အချက်အလက်များကိုလည်း Wave Money Call Center မှ ၂၄ နာရီအပြည့် ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။

- Advertisment -spot_img

Must Read

Ooredoo adopts new brand positioning

Recently, Ooredoo Myanmar changed their brand logo on Facebook baffling the users amid rumours that Ooredoo Group was planning to sell its Myanmar branch. But...
spot_img