Wave Pay, a mobile payment app owned by Wave Money, and international payment company 2C2P signed a memorandum of understanding on January 22 aimed at providing more convenient payment methods.
“Before, customers had to use cards to buy a flight ticket or book a hotel room. They always needed some kind of payment card,” said U Pyay Nyein, 2C2P’s head of Myanmar operations.
“Now, they can easily and securely buy a ticket or book a room with Wave Pay. This payment method will help the development of digital payments in the country, decreasing cash usage,”
The partnership will enable Wave Pay users to easily make payment for products and services that connect with 2C2P and the digital payment method will expand into other businesses including airlines, hotels and retailers, according to Brad Jones, CEO of Wave Money.
“Thanks to the partnership with 2C2P, millions of Wave Pay users can benefit from faster and easier digital payments,” he said.
Wave Money has more than 75,000 agents and 17 million users. 2C2P offers transaction services in Southeast Asia, North Asia, Europe and the United States. In Myanmar, it works with local and international airlines, tour companies and fashion brands.
Myanmar Summary
မြန်မာနိုင်ငံ၏ မိုဘိုင်းငွေပေးချေမှုကုမ္ပဏီတစ်ခုဖြစ်သည့် Wave Money နှင့် ကမ္ဘာလုံးဆိုင်ရာ ငွေပေးချေမှှုကုမ္ပဏီဖြစ်သည့် 2C2P ကုမ္ပဏီတို့ လွယ်ကူလျင်မြန်သည့် ငွေပေးချေမှုစနစ် အကောင်အထည် ဖော်ရန် လုပ်ငန်းပူးပေါင်းသည့် နားလည်မှုစာချွန်လွှာ (MoU)ကို ဇန်နဝါရီ ၂၂ တွင် လက်မှတ်ရေးထိုးခဲ့သည်။
“ အရင်ကဆိုရင် လေယာဉ်လက်မှတ် ဝယ်တာတို့ ဟိုတယ်ဘိုကင်လုပ်တာတို့ အတွက် ဘဏ်ကတ်တွေသုံးရတယ် ။ ကတ် တစ်ခုခုတော့အမြဲတမ်းလိုတယ် ။ အခုဆိုရင် wave pay သုံးရုံနဲ့ ငွေပေးချေမှုတွေကို လွယ်ကူလျင်မြန်စွာဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ လုံခြုံအောင်လည်း လုပ်ထားပါတယ်။ မြန်မာပြည်ရဲ့ ဒီဂျစ်တယ်ငွေပေးချေမှုစနစ်ကို တိုးတက်လာအောင် ဒီစနစ်က အထောက်အကူပြုမှာပါ။ ငွေစက္ကူကိုအသုံးပြုပြီးတော့ ငွေပေးချေမှုလုပ်တာတွေလည်း လျော့ကျသွားမှာပါ ” ဟု 2C2P ၏ Head of Myanmar Operations ဖြစ်သူ ဦးပြည်ငြိမ်းက ပြောပါသည်။
ထိုသို့ လုပ်ငန်းပူးပေါင်းဆောင်ရွက်လိုက်ခြင်းဖြင့် အဆိုပါ 2C2P နှင့် ချိတ်ဆက်ထားသည့် မိတ်ဖက်လုပ်ငန်းများကို Wave Money ၏ တရားဝင်အပလီကေးရှင်းတစ်ခုဖြစ်သည့် Wave Pay အသုံးပြု၍ လျင်မြန်စွာငွေပေးချေနိုင်မည်ဖြစ်ပြီး လေကြောင်းလိုင်း၊ ဟိုတယ်များနှင့် အခြားလက်လီဈေးကွက်များကိုပါ ပိုမိုချဲ့ထွင်လာနိုင်မည်ဖြစ်ကြောင်း Wave Money မြန်မာ၏ အမှုဆောင်အရာရှိချုပ် Mr.Brad Jones က သုံးသပ်ပြောသည်။
“ 2C2P နဲ့ ပူးပေါင်းလိုက်ခြင်းကြောင့် သန်းပေါင်းများစွာသော Wave Pay အသုံးပြုသူတွေ လွယ်ကူလျင်မြန်တဲ့ ဒီဂျစ်တယ်ငွေကြေးဝန်ဆောင်မှုရဲ့ အကျိုးကျေူးဇူးတွေကို ရရှိမှာဖြစ်ပါတယ် ” ဟု Mr.Brad Jones က ပြောသည်။
2C2P ကုမ္ပဏီဖြင့် လုပ်ငန်းပူးပေါင်းသည့် Wave Money သည် နိုင်ငံအနှံ့တွင် အေးဂျင့်ပေါင်း ၅၇၀၀၀ ကျော်ရှိပြီး သုံးစွဲသူ ၁၇ သန်းရှိထားသည်။ ကမ္ဘာလုံးဆိုင်ရာ ငွေပေးချေမှုကုမ္ပဏီဖြစ်သည့် 2C2P သည် စင်ကာပူနှင့် ဘန်ကောက်တွင် ရုံးချုပ်များဖွင့်လှစ်ထားပြီး အရှေ့တောင်အာရှနိုင်ငံများ၊ မြောက်အာရှ၊ ဥရောပနှင့် အမေရိကန်နိုင်ငံတို့တွင် ငွေပေးချေမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
2C2P ကုမ္ပဏီသည် ပြည်တွင်းနှင့်ပြည်ပလေကြောင်းလိုင်းများ၊ ခရီးသွားလုပ်ငန်းများနှင့် ဖက်ရှင် ကုမ္ပဏီများနှင့် ချိတ်ဆက်၍ ငွေပေးချေမှုလုပ်ငန်းများလုပ်ကိုင်နေသည့် ကုမ္ပဏီဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၅၂ သန်းကို ရင်းနှီးမြှုပ်နှံရန် ရင်းနှီးမြှုပ်နှံသူများထံမှ ရရှိထားပြီး အဆိုပါ ငွေကြေးကို နည်းပညာအဆင်မြှင့်တင်သည့်အပိုင်းတွင် သုံးစွဲသွားမည်ဖြစ်ကြောင်း 2C2P ကုမ္ပဏီမှ သိရသည်။