The United Nations World Food Programme said that it has successfully delivered food assistance to 334,000 most vulnerable people in Hlaing Tharyar, Yangon Region. Following the success, it is planning to initiate similar distribution in Dagon Seikkan Township in Yangon Region.
WFP said that people in Hlaing Tharyar living in vulnerable circumstances, including those living in the most impoverished locations and informal settlements, benefitted from WFP’s monthly rice rations.
WFP is also contributing both food and cash assistance to people in certain parts of Chin, Kachin, Rakhine, and Shan states targeting internally displaced people, families with older people, people living with disabilities, young children, pregnant and breastfeeding mothers, and other groups with specific nutritional needs or vulnerabilities.
Conflict-driven displacement is rising sharply. As of 15 June, OCHA estimates that over 195,000 people have been internally displaced in at least 8 out of 14 states/ regions across Myanmar – the number has more than tripled within a month.
Forecasts from the World Bank and the Asian Development Bank projected a 10 percent contraction in Myanmar’s GDP in 2021. However, a London-based research group Fitch Solutions estimate that Myanmar’s GDP will experience a 20 percent contraction before bouncing back 2.9 percent next year.
ကုလသမဂ္ဂစားနပ်ရိက္ခာအစီအစဥ်(WFP)သည် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာရှိ ထိခိုက်လွယ်သော ပြည်သူပေါင်း ၃၃၄၀၀၀ ကို စားနပ်ရိက္ခာအကူအညီများ ပေးအပ်ခဲ့ပြီး ယခုအခါတွင် ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ပြည်သူများကိုလည်း ထိုကဲ့သို့ အကူအညီများ ပေးရန် စီစဉ်နေကြောင်း သိရသည်။
ဖွံ့ဖြိုုးမှုနိမ့်ကျသော နေရာများနှင့် ကျူးကျော်ရပ်ကွက်များတွင် နေထိုင်သူများအပါအဝင် ထိခိုက်လွယ်သော အခြေအနေများတွင် နေထိုင်နေရသော လှိုင်သာယာရှိ ပြည်သူများသည် WFP၏ လစဥ် ဆန်ထောက်ပံ့ကူညီမှုများ၏ အကျိုးကို ခံစားခွင့်ရကြောင်း သိရသည်။
ထို့အပြင် ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ နေရပ်စွန့်ခွာခဲ့ရသူများ၊ သက်ကြီးရွယ်အိုများရှိသော မိသားစုများ၊ မသန်စွမ်းများ၊ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်များနှင့် ရင်သွေးငယ်ရှိသော မိခင်များကို စားနပ်ရိက္ခာများနှင့် ငွေသားအကူအညီများလည်း ပေးအပ်ခဲ့ကြောင်းသိရသည်။
မြန်မာနိုင်ငံတွင် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာရမှုများ များပြားလာနေသည်။ ဇွန်လ ၁၅ ရက်နေ့အထိ ပြည်နယ်နှင့်တိုင်း ၁၄ ခု အနက် ၈ ခုတွင် လူပေါင်း ၁၉၅၀၀၀ မျှ နေရပ်စွန့်ခွာခဲ့ရကြောင်း OCHA က ခန့်မှန်းထားသည်။ အဆိုပါ ပမာဏမှာ တစ်လအတွင်း သုံးဆမျှ မြင့်မားလာခြင်းဖြစ်သည်။
ကမ္ဘာ့ဘဏ်ကတော့ မြန်မာနိုင်ငံ၏ ဂျီဒီပီတိုးတက်မှုနှုန်း ၁၀ ရာခိုင်နှုန်းလျှော့ကျနိုင်ကြောင်း ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုုးရေးဘဏ်တို့က ခန့်မှန်းထားပြီး လန်ဒန်အခြေစိုက် သုတေသနအဖွဲ့ဖြစ်သည့် Fitch Solutions ကတော့ ၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ဂျီဒီပီသည် ၂၀ ရာခိုင်နှုန်းလျော့ကျကာ လာမည့်နှစ်တွင်တော့ ၂ဒသမ၉ ရာခိုင်နှုန်းပြန်တက်လာမည်ဟု ခန့်မှန်းထားသည်။