Whither the Retail Market?



Myanmar started allowing foreign investments into its retail and wholesale market in May 2018. Since then, a lot of changes have taken place.

Initially, foreign-owned retail and wholesale companies were allowed to trade in vegetables, meat, fish, kitchen-use products, office items and consumer products. Then, in May 2019, the list of allowed items was expanded to include fuel oil, pharmacy and pharmaceutical products, hospital equipment, construction materials, farming materials and agricultural inputs such as fertilizer, pesticides and seeds.

The following month, foreign-owned and joint-venture retail and wholesale companies were allowed to purchase and export rice, fish, meat, value-added crops, seeds, purified raw materials, fruits and vegetables and finished wood products.

An Influx of Foreign Companies

From May 2018 to December 19, 2019, 72 companies registered with the Ministry of Commerce to operate a wholesale or retail business. Of these, 11 are locally owned, 34 are foreign owned and 27 are joint ventures.

Foreign-owned retail and wholesale companies registered during this period are from Thailand, Japan and Singapore while foreign partners in retail and wholesale joint-ventures are from the United States, China, Singapore, Malaysia, Poland, Germany, South Korea, Bangladesh and India.

New entrants include Germany-based wholesaler Metro and its Thailand-based rival Makro, both of which plan to open stores in March, according to the Myanmar Investment Commission.

In the shopping center segment, AEONORANGE, a joint venture between Japan’s AEON and local supermarket chain Orange, has opened for business at a number of locations.

For local consumers, the entrance of more foreign wholesalers and retailers can mean more choice as well as access to high-quality food and other products. Their presence is also expected to boost competition in a market hitherto dominated by local companies – who, unsurprisingly, are feeling challenged by the newcomers.

Myanmar Competition Law, aimed at strengthening competition in the market, was passed in February 2015. The law came into effect in 2017 and gave rise to the Myanmar Competition Commission (MCC) in 2018. Since its inception, the commission has settled four of the 10 cases that have come before it. MCC vice president U Than Maung said his commission will consider complaints from local companies as well as those brought by foreign market players.

“Allowing foreign companies into the wholesale and retail market has had an impact on our market. It is safe to say we have good competitors. What concerns us is that [foreign companies] are much more experienced actors in terms of both management and skills compared to us,” said U Naing Lin, vice president of Myanmar Retailers Association.

Rules for Foreign Companies

The government requires that foreign-owned wholesale businesses have capital (excluding rental fees) of at least $5 million and foreign-owned retail businesses at least $3 million. For joint ventures, the required capital is set at $2 million for wholesale businesses and $700,000 for retail businesses.

In addition to setting up 100-percent-owned subsidiaries in Myanmar, foreign entities can hold up to 20 percent of shares in locally-owned retail and wholesale companies. However, foreign companies are not allowed to operate mini-markets or stores with less than 929 square feet of floor space.

The Myanmar Retailers Association is in talks with the government to increase the ceiling on foreign shareholding in local companies to 35 percent.

“As long as foreign shareholding does not exceed 35 percent, the company will be regarded as a local company and entitled to all the rights enjoyed by local companies,” said U Thurein Nyein, president of Myanmar Retailers Association.

Challenges for Local Companies

In competing with foreign rivals, local companies have found themselves with a number of disadvantages.

“Retailers need a lot of support – financially and technically. We have difficulties obtaining bank loans. Some [local retailers] don’t know how to formally keep business statistics,” said U Naing Lin of Myanmar Retailers Association.

Nationwide, there are around 300,000 retail shops and shopping centers. The number of international-standard shopping centers is around 1,000, all operated by big companies. The vast majority of retail businesses are traditionally managed. The lack of formal business record-keeping makes it difficult for traditional retailers to obtain loans and financial assistance.

“We want to encourage people to keep formal financial records,” said U Thurein Nyein, “It will make tax issues easier, and getting credit as well,”

Supply chain management is another area where local players are unable to compete with international companies, according to industry sources.

Competition and Benefits

Competition between local and foreign companies may be fierce but the government cannot resort to protectionism and take the side of local companies, said Permanent Secretary for Commerce U Khin Maung Lwin,

“We can no longer protect retail companies. The best thing they can do is prepare,” he said. “If they can compete with the international companies, that means they are strong enough to make a presence in the international market. At the moment, local retailers are not strong enough to do so.”

“Foreign investments will pose difficulties for some of the businesses while bringing opportunities for others,” said Myanmar Retailers Association’s U Naing Lin. “It is a double-edged sword – it’s both good and bad.”

The government, for its part, aims to provide a platform for local products to make a presence in the international market while strengthening competition in the domestic market.

“Our aim in allowing in foreign wholesale and retail companies is to take our local products to international markets,” U Khin Maung Lwin said.

In view of this, the government requires that foreign wholesale and retail operators sell local products in their stores.

“We have requested them to sell local products as priorities. But the products need to be good and have high quality, as the companies want to sell good quality products at their stores. If your product quality is very good and there is demand for them, you won’t need regulation enforcing companies to sell local products,” U Naing Lin said.

As has happened in other liberalized industries, foreign investments will continue to flow into the wholesale and retail sector. We’ll need to wait and see which direction the industry will take, but if there’s one clear benefit to the opening up of the sector, it is this: More shopping centers means more jobs – part-time and full-time – for local people.

Myanmar Summary

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှှုများကို လက်လီလက်ကားလုပ်ငန်းများတွင်ဝင်ရောက်လုပ်ကိုင်ရန် ၂၀၁၈ ခုနှစ်မေလကစတင်ပြီး ဝင်ရောက်ခွင့်ပေးခဲ့သည်။

ဟင်းသီးဟင်းရွက်၊ အသား၊ ငါး၊ စားသောက်ကုန်နှင့် မီးဖိုချောင်သုံးပစ္စည်းများ၊  ဆိုင်၊ ရုံးသုံးပစ္စည်းနှင့် လူသုံးကုန်ပစ္စည်းများရောင်းချခွင့်ကို ကနဦးကပင် ၁၀၀ ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံခွင့်ပေးခဲ့သည်။ ထို့နောက် ၂၀၁၉ ခုနှစ် မေလတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှှု လက်လီ၊လက်ကားရောင်းချခွင့်အတွက် စက်သုံးဆီ၊ ဆေးနှင့်ဆေးပစ္စည်း ၊စိုက်ပျိုးရေးသွင်းအားစုများဖြစ်သည့် ဓာတ်မြေသြဇာ၊ပိုးသတ်ဆေး၊မျိုးစေ့၊ ဆေးရုံသုံးကိရိယာများ၊ ဆောက်လုပ်ရေးသုံးကိရိယာများနှင့် လယ်ယာသုံးကိရိယာများကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထပ်တိုးလုပ်ကိုင်ခွင့်ပြုခဲ့သည်။

နိုင်ငံခြားသားပိုင်ကုမ္ပဏီနှင့်ဖက်စပ်ကုမ္ပဏီများကိုလည်း မြန်မာနိုင်ငံ၏ အဓိကပို့ကုန်တစ်ခုဖြစ်သည့် ဆန်စပါး အပါအဝင် သား၊ငါး၊  တန်ဖိုးမြင့်ထုတ်လုပ်ထားသည့် ကောက်ပဲသီးနှံများ ၊ မျိုးစေ့  ၊ သန့်စင်ပြီးသတ္တုရိုင်းများ၊ သစ်သီးဝလံကုန်ချောများနှင့် သစ်အချောထည်များကို ပြည်တွင်းထုတ်လုပ်သူများထံမှ တစ်ဆင့်ဝယ်ယူ၍ ပြည်ပသို့ တင်ပို့ခွင့်ကို ၂၀၁၉ ခုနှစ် ဇွန်လ ပထမပတ်တွင် စတင်ခွင့်ပြုခဲ့သည်။

မှတ်ပုံတင်ထားသည့် ကုမ္ပဏီအရေအတွက်

၂၀၁၈ မေလမှ ၂၀၁၉ ဒီဇင်ဘာ ၁၉ ရက်အထိ မှတ်ပုံတင်ထားသည့် ပြည်တွင်း၊ ပြည်ပနှင့် ဖက်စပ်ကုမ္ပဏီ ၇၂ ခုရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။ ယင်းသို့ ခွင့်ပြုပြီးနောက် မှတ်ပုံတင်ထားသည့် ကုမ္ပဏီ ၇၂ ခုတွင် မြန်မာနိုင်ငံသား ၁၀၀ ရာခိုင်နှုန်းပိုင်ဆိုင်သည့် ကုမ္ပဏီ ၁၁ ခု ၊ နိုင်ငံခြားသားရာနှုန်းပြည့်ပိုင်ဆိုင်သည့် ကုမ္ပဏီ ၃၄ ခုနှင့် မြန်မာနိုင်ငံသားနှင့် နိုင်ငံခြားသားဖက်စပ်ကုမ္ပဏီ ၂၇ ခုထိ ရှိထားသည်

နိုင်ငံခြားသား ၁၀၀ ရာခိုင်နှုန်းပိုင်ဆိုင်သည့်လက်လီ၊လက်ကားကုမ္ပဏီများကို ထိုင်း၊ဂျပန်နှင့် စင်ကာပူနိုင်ငံများမှ မှတ်ပုံတင်ထားပြီး ထိုင်း၊ဂျပန်၊နယ်သာလန်၊ အမေရိကန်၊တရုတ်၊ စင်ကာပူ၊မလေးရှား၊ပိုလန်၊ဂျာမနီ၊ဆွစ်ဇာလန်၊ကိုးရီးယား၊ ဘင်္ဂလားဒေရှ်နှင့် အိန္ဒိယနိုင်ငံတို့မှ ဖက်စပ်လက်လီလက်ကားကုမ္ပဏီများအဖြစ် မှတ်ပုံတင်ထားသည်။

မှတ်ပုံတင်ထားသည့် ကုမ္ပဏီ ၇၂ ခုတွင် ပြည်တွင်းတွင် အောင်မြင်နေသည့် City Mart ကဲ့သို့သော စားသောက်ကုန်လက်လီလက်ကားရောင်းချမည့် ကုမ္ပဏီ (၂) ခုပါဝင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ ကုမ္ပဏီ (၂) မှာ ဂျာမနီအခြေစိုက် Metro စားသောက်ကုန်လက်လီလက်ကားကုမ္ပဏီနှင့် ထိုင်းနိုင်ငံအခြေစိုက် Makro စားသောက်ကုန်လက်လီလက်ကားကုမဏီများဖြစ်ပြီး ယင်းလက်လီ လက်ကားကုမ္ပဏီ(၂) ခုသည် ၂၀၂၀ မတ်လတွင် အရောင်းဆိုင်များကို ဖွင့်လှစ်နိုင်တော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရသည်။

ထ့ိုပြင် ဂျပန်နိုင်ငံအခြေစိုက် လက်လီကုမ္ပဏီတစ်ခုဖြစ်သည့် AEON ကုမ္ပဏီနှင့် ပြည်တွင်းမှ Orange Supermarket နှင့် ပူးပေါင်း၍ AEONORANGE ဈေးဝယ်စင်တာကလည်း ပြည်တွင်းတွင် ဈေးဆိုင်များဖွင့်လှစ်ထားပြီး ဖြစ်သည်။

ယင်းသို့ ပြည်ပမှ ၁၀၀ ရာခိုင်နှုန်းရင်းနှီးမြှုပ်နှံထားသည့် ကုမ္ပဏီများ ပြည်တွင်းဈေးကွက်ထဲသို့ ဝင်ရောက်လာခြင်းကြောင့် ပြည်တွင်းစားသုံးသူများအနေဖြင့် ရွေးချယ်မှုပိုမိုရရှိမည်ဖြစ်ပြီး နိုင်ငံတကာအဆင့်မီပြီး အစားအသောက်ဘေးကင်းလုံခြုံရေးဆိုင်ရာ သတ်မှတ်ချက်များနှင့်ညီညွတ်သည့် စားသောက်ကုန်များနှင့် ကုန်ပစ္စည်းများကို အသုံးပြုခွင့်ရမည်ဖြစ်သည်ဟု မှတ်ချက်များပေးလျက်ရှိသည်။

တဖက်တွင်လည်း စားသုံးသူများ နိုင်ငံတကာအဆင့်မီသည့် စားသောက်ကုန်များနှင့် လူသုံးကုန်များကို ပိုမို ရွေးချယ်သုံးစွဲခွင့် ရရှိလာခြင်းနှင့်အတူ ပြည်တွင်းရှိ လက်လီလက်ကားဈေးကွက်ကို ဦးဆောင်နေ သည့်  လက်လီလက်ကားကုမ္ပဏီများကို ယှဉ်ပြိုင်မှု အချက်ပေးသံကပ်၍ ပါလာသည်။

ယခင်က မြန်မာနိုင်ငံ၏ မြို့ကြီးများဖြစ်သည့် ရန်ကုန်နှင့် မန္တလေးတိုင်းတို့ရှိ စားသောက်ကုန်နှင့် လူသုံးကုန် ရောင်းချသည့် ကုန်တိုက်များကို  ပြည်တွင်းလက်လီလက်ကားကုမ္ပဏီအနည်းစုက ပိုင်ဆိုင်ပြီး စားသုံးသူများ ရွေးချယ်ခွင့် နည်းပါးခဲ့သည်။

မြန်မာနိုင်ငံယှဉ်ပြိုင်မှှုဥပဒေ ကို ၂၀၁၅ ခုဖေဖော်ဝါရီ ၂၄ ရက်တွင် ပြဌာန်းခဲ့ပြီး နည်းဥပဒေထွက်ပေါ်လာပြီးနောက် ၂၀၁၇ ခုနှစ် တွင် စတင်အာဏာအသက်ဝင်လာခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံ ယှဉ်ပြိုင်မှှုကော်မရှင်ကို ၂၀၁၈ ခုနှစ်စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိအချိန်အတွင်း အမှှုပေါင်း ၁၀ မှှုခန့်ကို  လက်ခံဖြေရှင်းလျက်ရှိနေရာ အမှှု ၄ မှှုုမှာ ပြီးပြတ်သွားပြီဖြစ်ကြောင်း ကော်မတီမှသိရသည်။ ယှဉ်ပြိုင်မှှုကော်မရှင်၏ ဒုတိယဥက္ကဌ ဦးသန်းမောင်က ဈေးကွက်အတွင်းယှဉ်ပြိုင်မှှုများနှင့်ပတ်သက်ပြီး နိုင်ငံခြား ၊ နိုင်ငံသားကုမ္ပဏီများဟု ခွဲခြားသွားမည်မဟုတ်ဘဲ ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသည့်လုပ်ငန်းများ ဈေးကွက်တွင် နစ်နာမှှုများရှိပါက တိုင်ကြားနိုင်ကြောင်း ဆိုခဲ့သည်။

“ နိုင်ငံခြားကုမ္ပဏီတွေကို ခွင့်ပြုလိုက်တာက ကျွန်တော်တို့ဈေးကွက်အပေါ်ကို ရိုက်ခတ်မှုရှိပါတယ်။ ကျွန်တော်တို့အတွက် ပြိုင်ဘက်ကောင်းတွေပေါ်လာတယ်လို့ ပြောလို့ရပါတယ်။ နည်းနည်းစိုးရိမ်စရာရှိတာက ကျွန်တော်တို့ထက် ငွေကြေးပိုင်းဆိုင်ရာ ကျွမ်းကျင်မှုပိုင်းဆိုင်ရာမှာ ပိုပြီးတော့အတွေ့အကြုံမြင့်မားတဲ့အခါကျတော့ အဲဒီအခက်အခဲတွေ အများကြီးရှိပါတယ် ”  မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း ဒုဥက္ကဌ ဦးနိုင်လင်းက ပြောသည်။

နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှှု လက်လီလက်ကားလုပ်ငန်းများအတွက် သတ်မှတ်ချက်

ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှှုဖြင့် လက်ကားဖြန့်ဖြူးရောင်းချသည့်လုပ်ငန်းအတွက် ကနဦးရင်းနှီးမြှုပ်နှံမှှုပမာဏ အမေရိကန်ဒေါ်လာ ငါးသန်း ၊ လက်လီရောင်းချခွင့်နှင့်ပတ်သက်ပြီး မြေငှားရမ်းခမပါဘဲ အမေရိကန်ဒေါ်လာ သုံးသန်း သတ်မှတ်ထားသည်။ ဖက်စပ်လက်ကားရောင်းချခွင့်နှင့်ပတ်သက်ပြီး ကန်ဒေါ်လာနှစ်သန်း ကနဦးရင်းနှီးမြှုပ်နှံမှှုနှင့် ဖက်စပ်လက်ကားရောင်းချခွင့်နှင့်စပ်လျဉ်းပြီး ကန်ဒေါ်လာ ခုနှစ်သိန်း ရင်းနှီးမြှုပ်နှံရန် သတ်မှတ်ထားသည်။ ထို့အပြင် ပြည်တွင်း လက်လီအရောင်းဆိုင်များထိခိုက်မှှုမရှိစေရန် နိုင်ငံခြားကုမ္ပဏီများသည် မြေနေရာအကျယ်အဝန်း စတုရန်းမီတာ ၉၂၉ အောက်ရှိသည့် မီနီမားကတ် နှင့် စတိုးဆိုင်များကို လုပ်ကိုင်ခွင့်ပြုသွားမည်မဟုတ်ပေ ။

လက်ရှိတွင်  မြန်မာနိုင်ငံရှိ လက်လီ၊လက်ကားလုပ်ငန်းများတွင် နိုင်ငံခြားသားများကို ၁၀၀ ရာခိုင်နှုန်းရင်းနှီးမြှုပ်နှံခွင့်အပြင်  နိုင်ငံသားပိုင် လက်လီ၊လက်ကားလုပ်ငန်းများတွင် ၂၀ ရာခိုင်နှုန်းရင်းနှီးမြုပ်နှံခွင့်ပြုထား သည်။

မြန်မာနိုင်ငံရှိ ကုန်တိုက်ကြီးများ ရပ်တည်မှုခိုင်မာစေရန် နိုင်ငံသားပိုင်လုပ်ငန်းများတွင် ၃၅ ရာခိုင်နှုန်းအထိ တိုးမြင့် ရင်းနှီးမြှုပ်နှံခွင့်ပေးရန် ဆွေးနွေးနေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းဥက္ကဌ ဦးသူရိန်ငြိမ်းက ဆိုသည်။

“၃၅ ရာခိုင်နှုန်းအထိ ခွဲရောင်းနေသရေ့ွ မြန်မာကုမ္ပဏီတွေအနေနဲ့လည်း ရပ်တည်လို့ရတယ်။ မြန်မာကုမ္ပဏီတွေ ရတဲ့အခွင့်အရေးတွေရမယ် ” ဟု ဥက္ကဌ ဦးသူရိန်ငြိမ်းက ဆိုသည်။


ပြည်တွင်းကုမ္ပဏီများအနေဖြင့် ပြည်ပကုမ္ပဏီများနှင့် ဈေးကွက်ယှဉ်ပြိုင်မှုတွင် အခက်အခဲအများကြီးရှိပြီး ယင်းအခက်အခဲများထဲတွင်မှ ဘဏ်ချေးငွေရရှိရေးနှင့် မိရိုးဖလာ လက်လီဆိုင်များအတွက် စာရင်းဇယားမရှိခြင်း အခက်အခဲများရှိနေကြောင်း လက်လီလုပ်ငန်းရှင်များက သုံးသပ်သည်။

“လက်လီလုပ်ငန်းတွေအနေနဲ့ ငွေကြေးပိုင်းအထောက်အပံ့ရရှိဖို့ မြန်မာနိုင်ငံရဲ့ လုပ်ငန်းတွေတိုးတက်ဖို့ ဘဏ်ရဲ့ အထောက်အပံ့တွေရရှိဖို့ အများကြီးလိုအပ်ပါတယ်။ ကျွန်တော်တို့ ဘဏ်ချေးငွေရဖို့ အခက်အခဲတွေအများကြီးရှိတယ်။ လုပ်ငန်းရဲ့ တစ်ချို့လုပ်ငန်းလေးတွေက စနစ်တကျမရှိတဲ့အတွက်ကြောင့် ဘဏ်ချေးငွေပေးဖို့အခက်အခဲရှိတာတွေရေ ဘဏ်တိုးပိုင်းဆိုင်ရာမှာလည်း အခက်အခဲတွေအများကြီးရှိပါတယ်” ဟု ဦးနိုင်လင်းက ပြောသည်။

မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် ဈေးဝယ်စင်တာကြီးများအပါအဝင် လက်လီရောင်းချသည့်ဈေးဆိုင်ပေါင်း သုံးသိန်းကျော်ရှိပြီး နိုင်ငံတကာအဆင့်အတန်းမီသည့် လက်လီရောင်းချသည့် ဈေးဝယ်စင်တာ ၁၀၀၀ ခန့်သာရှိကြောင်း မြန်မာနိုင်ငံလက်လီလုပ်ငန်းရှင်များအသင်းမှ သိရသည် ။

ထိုသို့ နိုင်ငံတကာအဆင့်မီသည့် လက်လီရောင်းချသည့် ဈေးဝယ်စင်တာ ၁၀၀၀ ခန့်သည် ကုမ္ပဏီကြီးမှ စီမံခန့်ခွဲခြင်းဖြစ်သည့်အတွက် လုပ်ငန်းလည်ပတ်မှုပိုင်းတွင် စနစ်တကျရှိသော်လည်း ကျန်လက်လီအရောင်းဆိုင်များမှာ မိရိုးဖလာကုန်စုံဆိုင်များဖြစ်သည့်အတွက် ငွေကြေးစာရင်းဇယားမရှိခြင်းနှင့် ငွေကြေးဖြည့်တင်းမှုပိုင်းတွင် အားနည်းမှုရှိကြောင်း လက်လီလုပ်ငန်းရှင်များက သုံးသပ်သည်။

ထိုသို့ မိရိုးဖလာဆိုင်များ၏ ငွေစာရင်းရှင်းတမ်းများမရှိခြင်းကြောင့် ချေးငွေရရှိမှုအပိုင်းတွင် အခက်အခဲများရှိနေသည့်ဟု မြန်မာနိုင်ငံလက်လီလုပ်ငန်းရှင်များအသင်း၏ ဥက္ကဌ ဦးသူရိန်ငြိမ်းက ပြောသည်။

“ချေးငွေကို ဘယ်လို့ ချေးမလဲ အခက်အခဲကတော့ ငွေကြေးစာရင်းဇယားတွေပါလာတဲ့အတွက် စာရင်းမရှိဘူး။ ဒါကြောင့် စာရင်းဇယားတွေစထားကြပါ။ လုပ်ငန်းသေးတွေမှာပါ အခွန်ကိစ္စတွေပါလာရင် အဆင်ပြေလာနိုင်တယ်။ ချေးငွေအတွက်လည်း စာရင်းဇယားကို ဘဏ်ကို ပြလို့ရပေ ”ဟု ဦးသူရိန်ငြိမ်းက ဆိုသည်။

ထိုသို့ ငွေကြေးပိုင်းဆိုင်ရာအခက်အခဲများအပြင် Supply Chain ပိုင်းတွင်လည်း ပြည်တွင်းကုမ္ပဏီများအနေဖြင့် ပြည်ပကုမ္ပဏီများနှင့် ယှဉ်ပြိုင်ရန်အခက်အခဲများစွာရှိကြောင်း သိရသည်။

အမှန်တကယ်ကြုံတွေ့ရမည့် ဈေးကွက်ယှဉ်ပြိုင်မှှုနှင့် အကျိုးအမြတ်

ပြည်ပကုမ္ပဏီများနှင့် ပြည်တွင်းကုမ္ပဏီများလက်လီဈေးကွက်တွင် ယှဉ်ပြိုင်မှုပြင်းထန်နိုင်သော်လည်း အစိုးရသက်ဆိုင်ရာဌာနများအနေဖြင့် အကာအကွယ်ပေး၍ မရနိုင်တော့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အတွင်းဝန် ဦးခင်အောင်လွင်က ပြောသည်။

“ လက်လီကုမ္ပဏီတွေကို ဆက်လက်ကာကွယ်ပေးလို့မရတော့ဘူး။ ယှဉ်ပြိုင်နိုင်အောင် ပြည်တွင်းကုမ္ပဏီတွေက ပြင်ဆင်ထားရတော့မှာ ဆောင်ရွက်ရတော့မှာပါ။ ပြိုင်ဆိုင်လာနိုင်ရင် ပြည်တွင်းကုမ္ပဏီတွေက နိုင်ငံတကာကို ထိုးဖောက်လာနိုင်တဲ့အနေအထားဖြစ်လာတာပေါ့။ အခုလက်ရှိ ပြည်တွင်းမှာရှိတဲ့ လက်လီလက်ကားကုမ္ပဏီတွေက နိုင်ငံခြားမှာမထွက်နိုင်သေးဘူး။ ပြည်ပကုမ္ပဏီတွေနဲ့ ယှဉ်ပြိုင်လာနိုင်တယ်ဆိုရင် နိုင်ငံခြားကို ထိုးဖောက်သွားနိုင်ပြီ” ဟု ဆိုသည် ။

ပြည်တွင်းကုမ္ပဏီများတွင် ငွေကြေးပိုင်းဆိုင်ရာအပြင် အခြားအခက်အခဲမှာ အချက်ပေါင်း ၂၀ ခန့်ရှိပြီး Supply Chain အပိုင်းတွင်လည်း အခက်အခဲကြီးမားနေဆဲဖြစ်သည်ဟု ဦးနိုင်လင်းက ဆိုသည်။

“ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဝင်လာလို့ အခက်အခဲရှိသွားမယ့် လုပ်ငန်းတွေအများကြီးရှိသလို့ ဝင်လာလို့ ကောင်းသွားမယ့် လုပ်ငန်းတွေလည်း အများကြီးပဲရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့က အပေါင်း အနှုတ်နှစ်ခုလုံးဖြစ်နေတယ်။ မကောင်းတာတွေကြီးလည်းမဟုတ်ပါဘူး။ ကောင်းတာတွေလည်း အများကြီးရှိပါတယ်” ဟု ဦးနိုင်လင်းက သုံးသပ်သည် ။

ထို့ပြင် ပြည်ပကုမ္ပဏီများကို လက်လီလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုပေးလိုက်ခြင်းမှာ မြန်မာထုတ်ကုန်များ နိုင်ငံတကာဈေးကွက်သို့ ဖြန့်ချိသွားနိုင်ရန် ရည်ရွယ်ကြောင်း အစိုးရဘက်ကလည်း တနည်းအားဖြင့် ရည်ရွယ်ထားသည်။

“ အဓိကလက်လီလက်ကားကို နိုင်ငံခြားကုမ္ပဏီတွေကို ဖိတ်ခေါ်တဲ့ရည်ရွယ်ချက်ကလည်း ကိုယ့်နိုင်ငံ ထွက်ကုန်တွေကို နိုင်ငံတကာဈေးကွက်ကို ဖြန့်ချိသွားနိုင်အောင်ဒါကို အဓိကရည်ရွယ်တာပါ” ဟု ဦးခင်မောင်လွင်က ဆိုသည်။

ထိုသို့ မြန်မာနိုင်ငံမှ ထုတ်ကုန်များ နိုင်ငံတကာဈေးကွက်သို့ ဖြန့်ချိနိုင်ရန် ရည်ရွယ်ချက်ဖြင့် ပြည်တွင်းတွင် လာရောက်ဖွင့်လှစ်သည့် ပြည်ပကုမ္ပဏီများ၏ အရောင်းဆိုင်များတွင် မြန်မာထုတ်ကုန်များကို တင်သွင်းရောင်းချရန် သတ်မှတ်ထားသည်။

ယင်းသို့ တင်သွင်းရောင်းချရန် သတ်မှတ်ထားသော်လည်း အရည်အသွေးပြည့်မီမှသာ နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်လာနိုင်မည်ဖြစ်ကြောင်း လက်လီလုပ်ငန်းရှင်များက သုံးသပ်သည်။

“ လုပ်ငန်းသဘောအရမြန်မာနိုင်ငံရဲ့ ထုတ်ကုန်တွေကို ဦးစားပေးရောင်းချဖို့ ကျွန်တေ်ာတို့က တင်ပြထားပါတယ်။ ဒါပေမဲ့ စီးပွားရေးလုပ်ငန်းတစ်ခုအနေနဲ့ကကျတော့ ဒီရောင်းကောင်းတဲ့ပစ္စည်းကို အဓိကရောင်းချင်မှာပေ့ါနော်။ အဲဒီအတွက်လည်း ကျွန်တေ်တာို့ ဗမာပြည်မှာ ထုတ်လုပ်တဲ့သူတွေရော ရောင်းချတဲ့သူတွေရော ယှဉ်ပြိုင်နိုင်တဲ့ အဆင့်တစ်ခုတော့ ရောက်ဖို့လိုပါတယ်။ တင်ရောင်းရမယ်ဆိုတဲ့ဥပဒေမရှိပေမယ့် စားသုံးသူအတွက် ကျွန်တော်တို့က မတင်ပါနဲ့ ဆိုရင်တောင်တင်ကြမှာပါ ” ဟု ဦးနိုင်လင်းက ဆိုသည်။

တခြားစီးပွားရေးနယ်ပယ်များနည်းတူ ပြည်ပရင်းနှီးမြှုပ်နှံမှှုများသည် လက်လီလက်ကားဖြန့်ဖြူးရေးလုပ်ငန်းများတွင် အများအပြားပေါ်လာစရာရှိသည်။ နှစ်အတော်ကြာပြည်တွင်း ရင်းနှီးမြှုပ်နှံမှှုဖြင့် လုပ်ကိုင်ခဲ့သော အရောင်းစင်တာများသည်လည်း အဆင့်အတန်းတစ်ခုနှင့် ရပ်တည်နေရာ ၊ ယှဉ်ပြိုင်မှှုနောက်ဆက်တွဲ အခြားသော အကျိုးဆက်အနေဖြင့် ပြည်တွင်းထုတ်ကုန်များကို တန်ဖိုးမြှင့်တင်ရောင်းချနိုင်ပြီး အခြေခံထုတ်လုပ်သူ အဆင့်အထိ အကျိုးသက်ရောက်မှှုရှိလာမည် ဟုတ်မဟုတ်မှာ စောင့်ကြည့်ရမည့်သဘောလည်း ဖြစ်သည်။ ဈေးဝယ်စင်တာနှင့် ကုန်တိုက်အမြောက်အမြားပေါ်ပေါက်လာခြင်းက ပြည်တွင်းလုပ်သားများ အလုပ်အကိုင်အခွင့်အလမ်းအတွက်လည်း တနည်းအားဖြင့် ထောက်ပံ့နိုင်မည်ဖြစ်ပြီး တက္ကသိုလ်ကျောင်းသားများကို ရည်ရွယ်သည့် အချိန်ပိုင်းအလုပ်များလည်း ပိုပေါလာစရာရှိသည်။

SOURCEMyo Sandar /Myanmar Business Today
Previous articleInside Myanmar’s First Tech Hub
Next articleExperts Warn of a Surging Market in Fake Prints