byMyo Sandar
Makro Myanmar, a subsidiary of Thailand-based wholesaler Makro, signed an agreement with the Myanmar Fruit, Flower and Vegetable Producer and Exporter Association (MFVP) on March 10 to secure supply for its wholesale market at Upper Pazundaung.
“Makro will buy fruits and vegetables from us to sell on their shelves. They want to buy safe and fresh fruits and vegetables,” U Soe Than Min Din, president of MFVP, said.
The association in cooperation with Siam Makro Myanmar will seek GAP (Good Agricultural Practices) certification and high-quality packaging. Makro will help develop training programs for local growers and processors to remedy weaknesses while MFVP will assist them in obtaining GAP certification and producing safe fruits and vegetables.
Makro Myanmar’s first wholesale shop, to open in April, will offer fruits and vegetables from famers who are members of MFVP.
“Most of the farmers don’t have market access to get better prices. This is like creating a market for them,” MFVP’s president added.
ထိုင်းနိုင်ငံအခြေစိုက် Makro Myanmar နှင့် MFVP တို့ နားလည်မှုစာချွန်လွှာရေးထိုး
ထိုင်းနိုင်ငံအခြေစိုက် စားသောက်ကုန်လက်လီလက်ကားရောင်းချသည့် ကုမ္ပဏီတစ်ခုဖြစ်သည့် Makro Myanmar က အထက်ပုဇွန်တောင်လမ်းရှိ၎င်း၏ လက်ကားဈေးအတွက် ဟင်းသီးဟင်းရွက် နှင့် သစ်သီးများဖြည့်တင်းရန် မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်တင်ပို့ရောင်းချသူများအသင်း(MFVP) ထံမှ မတ်လ ၁၀ ရက်တွင် နားလည်မှုစာချွန်လွှာရေးထိုးခဲ့ကြောင်း သိရသည်။
“ Makro က မြန်မာနိုင်ငံက ဟင်းသီးဟင်းရွက်တွေကို ဝယ်ယူဖို့ရှိတယ်။ သူတို့ဆိုင်မှာရောင်းမှာ။ ကျွန်တော် တို့ဆီက food safety ဖြစ်တဲ့ဟာပေ့ါ။ အစားအသောက်ဘေးကင်းလုံခြုံစိတ်ချရတဲ့ ဟင်းသီးဟင်းရွက်တွေကို ဝယ်ယူချင်တာ ” ဟု မြန်မာနိုင်ငံသစ်သီးဝလံ၊ပန်းမန်နှင့် ဟင်းသီးဟင်းရွက် တင်ပို့ရောင်းချသူများအသင်း ဥက္ကဌ ဦးစိုးသန်းမင်းဒင်က ပြောသည်။
မြန်မာနိုင်ငံသစ်သီးဝလံ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်တင်ပို့ရောင်းချသူများအသင်းမှ ဟင်းသီးဟင်းရွက် ထုတ်ပိုးပုံစံများနှင့် GAP လက်မှတ်များရရှိရန် Makro Myanmar နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်တွင်းသစ်သီးဝလံ စိုက်ပျိုးတင်ပို့သူများအနေဖြင့် လိုအပ်ချက်များရှိနေဆဲဖြစ်ပြီး Makro အနေဖြင့် ပြည်တွင်းလုပ်ငန်းများ၏ အားနည်းချက်များကို သင်ကြားရေးအစီအစဉ်များချမှတ်ပေးသွားမည်ဖြစ်ပြီး MFVP အနေဖြင့် Good Agricultural Practices (GAP) လက်မှတ်ရရှိရန်နှင့် ဘေးကင်းလုံခြုံစိတ်ချသည့် သီးနှံများရရှိရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ Makro Myanmar လက်လီလက်ကားကုမ္ပဏီသည် ၂၀၂၀ ဧပြီလတွင် ပထမဆုံးအရောင်းဆိုင်ကို ဖွင့်လှစ်မည်ဖြစ်ပြီး ယင်းအချိန်တွင် မြန်မာနိုင်ငံသစ်သီးဝလံ၊ပန်းမန်နှင့် ဟင်းသီးဟင်းရွက်တင်ပို့ရောင်းချသူ များအသင်းဝင် တောင်သူများထံမှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကို ဝယ်ယူရောင်းချမည်ဖြစ်သည်။
“ အဓိကတော့ စိုက်တဲ့တောင်သူအများစုက ဈေးကွက်က အခက်အခဲရှိတယ်လေ။ ဈေးကွက်အခက်အခဲအတွက်ကြောင့် ဈေးကွက်တစ်ခုကိုဖော်ဆောင်ပေးတာပေ့ါနော် ”ဟု ၎င်းက ပြောသည်။