Home Business Will COVID-19 be the catalyst that kills foreign investment in Myanmar?

Will COVID-19 be the catalyst that kills foreign investment in Myanmar?

Written by Aung Khant Oo

အောက်တွင် မြန်မာလိုဖတ်ရှုနိုင်ပါသည်။

With COVID-19 seemingly worsening across Myanmar, and the uncertainty of what changes the coming election may bring, there has never been a more crucial time to focus on the financial stability of the country. The key to ensuring stability and safeguarding our future is FDI in Myanmar. But this isn’t about encouraging new investment, it’s about nurturing the businesses that are already here to protect our country’s future. On this note, there are a few areas where we are striking the wrong cord, and COVID-19 could be the catalyst that sees us fail in the long-term goals of our investment drive.

When it comes to making a country an attractive destination for foreign businesses, the rule of law is one of, if not the most, important criteria. Foreign entities need to know that they can trust in a country’s government to not only make the country an easy place for them to set up operations, hire talent, and acquire customers but also that they will create an environment that will support businesses for the long-term.

If a foreign business is willing to follow the laws of the land and conduct business in a way that adheres to these rules, they must at the very least, be able to expect the same respect in return. They need to trust that if they encounter issues, the country’s government will enforce the rule of law and do so in a way that is just, fair and consistent. For example, If a country cannot promise its foreign investors that their staff and hires will not be subject to harassment, their bid to attract them to set up in the first place will, unfortunately, end in failure.

While it’s true that many international businesses invest in Myanmar because of its untapped potential and low labor costs, competitive ASEAN countries are offering investors the full package. From a more skilled workforce to a more conducive investment environment with a clear and consistent rule of law to support investors, they are tempting foreign companies to establish themselves in new markets.

According to the World Bank’s Doing Business 2020 report, Myanmar improved is ranking to 165th place out of 190 countries when it comes to its strength on the world stage as a business hub. However, it is reportedly still the “least favourable country to do business in the ASEAN region”, with the report citing high levels of corruption and red-tape” with neighbours like Thailand, Vietnam, and Laos ranked 21st, 70th, and 154th respectively.

Moreover, with the current tensions between China and the USA, and supply chain lessons learned as a result of COVID-19, many businesses are reportedly considering diversifying out of China to its neighbour countries. While Myanmar is primed to seize this opportunity due to the shared border with China, is it really ready?

Despite the perceived challenges of doing business in Myanmar, the government has a strong track record of encouraging numerous foreign entities to set up here. In fact, it was recently reported that between October 2019 and July this year, Myanmar approved FDI totaling $5 billion. Following this, Yangon Region Chief Minister, U Phyo Min Thein said that moving forward quickly with these new projects will help local businesses and create more job opportunities in the region. And herein lies Myanmar’s difficulty.

Yes, this influx of businesses from overseas signposts the creation of new jobs for local people and the upskilling of our workforce, which will indeed help to grow our economy. Many foreign companies are among the biggest tax contributors in Myanmar, creating jobs and upskilling the workforce, contributing significant sums toward public services like transport and infrastructure, education, and healthcare services. But even with the lure of favorable tax rates and the promised fast processing of proposals, the danger is that Myanmar’s gloss might wear off after companies have established themselves.

Fast-tracking approvals are not enough

The lesson that must be learned, is that it is not just about attracting businesses to the country and ‘moving forward quickly’ with the approval of their applications. It’s about keeping those businesses here for the long-term – a point that seems yet to be the focus of our policymakers. After all, if they leave, they are not coming back and losing them damages our reputation immeasurably and sets a poor precedent that will not be forgotten by others who would have followed. If we lose the international businesses that have put their faith in our country, there is a danger that there will be no applications left to ‘fast-track’.

We have seen high profile and world-renowned businesses including a US law firm, UK-based insurer, global food and beverage outlets, and oil businesses, to name but a few, leave and foreign investment vehicles turn their back on us citing the slow pace of reform and the political climate. Whatever their reasons, their exits are interpreted as a vote of no confidence.

COVID-19 presents additional challenges because all businesses are assessing where to continue investing and where to make cuts. Now is not the time to put barriers in their way, now is the time to bend over backward to help them succeed. The full scale of the outbreak’s impact on our economy is yet to be seen. But one thing is for certain and that’s that businesses of all sizes will be paying much closer attention to their outgoings and proceeding with extreme caution when it comes to international expansion. Myanmar cannot afford to lose the foreign investors that are already present in the country. We must step up and fight to retain their interest, if we don’t want to worsen the negative impact of COVID-19 on the economy and further tarnish our already murky reputation.

To make Myanmar an opportune place for foreign businesses to set-up, and stay for the long-term, we need structural reforms – we must make processes simpler and offer ongoing support to those that are here.

From registering the company and obtaining the correct licenses to acquiring land or a location for operations and securing the hiring permissions to attract new talent, there is a lot of admin that comes with a business’ operations overseas. At present, these processes are far from straightforward in Myanmar.

Further, companies often complain about red-tape, drawn-out systems, and a perceived lack of clarity and transparency on how the processes and approvals work. Many international businesses are left feeling that they have been stopped in their tracks at every turn when it comes to their hopes of establishing a successful entity here.

Now, against the backdrop of a global pandemic and worldwide recession, is an urgent call for our government to turn things around and extend an olive branch to the businesses that have put their faith in our country.

Aung Khant Oo, originally from Mandalay, is a Yangon-based consultant specializing in public affairs.


 

မြန်မာနိုင်ငံအတွင်း COVID-19 ကပ်ရောဂါကူးစက်မှု မြင့်တက်လာခြင်းနှင့်အတူ လာမည့်အထွေထွေ ရွေးကောက်ပွဲ ကျင်းပပြီးနောက်ပိုင်း အပြောင်းအလဲများ ဖြစ်ပေါ်လာနိုင်ခြင်းတို့ကြောင့် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေး တည်ငြိမ်မှုအပေါ် အာရုံစိုက်သင့်သည့် အရေးအကြီးဆုံး အချိန်ကာလတစ်ခုသို့ ရောက်ရှိလာနေပြီ ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ အနာဂတ်နှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းကာကွယ်ရန် အဓိကသော့ချက်မှာ မြန်မာနိုင်ငံအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပင် ဖြစ်ပါသည်။ ဤသို့ဆိုရာတွင် ရင်းနှီးမြှုပ်နှံမှုအသစ်များကို အားပေးရန် ဆိုလိုခြင်း မဟုတ်ဘဲ နိုင်ငံ၏ အနာဂတ်ကို ကာကွယ်ရန်အတွက် ရှိနှင့်နေပြီးသော လုပ်ငန်းများကို ပျိုးထောင်ပေးရန် ဖြစ်ပါသည်။ အဆိုပါကဏ္ဍတွင် စီမံလုပ်ဆောင်မှုအားနည်းနေသော နေရာအနည်းငယ် ကျန်ရှိနေပြီး လက်ရှိ ဖြစ်ပေါ်နေသည့် COVID-19 ကပ်ရောဂါက ရေရှည်တွင် ရင်းနှီးမြှုပ်နှံမှုအလားအလာများကို အဆုံးသတ် ပေးမည့်အရာတစ်ခုပင် ဖြစ်လာနိုင်ပါသည်။

နိုင်ငံခြားရင်းနှီးမြှပ်နှံမှုကို ဆွဲဆောင်နိုင်ရန်အတွက် နိုင်ငံတစ်ခုတွင် တရားဥပဒေစိုးမိုးမှုရှိရန်မှာ အရေးအကြီးဆုံးအချက် မဟုတ်လျှင်ပင် အလွန်အဓိကကျသော အချက်များထဲမှ တစ်ခုဖြစ်ပါသည်။ နိုင်ငံခြား လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ လုပ်ငန်းကို အလွယ်တကူတည်ထောင်နိုင်ရန်၊ ဝန်ထမ်းခန့်ထားနိုင်ရန်နှင့် ဖောက်သည်များ ရရှိနိုင်ရန်တို့အတွက်သာမက ရေရှည်အတွက် လုပ်ငန်းကို ပံ့ပိုးကူညီပေးမည့် ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးရန် နိုင်ငံတစ်ခု၏ အစိုးရအပေါ် အယုံအကြည်ရှိနေရန်၊ ယုံကြည်နိုင်ကြောင်း သိရှိနေရန် လိုအပ်ပါသည်။

နိုင်ငံခြားလုပ်ငန်းတစ်ခုအနေဖြင့် နိုင်ငံ၏ဥပဒေများကို လေးစားလိုက်နာပြီး စည်းမျဉ်းစည်းကမ်းတို့နှင့် အညီ လုပ်ငန်းလုပ်ဆောင်ရန် အသင့်ရှိနေသည်ဆိုပါက အနိမ့်ဆုံးအဆင့်အနေဖြင့် နိုင်ငံထံမှ တူညီသောလေးစားသမှု​ ပြန်လည်ရရှိရန် မျှော်လင့်နိုင်ခွင့် ရှိရမည်ဖြစ်သည်။ ပြဿနာများ ရင်ဆိုင်ကြုံတွေ့လာရပါက နိုင်ငံ၏ အစိုးရက တရားဥပဒေစိုးမိုးမှု ရှိစေရေးအတွက် တရားမျှတ၊ ဘက်မလိုက်ဘဲ တသမတ်တည်းလုပ်ဆောင်မည် ဖြစ်ကြောင်း စိတ်ချယုံကြည်နိုင်ရပါမည်။ ဥပမာဆိုရသော် နိုင်ငံတစ်နိုင်ငံအနေဖြင့် နိုင်ငံခြား ရင်းနှီး မြှုပ်နှံသူတို့၏ ဝန်ထမ်းများကို အနှောင့်အယှက်ပြုမှုများမှ အကာအကွယ်ပေးနိုင်ကြောင်း ကတိမပြုနိုင်ပါက အဆိုပါနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်ရန်အစီအစဉ်တို့သည်လည်း အောင်မြင်နိုင်မည်မဟုတ်ပါ။

နိုင်ငံတကာမှ လုပ်ငန်းအမြောက်အမြားအနေဖြင့် လက်ရှိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားကြခြင်းမှာ မည်သူမျှလက်ဦးမှု မယူရသေးသည့် အခွင့်အလမ်းကောင်းများ၊ စရိတ်စကသက်သာသည့် ဝန်ထမ်းအင်အားတို့ ရှိနေသည့်အတွက် ဖြစ်သော်ငြား အခြားသော ပြိုင်ဘက်အာဆီယံနိုင်ငံတို့က အဘက်ဘက်မှအားသာသော ဆွဲဆောင်မှုတို့ဖြင့် ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်ထားနိုင်သည့်အချက်မှာ ငြင်းစရာမရှိပါ။ ကျွမ်းကျင်မှု ပိုမိုမြင့်မားသော လုပ်သားအင်အားမှသည် ရင်းနှီးမြှုပ်နှံသူများကို ပံ့ပိုးပေးနိုင်သည့် ရှင်းလင်း၊ ဘက်မလိုက်ဘဲ တသမတ်တည်းဖြစ်သော တရားဥပဒေစိုးမိုးရေး၊ လုပ်ငန်းလုပ်ဆောင်ရန် ပို၍အဆင်ပြေသည့် ပတ်ဝန်းကျင် အစရှိသည့် အားသာချက်တို့ဖြင့် နိုင်ငံအသီးသီးက နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို မိမိတို့၏စျေးကွက်များ အတွင်း ဝင်ရောက်ကြစေရေး ဆွဲဆောင်လျက်ရှိပါသည်။

World Bank ကထုတ်ပြန်သော Doing Business 2020 အစီရင်ခံစာအရ မြန်မာနိုင်ငံသည် လုပ်ငန်းလုပ်ဆောင်ရန် အကောင်းဆုံးနိုင်ငံများစာရင်းတွင် နိုင်ငံတကာနှင့်ယှဉ်လျှင် အဆင့် (၁၉၀) ရှိသည့်အနက် (၁၆၅) သို့ တိုးမြင့်ရပ်တည်ထားနိုင်သည်ကို တွေ့ရပါသည်။ သို့ရာတွင် ‘အကျင့်ပျက်ချစားမှု များပြားခြင်း၊ ဗျူရိုကရေစီကြိုးနီစနစ် ကျင့်သုံးလွန်းခြင်း’ စသည့်ဖော်ပြချက်များနှင့်အတူ ‘အာဆီယံဒေသ အတွင်း လုပ်ငန်းလုပ်ဆောင်ရန် အခက်ခဲဆုံးတိုင်းပြည်’ အဖြစ် အဆိုပါအစီရင်ခံစာအတွင်း ဖော်ပြခြင်းခံရဆဲ ဖြစ်ပါသည်။ အိမ်နီးချင်းနိုင်ငံများဖြစ်သော ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့် လာအိုနိုင်ငံကမူ အဆင့် (၂၁)၊ (၇၀) နှင့် (၁၅၄) တို့တွင် အသီးသီးရပ်တည်နေကြပါသည်။

ထိုမျှသာမက ယခုအခါ တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့အကြား တင်းမာမှုများရှိနေခြင်း၊ COVID-19 ကပ်ရောဂါကြောင့် Supply Chain (ကုန်ပစ္စည်းများ ထုတ်လုပ်မှုမှသည် ဖြန့်ဖြူးရောင်းချခြင်းအထိ ပါဝင်ပတ်သက်နေသောကွင်းဆက်) ပြဿနာများ ရင်ဆိုင်ခဲ့ရခြင်းတို့ကြောင့် လုပ်ငန်းအများအပြားသည် တရုတ်နိုင်ငံမှ အခြားအနီးပတ်ဝန်းကျင်ရှိ နိုင်ငံများထံ လုပ်ငန်းပြောင်းရွှေ့လုပ်ကိုင်ရန် စဉ်းစားနေကြကြောင်း သိရှိရပါသည်။ တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေခြင်းကြောင့် ဤအခွင့်အရေးကို မြန်မာနိုင်ငံက ဆုပ်ကိုင်နိုင်မည့် အလားအလာရှိနေသော်လည်း မြန်မာနိုင်ငံအနေဖြင့် အဆင်သင့်ဖြစ်မဖြစ်ကိုမူ မေးခွန်းထုတ်ရန် လိုအပ်လာပါသည်။

မြန်မာနိုင်ငံအတွင်း လုပ်ငန်းလုပ်ဆောင်ရန် စိန်ခေါ်မှုများစွာရှိကြောင်း ယူဆခြင်းခံထားရသော်လည်း မြန်မာအစိုးရအနေဖြင့် နိုင်ငံခြားလုပ်ငန်းရှင်သစ်များစွာကို အောင်မြင်စွာ ဖိတ်ခေါ်ထားနိုင်သည့် မှတ်တမ်းကောင်း ရှိနေပါသည်။ ၂၀၁၉ ခုနှစ် အောက်တိုဘာလမှ ယခုနှစ် ဇူလိုင်လအတွင်း မြန်မာနိုင်ငံသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၅ ဘီလီယံအထိ ခွင့်ပြုထားကြောင်း သိရှိရပါသည်။ ဤအချင်းအရာနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး၏ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကလည်း ဤစီမံကိန်းများကို လျှင်လျှင်မြန်မြန် ရှေ့ဆက်စေခြင်းက ပြည်တွင်းလုပ်ငန်းများကို အထောက်အကူဖြစ်မည် ဖြစ်သလို ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ သို့သော် ဤနေရာတွင် မြန်မာနိုင်ငံအတွက် အခက်အခဲကြီးတစ်ခု ရှိနေပါသည်။

နိုင်ငံခြားမှ လုပ်ငန်းများစွာ ဝင်ရောက်လာခြင်းက နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမှန်ပင် လိုအပ်နေသည့်အရာများဖြစ်သော – နိုင်ငံသားများအတွက် အလုပ်အကိုင် အခွင့်အလမ်းသစ်များ ဖန်တီးနိုင်ခြင်း၊ လုပ်သား အင်အားစု၏ ကျွမ်းကျင်မှု မြှင့်တင်ပေးနိုင်ခြင်း စသည်တို့ကို ကိုယ်စားပြုနေသည်မှာ မှန်ပါသည်။ နိုင်ငံခြား ကုမ္ပဏီအမြောက်အမြားသည် မြန်မာနိုင်ငံအတွင်း အခွန်အများဆုံး ပေးဆောင်ထားသည့် လုပ်ငန်းများ ဖြစ်နေပြီး၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခြင်း၊ လုပ်သားအင်အား၏ ကျွမ်းကျင်မှုကို မြှင့်တင်ပေးထား နိုင်ခြင်းတို့အပြင် ပို့ဆောင်ရေးနှင့် အခြေခံအဆောက်အဦ၊ ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှု အစရှိသည့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများအတွက်လိုအပ်သော အခွန်ပမာဏများစွာ ထည့်ဝင်ထားကြသည့် လုပ်ငန်းများလည်း ဖြစ်ပါသည်။ သို့ရာတွင် သက်သာသည့် အခွန်နှုန်းထားများ၊ လုပ်ငန်းတင်ပြချက်များကို လျှင်လျှင်မြန်မြန် စိစစ်ပေးရန် ကတိကဝတ်များဖြင့် ဆွဲဆောင်ထားသော်လည်း လုပ်ငန်းများ အမှန်တကယ် တည်ထောင်ပြီးနောက်တွင် မြန်မာနိုင်ငံ၏ အဆိုပါဆွဲဆောင်မှုများ ဝေဝါးပျောက်ကွယ်သွားနိုင်ခြင်းမှာ အန္တရာယ်တစ်ခုဖြစ်ပါသည်။

အလျှင်အမြန် စီစဉ်ခွင့်ပြုပေးခြင်းတစ်ခုတည်းဖြင့် မလုံလောက်ပါ

ဤနေရာတွင် သတိပြုသင့်သည်မှာ နိုင်ငံတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာရန် ဆွဲဆောင်ခြင်း၊ လျှောက်ထားချက်များကို ‘အလျင်အမြန်’ ခွင့်ပြုပေးခြင်းတို့ကသာ ပဓာနကျသည်မဟုတ်ပါ။ အရေးကြီးသည့်အချက်မှာ အဆိုပါလုပ်ငန်းများကို ရေရှည်ဆက်လက်ထိန်းသိမ်းထားနိုင်ရေးဖြစ်သည်။ ဤအချက်ကို ကျွန်ုပ်တို့နိုင်ငံရှိ မူဝါဒချမှတ်သူများ အာရုံစိုက်ဟန်မရှိသေးပါ။ အဆိုပါလုပ်ငန်းများ ပြန်လည်ထွက်ခွာသွားလျှင် နောက်တစ်ကြိမ် ပြန်လာကြမည်မှာ မသေချာသကဲ့သို့ နိုင်ငံ၏ ဂုဏ်သတင်းကိုလည်း အင်မတန်မှ ထိခိုက်နစ်နာစေမည် ဖြစ်သည့်အပြင် အခြားလုပ်ငန်းများအတွက်လည်း မမေ့နိုင်စရာ နမူနာဆိုးတစ်ခု ဖြစ်သွားနိုင်ပါသည်။ မြန်မာနိုင်ငံကို ယုံကြည်၍ ရင်းနှီးမြှုပ်နှံခဲ့ကြသော နိုင်ငံတကာ လုပ်ငန်းများက နိုင်ငံအပေါ် အယုံကြည်တန်သွားခဲ့လျှင် နောင်အခါ ‘အလျင်အမြန် ခွင့်ပြုပေးရမည့်’ လျှောက်လွှာများပင် ကျန်ရှိနေနိုင်ဦးမည်လော စိုးရိမ်ဖွယ်ဖြစ်ပါသည်။

မြန်မာနိုင်ငံအနေဖြင့် အမေရိကန်အခြေစိုက် ဥပဒေလုပ်ငန်းတစ်ခု၊ ယူကေအခြေစိုက် အာမခံလုပ်ငန်းတစ်ခု၊ နိုင်ငံတကာ အစားအသောက်နှင့် အဖျော်ယမကာလုပ်ငန်းများ၊ ရေနံလုပ်ငန်းများ စသော ထင်ရှားလူသိများသည့် လုပ်ငန်းများ ပြန်လည်ထွက်ခွာသွားခြင်းကိုလည်းကောင်း၊ ​ပြုပြင်ပြောင်းလဲခြင်း နှေးကွေးလွန်းကြောင်းနှင့် နိုင်ငံရေးအခြေအနေ ကြောင့်ဟုဆိုကာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ ကျောခိုင်းခြင်းကိုလည်းကောင်း မြင်တွေ့ခဲ့ရပြီးဖြစ်ပါသည်။ မည့်သည့်အကြောင်းကြောင့် ပြန်လည်ထွက်ခွာ ကြသည်ဖြစ်ပါစေ ယင်းသို့ထွက်ခွာခြင်းက အယုံအကြည်ကင်းမဲ့ခြင်းဟု အဓိပ္ပါယ်ဖွင့်ဆို၍ ရနိုင်ပါသည်။

ယခုအချိန်တွင် COVID-19 ကြောင့် လုပ်ငန်းများအနေဖြင့် မည်သည့်နေရာတွင် ဆက်လက်ရင်းနှီးမြှုပ်နှံရမည်၊ မည်သည့်နေရာတို့တွင်မူ ရပ်တန့်ထားရမည် စသည်ကို ချိန်ဆဆန်းစစ်နေရသည့်အတွက် စိန်ခေါ်မှုများ ယခင်ကထက်ပို၍ ရင်ဆိုင်နေရပါသည်။ ယခုအချိန်သည် အဆိုပါလုပ်ငန်းများ၏ ပြေးလမ်းတွင် အဟန့်အတားများ ဆက်လက်ချထားရမည့် အချိန်မဟုတ်ပါ၊ ငဲ့ညှာကြည့်၍ လုပ်ငန်းအောင်မြင်ရန် ထောက်ပံ့ကူညီရမည့်အချိန် ဖြစ်ပါသည်။ ဤကပ်ရောဂါကြောင့် မြန်မာနိုင်ငံ၏စီးပွားရေး မည်မျှအထိ သက်ရောက်မှုရှိခဲ့သည်ကို အပြည့်အဝမြင်နိုင်ရန် စောနေပါသေးသည်။ သေချာသည်မှာတော့ လုပ်ငန်းကြီးငယ်တို့သည် ယခုအခါ မိမိတို့၏ ကုန်ကျမှုများကို ပို၍ဂရုပြုကာ နိုင်ငံတကာစျေးကွက်အတွင်း လုပ်ငန်းချဲ့ထွင်ရေးနှင့်ပတ်သက်လာလျှင် အလွန်သတိပြု၍ လုပ်ဆောင်သွားရန်သာ ရှိပါသည်။ မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းစျေးကွက်အတွင်း ဝင်ရောက်ထားပြီးသည့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများကို လက်လွှတ်ဆုံးရှုံးခံနိုင်သည့် အနေအထားတွင်မရှိပါ။ ကျွန်ုပ်တို့အနေဖြင့် နိုင်ငံ့စီးပွားရေးအပေါ် COVID-19 ၏ သက်ရောက်မှုများ ပို၍မဆိုးရွားစေလိုလျှင်၊ နိုင်ငံ၏ အကောင်းဆုံးမဟုတ်သေးသော ဂုဏ်သတင်းကို ယခုထက်ပို၍ မထိခိုက်စေလိုလျှင် အဆိုပါလုပ်ငန်းများ၏ အကျိုးစီးပွားကို ကာကွယ်ပေးသင့်ပါသည်။

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လုပ်ကိုင်ရန်နှင့် ကာလရှည် လက်တွဲလုပ်ဆောင်ရန် အခွင့်ကောင်း၊ အခြေအနေကောင်းသည့် နေရာဖြစ်စေရန်အတွက် စနစ်ပြုပြင်ပြောင်းလဲရန် လိုအပ်ပါသည်။ ဌာနဆိုင်ရာ လုပ်ငန်းစဉ်များ ယခုထက်ရှင်းလင်းလွယ်ကူစေရန်၊ ရှိနေပြီးသော လုပ်ငန်းအဖွဲ့အစည်းများကို စဉ်ဆက်မပြတ် ပံ့ပိုးပေးနိုင်ရန် လုပ်ဆောင်ပေးရပါမည်။

လုပ်ငန်းတစ်ခုအနေဖြင့် နိုင်ငံရပ်ခြားတွင် ဝင်ရောက်လုပ်ကိုင်မည်ဆိုပါက ကုမ္ပဏီမှတ်ပုံတင်ရခြင်းနှင့် လိုအပ်သော လိုင်စင်များရယူခြင်းမှစ၍ လုပ်ငန်းလုပ်ဆောင်ရန် မြေ သို့မဟုတ် လုပ်ငန်းနေရာရယူရခြင်း၊ ဝန်ထမ်းသစ်များကို ဆွဲဆောင်နိုင်ရန်အတွက် ဝန်ထမ်းခန့်ထားရေးခွင့်ပြုချက်များ ရယူရခြင်း အစရှိသည်တို့ အထိ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ လုပ်ငန်းဆောင်တာများစွာ လုပ်ကိုင်ရပါသည်။ ယခုအချိန်အထိမူ မြန်မာနိုင်ငံတွင် အဆိုပါခွင့်ပြုချက်များရယူရန် လုပ်ငန်းစဉ်တို့မှာ ရှုပ်ထွေးလျက်ရှိနေဆဲ ဖြစ်ပါသည်။

ထိုမျှသာမက ကြိုးနီစနစ်ကျင့်သုံးမြဲ ရှိနေခြင်း၊ ရှည်ကြာလွန်းသည့် စနစ်များအသုံးပြုခြင်း၊ အဆိုပါလုပ်ငန်းစဉ်များ၊ ခွင့်ပြုမိန့်များရယူရာတွင် ရှင်းလင်းမှု၊ ပွင့်လင်းမြင်သာမှု မရှိခြင်း စသည့်အချက်များ ကိုလည်း ကုမ္ပဏီများက မကြာခဏဆိုသလို ညည်းတွားတတ်ကြပါသည်။ နိုင်ငံတကာလုပ်ငန်းများ အနေဖြင့် မြန်မာနိုင်ငံအတွင်း လုပ်ငန်းအောင်မြင်စွာ တည်ထောင်လုပ်ကိုင်လိုသော မျှော်လင့်ချက်များ ရှိနေသော်လည်း နေရာစုံမှ အဟန့်အတားများ ချည်းသာ ကြုံတွေနေရသကဲ့သို့ ခံစားနေရပါသည်။

အချုပ်ဆိုရသော် ယခုအချိန်သည် ကမ္ဘာတစ်ဝှမ်းလုံးကို ရိုက်ခတ်နေသော ကပ်ရောဂါဖြစ်ပွားရာ၊ ကမ္ဘာ့ စီးပွားရေးကျဆင်းရာ အချိန်ဖြစ်နေသည့်အတွက် မြန်မာအစိုးရအနေဖြင့် မိမိကျင့်သုံးရာလမ်းစဉ်ပြောင်းလဲ၍ မြန်မာနိုင်ငံတွင်း ယုံကြည်စိတ်ချစွာ ရင်းနှီးမြှုပ်နှံထားသော လုပ်ငန်းများကို သပြေခက်နှင့်ရေချမ်း ကမ်းလှမ်းသင့်သည့် အရေးကြီးအချိန်ပင်ဖြစ်ပါကြောင်း ပြောကြားနိဂုံးချုပ်အပ်ပါသည်။

အောင်ခန့်ဦးသည် မန္တလေးဇာတိ၊ ရန်ကုန်အခြေစိုက် ပြည်သူ့ရေးရာအထူးပြု အတိုင်ပင်ခံပုဂ္ဂိုလ်တစ်ဦးဖြစ်ပါသည်။

- Advertisment -

Must Read

Yangon’s New City Project receives 16 proposals from nine countries

New Yangon City Development Project has received 16 Expressions of Interests (EOI) submitted by companies and consortiums from nine countries in the Swiss Challenge...