Yangon Approves 49 Investments in First Three Months of Fiscal 2020

0
295

The Yangon Regional Investment Committee approved 49 investment proposals during October 1 to December 18, 2019.  Two of the approved proposals, worth a combined K2.045 billion, are from local investors while the rest are for foreign direct investments worth $80.722 million in total.

The approved investments are expected to create 26,750 jobs for local people.

The majority of the investors behind these proposals are from mainland China and the rest are from Hong Kong, Taiwan, British Virgin Islands, India and Europe.

Their investments are destined for garment manufacturing, bag-making, hat-making, production tapes, plastics and packaging materials, sportswear manufacturing and screen printing, among other businesses.

During fiscal 2019, Yangon received 160 foreign investments worth $260.469 million and 21 local investments worth K2.965 billion.

Under the Myanmar Investment Law, states and regions have the authority to approve investments under $5 million; investments exceeding this amount need to be approved by the Myanmar Investment Commission.


Myanmar Summary

လက်ရှိဘဏ္ဍာနှစ်  သုံးလဝန်းကျင်ကာလအတွင်း ရန်န်ကုန်တိုင်းအတွက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၄၉ ခု ခွင့်ပြု

၂၀၁၉ – ၂၀၂၀ ဘဏ္ဍာနှစ် အစ ဖြစ်သည့် အောက်တိုဘာလ ၁ရက်နေ့မှ ဒီဇင်ဘာလ ၁၈ ရက်နေ့အထိ ၃လဝန်းကျင် ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွက် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၄၉ ခု ကို ခွင့်ပြုခဲ့ပြီး ယင်းအနက်မှ လုပ်ငန်း ၂ ခု သည် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ဖြစ်ကြောင်း ရန်ကုန်တိုင်း ရင်းနှီးမြှုပ်နှံမှု ကော်မတီမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၄၇ ကို ခွင့်ပြုထားပြီး ယင်းလုပ်ငန်းများမှ အမေရိကန်ဒေါ်လာ ၈၀ ဒသမ ၇၂၂ သန်း ရင်းနှီးမြှုပ်နှံထားသည်။ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်း ၂ ခုမှ ကျပ်ငွေ ၂၀၄၅.၀၀၀သန်း ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။

အဆိုပါလုပ်ငန်း ၄၉ ခုမှ ပြည်တွင်း လုပ်သား ၂၆၇၅၀ဦးအတွက် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။ တရုတ်၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ British Virgin Islands ၊ အိန္ဒိယ နှင့် ဥရောပနိုင်ငံများမှာ စက်မှုကဏ္ဍများအတွက် လာရောက်ရင်းနှီးမြှုပ်နှံခြင်းဖြစ်ပြီး တရုတ်နိုင်ငံမှ အများဆုံးရင်းနှီးမြှုပ်နှံထားသည်။

လုပ်ကိုင်ခွင့်ပြုခဲ့သည့် လုပ်ငန်းများမှာ အဝတ်အထည်ချုပ်လုပ်သည့် လုပ်ငန်း၊ အိတ်ချုပ်လုပ်သည့်လုပ်ငန်း၊ ဦးထုတ်လုပ်ငန်း၊ တိပ်၊ ပလပ်စတစ်နှင့် ထုတ်ပိုးပစ္စည်းလုပ်ငန်း၊ အားကစား ပစ္စည်းထုတ်လုပ်သည့်လုပ်ငန်း၊ အဝတ်အထည်ပေါ်တွင် ပန်းထိုးပန်းကပ်သည့်လုပ်ငန်းနှင့် အခြားသော လုပ်ငန်းများကို ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်အတွင်း ရန်ကုန်တိုင်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၁၆၀မှ အမေရိကန်ဒေါ်လာ ၂၆၀.၄၆၉ သန်းရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။ ပြည်တွင်းလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်း ၂၁ ခုမှ ကျပ်ငွေ ၂၉၆၅.၆၉၈သန်း ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။

ရန်ကုန်တိုင်းအပါအဝင် တခြားတိုင်းနှင့်ပြည်နယ်ကော်မတီများတွင် ရင်းနှီးမြှုပ်နှံမည်ဆိုပါက အမေရိကန်ဒေါ်လာ ၅သန်းနှင့် ၅သန်းအောက်ကိုသာ ခွင့်ပြုလျက်ရှိပြီး ယင်းထက်ပိုသောပမာဏများသည့် လုပ်ငန်းများကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှှုကော်မရှင်က ခွင့်ပြုချက်ထုတ်ပေးခြင်းဖြစ်သည်။

 

 

 

SOURCEEi Thandar Tun/Myanmar Business Today
Previous articleCentral Bank to Auction Treasury Bonds
Next articleInle Lake: A Peaceful Place