HomeBusinessYangon approves five investment proposals

Yangon approves five investment proposals

(English Text Below)

နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ၄ခုနှင့် မြန်မာနိုင်ငံသားရင်းနှီးမြုပ်နှံမှု ၁ခု ရန်ကုန်တိုင်းဒေသကြီးအတွင်း ရင်းနှီးမြုပ်နှံခွင့်ပြု

ရန်ကုန်တိုင်းဒေသကြီးတွင် ရင်းနှီးမြုပ်နှံမှုလုပ်ကိုင်နိုင်ရန်အတွက် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ၄ခုနှင့် မြန်မာနိုင်ငံသားရင်းနှီးမြုပ်နှံမှု ၁ခုကို ဧပြီလ ၂၉ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီမှ ခွင့်ပြုခဲ့ကြောင်း သိရသည်။

နိုင်ငံခြားသားရင်းနှီးမြုပ်နှံမှုအနေဖြင့် အမေရိကန်ဒေါ်လာ ၅.၈၂၁သန်း ရင်းနှီးမြုပ်နှံခွင့်ပြုခဲ့ပြီး မြန်မာနိုင်ငံသားရင်းနှီးမြုပ်နှံမှုအတွက် ကျပ်ငွေ ၁၂၅၅.၀၅သန်း ခွင့်ပြုထားပြီး အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၁၉၀၀ဦးအတွက် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးထားကြောင်း သိရသည်။

ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများကို လုပ်ကိုင်ခွင့်ပြုရန်အတွက် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီဥက္ကဌ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်၀န်ကြီး၊ ကရင်တိုင်းရင်းသား လူမျိုးရေးရာ၀န်ကြီးနှင့် တာ၀န်ရှိသူများမှ Video Conferencing ဖြင့် မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ဉပဒေနှင့်အညီ ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်အတွင်း၌ ရန်ကုန်တိုင်းတွင် နိုင်ငံခြားမှရင်းနှီးမြုပ်နှံမှု လုပ်ငန်းပေါင်း ၁၆၀နှင့် ပြည်တွင်းလုပ်ငန်းရှင်များ ရင်းနှီးမြုပ်နှံသည့် လုပ်ငန်း၂၁ခုကို ခွင့်ပြုပေးခဲ့သည်။

၂၀၁၈-၂၀၁၉ဘဏ္ဍာတစ်နှစ်တာအတွင်းတွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု လုပ်ငန်းပေါင်း ၁၆၀မှ အမေရိကန်ဒေါ်လာ ၂၆၀.၄၆၉သန်းရင်းနှီးမြုပ်နှံထားပြီး ပြည်တွင်းလုပ်ငန်းရှင်များ ရင်းနှီးမြုပ်နှံသည့် လုပ်ငန်း၂၁ခုမှ ကျပ်ငွေ ၂၉၆၅.၆၉၈သန်း ရင်းနှီးမြုပ်နှံထားကြောင်း သိရသည်။


Yangon Region Investment Committee approved four foreign direct investments worth $5.821 million and one local investment worth K1.255 billion on April 29.

The newly approved five investments are expected to create jobs for 1,900 people.

President of Yangon Region Investment Committee, Regional Minister for Agriculture, Livestock, Forestry and Energy, Regional Minister for Karen Ethnic Affairs and other officials held a video conference to approve the investment proposals in accordance with Myanmar Investment Law.

Yangon approved 160 foreign investments and 21 local investments in 2018-2019 Fiscal Year totaling $260.469 million and over K2.965 billion.

- Advertisment -spot_img

Must Read

Ooredoo adopts new brand positioning

Recently, Ooredoo Myanmar changed their brand logo on Facebook baffling the users amid rumours that Ooredoo Group was planning to sell its Myanmar branch. But...
spot_img