Over 12,000 people have applied to buy land being offered by the Yangon Regional Government, including plots designated for residential and industrial use.
K10,000 application forms were sold by the regional government during October 7 – November 8 and prospective buyers were required to propose a price for each of the plots they sought to buy.
“The management committee is now grouping the applications, such as how many for residential area and how many for industries,” said U Than, Joint Secretary of the Yangon City Development Committee.
The committee has also invited submission of Expressions of Interest (EOIs) to meet infrastructure needs.
“Water supplies in four Dagon Townships, Shwe Pyi Thar Township and Hlaing Thar Yar Township have not fully met existing needs,” said U Than. “Therefore, we need to implement infrastructure for some of these places. We will build the infrastructure with private investment, not with state budget. The cost will be added to the land price.”
In addition to paying municipal fees, buyers will be required to begin construction on the acquired plots within six months. They need to use the land for at least three years and ownership transfers are not allowed until the fourth year.
The Yangon Regional Government plans to sell 10,000 acres of land in three batches. The offered plots are located in Dagon Seikkan, East Dagon, North Dagon, South Dagon, Hlaing Thar Yar and Shwe Pyi Thar townships.
Myanmar Summary
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံ ခန့်ခွဲမှုလက်အောက်တွင်ရှိသည့် မြေကွက် များ ကို အောက်တိုဘာ ၇ ရက်မှ နိုဝင်ဘာ ၈ ရက်အထိ အများပြည်သူများကို လျှောက် လွှာများရောင်းချခဲ့ရာ လျှောက်လွှာစောင်ရေ တစ်သောင်းငါးထောင်ကျော် ရောင်းချထား ပြီး မြေကွက်လျှောက်ထားသူ တစ်သောင်းနှစ် ထောင်ကျော် ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတွဲဖက်အ တွင်းရေးမှူး ဦးသန်းက ပြောသည်။
ထိုသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ မှဖွဲ့စည်းပေးထားသည့် မြေစီမံခန့်ခွဲရေး ကော်မတီမှ လျှောက်လွှာတစ်စောင်လျှင် တစ်သောင်းကျပ်ဖြင့် ရောင်းချပေးခဲ့ပြီး လျှောက်ထားသည့် အဆိုပြုနှုန်းထားနှင့် မြေနေရာကို ရွေးချယ်လျှောက်ထားစေခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် မြေနေရာအလိုက် လျှောက်လွှာအလိုက်စိစစ်ဆဲ အဆင့်တွင် သာရှိသေးသည်။
”လက်ခံထားတဲ့စောင်ရေတွေအပေါ်မှာ မြေစီမံခန့်ခွဲမှု ကော်မတီကနေလောလော ဆယ်တော့ အမျိုးအစားခွဲခြားနေတုန်းပဲ ရှိပါ သေးတယ်။ စက်မှှုဇုန်အတွက် ဘယ်လောက် လျှောက်တယ်။ လူနေအိမ်ရာအတွက်က ဘယ်နှစ်ဦးလျှောက်သလဲ စီးပွားရေး စက်မှု လုပ်ငန်းအတွက်ခွဲခြားနေတုန်းပါ”ဟု ဦးသန်း က ဆိုသည်။
လက်ရှိရောင်းချမည့်မြေနေရာများသည် အခြေခံအဆောက်အအုံ လိုအပ်ချက်များ ရှိခြင်းကြောင့် ယင်းအခြေခံအဆောက်အအုံ လိုအပ်ချက်များကို ဆောင်ရွက်မည့်ကုမ္ပဏီ များကို စိတ်ဝင်စားမှုအဆိုပြုလွှာများ ခေါ် ယူထားကြောင်း သိရသည်။
ယင်းသို့ အခြေခံအဆောက်အအုံလိုအပ် ချက်များဖြစ်သည့် ရေ၊ လျှပ်စစ်မီးနှင့် လမ်း များကို တင်ဒါအောင်မြင်သည့်ကုမ္ပဏီများက ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါ စရိတ် ကို မြေနေရာဝယ်ယူက ကျခံရမည်ဖြစ် ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီမှ သိရသည်။
”ဒဂုံမြို့သစ်လေးမြို့နယ်နဲ့ ရွှေပြည်သာ လှိုင်သာယာအတွက် ရေလိုအပ်ချက် ၁ဝဝ ရာခိုင်နှုန်းမပေးနိုင်သေးပါဘူး။ ဒါကြောင့် နောက်ထပ် ရောင်းမယ့် မြေကွက်တွေ နေရာမှာ အခြေခံလိုအပ်ချက်တွေတော့လုပ် ပေးမယ်။ ရေပေးနိုင်တဲ့အချိန်မှာ ရေတစ် ခါတည်းပေးနိုင်အောင် လုပ်ထားတာပါ။ လို အပ်တဲ့အခြေခံလိုအပ်ချက်တွေကို ကျွန် တော်တို့က အစိုးရဘတ်ဂျက်နဲ့ လုပ်ပေးမှာ မဟုတ်ပါဘူး။ သက်ဆိုင်ရာကုမ္ပဏီက ရင်းနှီး မြှုပ်နှံပြီး လုပ်ပေးမှာပါ။ ဒါတွေကို မြေရဲ့ တန်ဖိုးအပေါင်းလိုအပ်ချက်ကုန်ကျစရိတ် ထည့်ပေါင်းပေး ရမှာဖြစ်ပါတယ်”ဟု ဦးသန်း က ပြောသည်။
ယင်းသို့ မြေလျှောက်ထားသူများကို သတ် မှတ်ထားသည့် စည်ပင်စရိတ်ပေးသွင်း၍ အသုံးပြုခွင့်ပေးမည်ဖြစ်ပြီး ခြောက်လ အတွင်းတွင် စည်ပြင်မြေစရိတ်ပေးသွင်းစေ ခြင်း၊ အဆောက်အအုံ ဆောက်လုပ်စေခြင်း တို့ပြုလုပ်ပြီးနောက်တွင် သုံးနှစ်အတွင်း မြေအမည် ပေါက်ပြောင်းလဲခွင့်မပြုကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံ ခန့်ခွဲမှုအောက်တွင်ရှိသည့် မြေများမှာ ဒဂုံ အရှေ့၊ ဒဂုံဆိပ်ကမ်း၊ ဒဂုံမြောက်၊ ဒဂုံတောင်၊ လှိုင်သာယာနှင့် ရွှေပြည်သာမြို့နယ်တို့တွင် ရှိကြောင်း မြေစီမံခန့်ခွဲမှုကော်မတီမှ သိရ သည်။ တိုင်းအစိုးရမြေများအနက် မြေဧက တစ်သောင်းခန့်ကို သုံးကြိမ်ခွဲ၍ ရောင်းချ သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။