Yangon to Expand Power Supply to 86 Percent of Households

0
351
Zarni Min Naing/Graphic Designer/MBT

Ei Thandar Tun/Myanmar  Business Today

The Yangon Regional Government will spend K45 billion to expand power supply to over 86 percent of households by the 2021 fiscal year.

To meet summertime spikes in power demand, Yangon is building a 151-megawatt combined cycle power plant in Ahlone Township, a 350-megawatt LNG-fired power plant in Thanlyin Township and a 400-megawatt LNG-fired power plant in Thaketa Township. All three plants are expected to be completed by May 2020.

The Yangon Region consumes 1,548 megawatts of electricity per day, or almost half of the country’s total power consumption. Since July 1, the region has raised fees for electricity use, doubling the cost for consumers who use over 100 units per month.

In the 2022 fiscal year, the region will spend K23 billion to expand power supply to all households including those on Coco Islands.

Since 2016, the Yangon Regional Government has provided electricity to 368 townships and 16,941 villages.

Soon, the country will be able to provide electricity for up to 50 percent of the population, compared to 34 percent at present, thanks to recently opened electrical substations in Hmawbi, Okkan and Ahpyauk townships, which together will increase power production capacity by 16 percent.

“The country spent K2.89 billion to increase power supply. Through the electrical substations, nearby residents will get benefits from access to power,” said U Win Khaing, Union Minister of Electricity and Energy.

Myanmar aims to provide electricity to 55 percent of households by the 2022 fiscal year, 75 percent of households by the 2026 fiscal year and 100 percent by 2030.


Myanmar Summary

လာမည့် ဘဏ္ဍာနှစ်မှစတင်၍ ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ အိမ်ထောင်စု စုစု ပေါင်း၏ ၈၆ ရာခိုင်နှုန်းကျော်ကို လျှပ်စစ် ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန် ရန်ပုံငွေကျပ် ၄၅ ဘီလီယံကျော် အသုံးပြုကာ လုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဝန် ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။
လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပိုမိုသုံးစွဲလာမည့် လျှပ်စစ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် အလုံဓာတ်အားပေး စက်ရုံစီမံကိန်း ၁၅၁ မဂ္ဂါဝပ် (Combined Circle Power Plant)၊ သန်လျင်LNG သုံး ဓာတ်အားပေးစက်ရုံစီမံကိန်း ၃၅ဝ မဂ္ဂါ ဝပ်နှင့် သာကေတLNG သုံးဓာတ်အားပေး စက်ရုံ စီမံကိန်း ၄ဝဝ မဂ္ဂါဝပ်တို့ကို အကောင် အထည်ဖော် တည်ဆောက်လျက်ရှိပြီး ၂ဝ၂ဝ ခုနှစ် မေလတွင် ပြီးစီးနိုင်ရန် ဆောင်ရွက် လျက်ရှိသည်။
ရန်ကုန်တိုင်းဒေသကြီး၏ လျှပ်စစ်ဓာတ် အားသုံးစွဲမှုမှာ တစ်ရက်လျှင် ၁၅၄၈ မဂ္ဂါဝပ် အထိရှိပြီး တစ်နိုင်ငံလုံး၏ ထက်ဝက်နီးပါး ၅ဝ ရာခိုင်နှုန်းအထိ သုံးစွဲလျက်ရှိသည်။ ဇူလိုင်လ၁ရက်နေ့မှ စတင်၍ ရန်ကုန်တိုင်း ဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားသုံးစွဲသူ များကို လျှပ်စစ်မီတာခနှုန်းထားများပြောင်း လဲ ကောက်ခံလျက်ရှိသည်။ ပြောင်းလဲလိုက် သည့် နှုန်းထားအသစ်ကြောင့် အိမ်သုံးမီတာ ယူနစ်တစ်ရာနှင့်အထက် သုံးစွဲသူများ အတွက် ယခင်ဈေးထက်နှစ်ဆနီးပါးကုန်ကျ နေသည်။
လာမည့်ဘဏ္ဍာနှစ်အပြီးတွင် ငွေကျပ် ၂၃ဘီလီယံ အထိသုံးစွဲကာ ကိုကိုးကျွန်းနှင့် အခြားသော လျှပ်စစ်မီးမရရှိသေးသည့် ရန်ကုန် တိုင်းအတွင်းရှိ ကျေးရွာများအားလုံး ၁ဝဝ ရာခိုင်နှုန်း လျှပ်စစ်မီးရရှိစေရန် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။
၂ဝ၁၆ ခုနှစ်မှစတင်ပြီး သုံးနှစ်ကျော် ကာလအတွင်း ဓာတ်အားထုတ်လုပ်သည့် စက်ရုံများ တိုးချဲ့ကာ ကျေးလက်မီးလင်း ရေးဆောင်ရွက်ခဲ့သဖြင့် မြို့ပေါင်း ၃၆၈ မြို့ နှင့် ကျေးရွာပေါင်း ၁၆၉၄၁ ကျော်ကို ဓာတ် အားဖြန့်ဖြူးပေးနိုင်ခဲ့သည်။
လက်ရှိ တစ်နိုင်ငံလုံးတွင် လျှပ်စစ်ဓာတ် အား ၃၄ ရာခိုင်နှှုန်း ဖြန့်ဖြူးပေးရာမှ နိုဝင် ဘာလ ၃ဝ ရက်တွင် ဖွင့်လှစ်လိုက်သည့် မှော်ဘီမြို့နယ်၊ တပ်ကြီးကုန်း ဓာတ်အားခွဲရုံ၊ ဥက္ကံမြို့ ကျွန်းတောကုန်း ဓာတ်အားခွဲရုံနှင့် အဖျောက်မြို့အဖျောက် ဓာတ်အားခွဲရုံတို့မှ ၁၆ ရာခိုင်နှုန်းထိ ထပ်တိုးထုတ်နိုင်မှှုကြောင့် ၅ဝ ရာခိုင်နှုန်းထိ ဖြန့်ဖြူးပေးနိုင်တော့မည် ဖြစ်သည်။
”အခုလိုဆောင်ရွက်တဲ့အတွက် နိုင်ငံတော် က ငွေကျပ် သန်း ၂၈၉ဝ ခန့် ကုန်ကျခဲ့ပါ တယ်။ ဒီဓာတ်အားခွဲရုံတွေကတဆင့် အနီး ဝန်းကျင်မှာရှိတဲ့ မြို့ပြနဲ့ ကျေးလက်နေပြည် သူ တွေဟာ လျှပ်စစ်ဓာတ်အား ပိုမိုအသုံးပြု လာနိုင်တဲ့အတွက် အကျိုးစီးပွားဖြစ်ထွန်းလာ မှာ ဖြစ်ပါတယ် ”ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က အဆိုပါဖွင့်ပွဲအခမ်းအနားတွင် ပြောသည်။
နိုင်ငံတစ်ဝှမ်းတွင် လျှပ်စစ်ဓာတ်အားဖြန့် ဖြူးခြင်းကို ၂ဝ၂၁-၂ဝ၂၂ ခုနှစ်တွင် ၅၅ ရာ ခိုင်နှုန်း ၊ ၂ဝ၂၅-၂ဝ၂၆ ခုနှစ်တွင် ၇၅ ရာခိုင် နှုန်းအထိ ဖြည့်ဆည်းပေးနိုင်ရေးကိုလည်း ကြိုးပမ်းဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ၂ဝ၃ဝ ပြည့်နှစ်တွင် နိုင်ငံတစ်ဝှမ်းလုံး လျှပ် စစ်ဓာတ်အားရရှိသုံးစွဲနိုင်ရန် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

SOURCEEi Thandar Tun/Myanmar Business Today
Previous articleMyanmar Ranks 82nd on Illicit Trade as Crackdown Continues
Next articleUnionPay Launches Go-for-Gold Campaign