Myo Sandar/Myanmar Business Today
The Yangon City Development Committee is poised to remove a second batch of unauthorized overhead cables, according to U Lin Khaing, head of the YCDC’s Engineering Department (Roads and Bridges).
After the YCDC took action against messy overhead cables in 2018, 23 companies registered with the committee as authorized cable installers in Yangon. They pay fees to the YCDC for their cable lines.
“We have requested permission from the Yangon Regional Government to control unauthorized cable line installation activities,” said U Lin Khaing. “When we inspect constructed cables, we always bring along companies to see who the operators of the cables are. Unclaimed ones are removed.”
It is difficult to control illegally installed cables as they are often set up at night, according to the official.
“Now we are inspecting the cable lines,” he said.
The committee has inspected cable lines on Pyay Road, Ahlone Road and other roads in downtown areas.
A total of 36 companies have submitted Expressions of Interest to carry out cable installation in Yangon and the committee will choose the most qualified through a tender process.
The YCDC also invited submission of EOIs to build telecom towers on the roadside and 42 companies have submitted their interest. A majority of existing telecom towers in the city are mounted on building rooftops.
Myanmar Summary
ခွင့်ပြုချက်မဲ့ သွယ်တန်းထားသည့် ကေဘယ်လ်ကြိုးများကို ဖယ်ရှားမည်
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခွင့်ပြုချက်မဲ့သွယ်တန်းထားသည့် ဆက်သွယ်ရေးကေဘ်လ်ကြိုးများကို ဒုတိယအကြိမ်အဖြစ် ဖယ်ရှားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC) အင်ဂျင်နီယာဌာန (လမ်းတံတား) မှ ဌာနမှူး ဦးလင်းခိုင်က ပြောသည်။
ယင်းသို့ ခွင့်ပြုချက်မဲ့သွယ်တန်းထားသည့် ကေဘယ်လ်ကြိုးများကို ဖယ်ရှားခြင်းကို ၂၀၁၈ ခုနှစ်တွင် လုပ်ဆောင်ခဲ့ပြီး ထိုသို့လုပ်ဆောင်ခြင်းကြောင့် ကုမ္ပဏီ ၂၃ ခုမှ YCDC တွင် တရားဝင်မှတ်ပုံတင်လာကြောင်း သိရသည။်
“ကျွန်တော်တို့ဆီမှာ မှတ်ပုံတင်ထားတဲ့ ဆက်သွယ်ရေးကုမ္ပဏီ ၂၃ ခုက လွဲရင် ကျန်တာတွေက ခွင့်ပြုချက်မဲ့ဆောင်ရွက်တာဖြစ်ပါတယ်။ ဒါတွေကို ထိန်းချုပ်ဖို့လိုတဲ့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တင်ပြထားပါတယ်။ ပြည်လမ်းကို စစ်မယ်ဆိုရင် အဲဒီလမ်းမှာ သွယ်တန်းထားတဲ့ ကုမ္ပဏီတွေနဲ့ ကြိုးတွေကို အတူစစ်ပါတယ်။ ပိုင်ရှင်မပေါ်တဲ့ ကြိုးတွေကို တစ်ခါတည်းဖြုတ်ချပါတယ်” ဟု ဦးလင်းခိုင်က ပြောသည်။
လက်ရှိတွင် ပြည်လမ်း၊ အလုံလမ်းနှင့် Down Town မြို့နယ်များရှိ လမ်းများတွင် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ပြီး တရားဝင်ဆောင်ရွက်ရန် စိတ်ဝင်စားမှုအဆိုပြုလွှာ (EOI) ခေါ်ယူထားပြီး YCDC တွင် လျှောက်ထားသည့် ကုမ္ပဏီ (၃၆) ခုခန့်ရှိကြောင်း သိရသည။်
“ တရားမဝင်သွယ်တန်းထားတဲ့ ကေဘယ်လ်ကြိုးတွေကို ထိန်းချုပ်ဖို့ ခက်ပါတယ်။ ညတွေမှာ ခိုးသွယ်ကြပါတယ်။ အခုလမ်းအလိုက်စိစစ်နေပါတယ်” ဟု ၎င်းက ဆိုသည်။
EOI တင်ထားသည့် ကုမ္ပဏီ ၃၆ ခု ကို စိစစ်၍ တင်ဒါခေါ်ယူသွားမည်ဖြစ်ပြီး တင်ဒါ အောင်မြင်သည့်ကုမ္ပဏီအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ စာချုပ်ချုပ်ဆို လုပ်ကိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် တရားဝင်ကေဘယ်လ်လိုင်းပြေးဆွဲခွင့် ကုမ္ပဏီ ၂၃ ခုရှိပြီး အဆိုပါကုမ္ပဏီမျာသည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ လမ်းအသုံးပြုခပေးဆောင်၍ သွယ်တန်းထားခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် တိုက်ခေါင်းမိုးများပေါ်တွင် တပ်ဆင်ထားသည့် တာဝါတိုင်များကိုလည်း လမ်းဘေးတွင် ပြောင်းရွှေ့ကာ တရားဝင်လုပ်ကိုင်နိုင်ရန် EOI ခေါ်ယူထားပြီး လျှောက်ထားသည့်ကုမ္ပဏီ ၄၂ ခုရှိကြောင်းသိရသည်။