Yangon’s Chicken Demand Drops over Salmonella Report

0
134

A January survey showing that chicken sold in Yangon was tainted with salmonella has caused demand to drop as consumers worry about the safety of chicken consumption. Chicken price in the city has dropped by K800 per viss (1.63 kg).
“This was a regular medical survey, from which we could draw the conclusion that we cannot eat chicken any more. Unofficial media on social networks exaggerated the news, worsening consumer concerns. The result is decreased chicken demand which, combined with chicken imports, brings down chicken prices,” said Myanmar Livestock Federation consultant Dr. Thet Khaing.
The production cost for one viss of chicken is around K2,800 while the price in the market is around K2,000-2,100. This has made poultry farmers hesitate whether to continue breeding chicken, she added.
Salmonella bacteria are commonly found in chicken intestine but can be killed if cooked at a high temperature.
Chicken demand and prices dropped drastically during the 2017 bird flu outbreak, forcing local authorities to organize public events dubbed “chicken eating festivals.” Yangon produces around 250,000 viss of chicken daily but demand has dropped to as low as one-third of total production.
The annual per capita chicken consumption in Myanmar is 6 kg, compared to 14 kg in Thailand and 26 kg in Malaysia.

ဆဲမိုနဲလားပိုးတွေ့သည့်သတင်းကြောင့် ရန်ကုန်တိုင်းအတွင်း ကြက်သားစားနှုန်းကျဆင်းလာ
ဆဲမိုနဲလားပိုးတွေ့သည်ဆိုသည့် သတင်းကြောင့် ရန်ကုန်အတွင်း ကြက်သား စားနှုန်းများ ကျဆင်းလာပြီး ကျပ်သားတစ်ပိဿာ (၁ ဒသမ ၆၃ ကီလိုဂရမ်) ဈေးနှှုန်းမှာ ကျပ် ၈၀၀ ခန့်ဆုံးရှုံး လျက်ရှိကြောင်း မြန်မာနိုင်ငံမွေးမြူရေး လုပ်ငန်းရှင်များအဖွဲ့ချုပ် အကြံပေး ဒေါက်တာ သက်ခိုင်က ပြောသည်။
“ ဇန်နဝါရီလတုန်းက ကြက်သားတွေမှာ ဆန်မိုနဲလား ပိုးတွေ့ရှိတယ်လို့ သတင်းများ ထွက်ပေါ်လာ ပြီးနောက်မှာ ဖြစ်ခဲ့တာပါ။ ဒါက ပုံမှန်သုတေသနတစ်ခုပဲ ။ ဒါကိုကြည့်ပြီး ကြက်သား စားလို့မရတော့ဘူး ဆိုပြီး ကောက်ချက်ဆွဲလိုက်လို့မရဘူး ။ အချို့ဆိုအွန်လိုင်းပေါ်မှာ သတင်းဌာနမဟုတ်ဘဲ ဒီသတင်းကို ပုံစံဖျက်လိုက်တယ် ။ ကြက်သားမစားနဲ့ဆိုပြီးတော့ အဲဒီကနေစပြီးကြက်သားစားနှုန်းက ကျသွားတယ်။ နောက်တစ်ချက်ကလည်း ပြည်ပကနေဝင်လာတဲ့ ကြက်သားတွေရှိတယ်။ အဲဒီနှစ်ခုပေါင်းပြီး တော့အခါကျတော့ ကြက်သားဈေးကတော်တော်လေး နိမ့်သွားတဲ့ အနေထားဖြစ်နေတယ်” ဟု ၎င်းက ပြောသည်။
အဆိုပါ သတင်းများ ထွက်ပေါ်လာပြီးသည့်နောက် ကြက်သားတစ်ပိဿာအတွက် ထုတ်လုပ်မှုတန်ဖိုး ကျပ် ၂၈၀၀ ခန့်ရှိနေပြီး ပြန်လည်ရောင်းချရာတွင် ကြက်သားတစ်ပိဿာလျှင် ကျပ် ၂၀၀၀ မှ ၂၁၀၀ အထိသာ ပြန်လည်ရောင်းချနေရကြောင်း သိရသည်။ လက်ရှိအချိန်အထိ ဈေးကွက်မှာ ပြန်လည်တည်ငြိမ်မှု မရှိဘဲ မွေးမြူ ရေးသမားအနေဖြင့် ကြက်များထပ်မံမွေးမြူရန် တုံ့ဆိုင်းလျက်ရှိကြောင်း ဒေါက်တာ သက်ခိုင်က ပြောသည်။
အဆိုပါ ဆန်မိုနဲလားပိုးများမှာ ကြက်၏ အစာအိမ်လမ်းကြောင်းများအတွင်း တည်ရှိပြီး ကြက်သားကို အပူအချိန်ကြာမြင့်စွာဖြင့် ချက်ပြုတ်စားသောက်ပါက ရောဂါပိုးများ ကင်းရှင်းစွာဖြင့် စားသောက်နိုင်ကြောင်း လည်း မွေးမြူရေးလုပ်ငန်းရှင်များအသင်းချုပ်ကို ကိုးကားပြီး ပြည်တွင်းသတင်းများတွင် ဖော်ပြကြသည်။
၂၀၁၇ ခုနှစ်တွင်လည်း ကြက်ငှက်တုတ်ကွေး နှင့် ရာသီပေါ်တုတ်ကွေးများဖြစ်ပွားမှုကြောင့် ကြက်သားဈေးနှုန်းများ အဆမတန်ကျဆင်းမှုများ ဖြစ်ပေါ်ခဲ့ဖူးသည်။ ရန်ကုန်တိုင်းတွင် ကြက်သားထုတ်လုပ်မှုမှာ နေ့စဉ် ကြက်သားပိဿာချိန် နှစ်သိန်းခွဲခန့်ထုတ်လုပ်နေပြီး လက်ရှိဈေးကွက်အတွင်း ပြန်လည်ရောင်းချမှုမှာ သုံးပုံတစ်ပုံခန့်သာ ရှိတော့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် လူတစ်ဦးသည် တစ်နှစ်လျှင် ကြက်သား ၆ ကီလိုဂရမ်ခန့်စားသုံးပြီး ဒေသတွင်းနိုင်ငံများဖြစ်သည့် ထိုင်းနိုင်ငံနှင့် ယှဉ်လျှင် ၁၄ ကီလိုဂရမ် ၊ မလေးရှားနိုင်ငံနှင့် ယှဉ်လျှင် ၂၆ ကီလိုဂရမ်ခန့်လျော့နည်းနေကြောင်း သိရသည်။
Tin Mg Oo

SOURCETin mg Oo /Myanmar Business Today
Previous articleAutoShow Mandalay 2020 to Showcase International Brands
Next articleGrabFood to Launch in Mandalay by Midyear