The Yangon Regional Government has paid over K15.39 billion in compensation to 139 landowners for lands confiscated for projects by the Yangon City Development Committee.

 The confiscated lands are in Dagon Myothit (Seikkan), Dagon Myothit (South), Dagon Myothit (North), Dagon Myothit (East), Hlaing Thar Yar, Shwe Pyi Thar, Mingalardon, Dala, Kyimyindaing and Taikkyi. 

“The President ordered us to [make compensation payouts] as soon as possible,” Yangon Chief Minister U Phyo Min Thein said on January 27. “We planned to pay over K30 billion in compensation. Now we will prepare funds of up to K200 billion for our next  budget.”

President Win Myint has urged local authorities to disburse all compensations by this year. 

The Yangon Regional Government is reselling land to raise funds for compensation payouts. It said it would sell the 10,000 acres of land under its management in three batches. To date, it has sold over 530 acres.

 

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကေ်ာမတီမှ သိမ်းဆည်းထားသည့်မြေယာများအတွက် မြေယာလျော်ကြေး ကျပ် ၁၅၃၈၁ ဒသမ ၂၂ သန်းပေးအပ် 

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက သိမ်းဆည်းထားသည့် မြေများအတွက် မြေယာလျော်ကြေး ကျပ် ၁၅၃၈၁ ဒသမ ၂၂ သန်းကို မူလပိုင်ရှင်တောင်သူ ၁၃၉ ဦးထံသို့ ဇန်နဝါရီ ၂၇ တွင် ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ ပေးအပ်ခဲ့ကြောင်း သိရသည်။ 

ယင်းမြေယာလျော်ကြေးငွေများကို ဒဂုံမြို့သစ်(ဆိပ်ကမ်း) ဒဂုံမြို့သစ်(တောင်ပိုင်း) ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ဒဂုံမြို့သစ်(အရှေ့ပိုင်း) လှိုင်သာယာ၊ ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ ဒလ၊ ကြည့်မြင်တိုင်၊ တိုက်ကြီးမြို့တို့မှ သိမ်းဆည်းထားသည့် မြေယာများအတွက် ပေးအပ်ခဲ့ခြင်းဖြစ်သည်။ 

 “ မြန်မြန်ဆန်ဆန် နဲ့ ထိထိရောက်ရောက်ဆောင်ရွက်ပေးဖို့ နိုင်ငံတော်သမ္မတကြီးက လမ်းညွှန်ထားပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဘတ်ဂျက်ငွေအတွင်းက ၃၀ ဘီလီယံကျော်လျော်နိုင်ဖို့ ပြင်ဆင်ထားပါတယ်။ လာမည့် ဧပြီလမှာ ထပ်မံရေးဆွဲမယ့် ဖြည့်စွက် ဘဏ္ဍာငွေမှာ ကျပ် ၂၀၀ ဘီလီယံကျော်လောက်ထပ်ပြီး ထည့်သွင်းချင်တာမို့ ကျွန်တော်တို့ ငွေရှာနေပါတယ်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဇန်နဝါရီ ၂၇ ရက်တွင် ကျင်းပခဲ့သည့် မြေယာလျော်ကြေးငွေ ပေးအပ်ပွဲတွင် ပြောကြားခဲ့သည်။ 

ယင်းသို့ မြေယာသိမ်းဆည်းခံထားရသည့်တောင်သူများအတွက် မြေယာလျော်ကြေးကို လျင်မြန်စွာစိစစ်၍ မြေယာလျော်ကြေးမြန်မြန်ဆန်ဆန်ပေးရန် နှင့်  မြေယာလျော်ကြေးများကို ၂၀၂၀ အကုန်တွင် အပြီးသတ်ပေးလျော်ရန် နိုင်ငံတော်သမ္မတရုံးမှ တိုက်တွန်းထားကြောင်း သိရသည်။ 

ယင်းသို့ မြေယာလျော်ကြေးများပေးနိုင်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံခန့်ခွဲမှှု လက်အောက်တွင်ရှိသည့် မြေယာများကို အများပြည်သူများကို ရောင်းချလျက်ရှိသည်။ 

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် မြေဧက တစ်သောင်းခန့်ကို သုံးကြိမ်ခွဲ၍ ရောင်းချသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံခန့်ခွဲမှု အောက်တွင်ရှိသည့် မြေများမှာ ဒဂုံမြို့နယ် လေးမြို့နယ် လှိုင်သာယာနှင့် ရွှေပြည်သာမြို့နယ်တို့တွင် ရှိကြောင်း မြေယာစီမံခန့်ခွဲမှုကော်မတီမှ သိရသည်။ 

ရန်ကုန်တိုင်းဒေသကြီးအတွင်း အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသည့် မြေဧက ၅၃၀ ကျော်ကို ပထမအသုတ်အဖြစ်  ရောင်းချခဲ့ပြီးဖြစ်သည်။ 

 

Previous articleExperts Warn of a Surging Market in Fake Prints
Next articleOBG Optimistic on Myanmar Economic Outlook