YCDC to Issue Hygiene Certificates for Yangon Restaurants

0
230

By Tin Maung Oo / Myanmar Business Today

With the aim of promoting cleanliness and hygiene among restaurants, Yangon City Development Committee will provide hygiene certificates for restaurants in Yangon, according to U Maung Maung Soe, Mayor of Yangon.

“We are planning to provide food safety awareness training, the training will be led by the FDA. Moreover, with the help of Consumers Department, FDA, Public Health Department, General Administration Department, and police, we will implement enforcement measures on those who do not meet safety standards,” he explained.

Currently, YCDC’s Health Care Department has taken responsibility of restaurant inspections, disease control, issuing certificates, and inspecting food stalls at schools.

“The Government needs to issue certificates for the chefs at the restaurants in order to make sure people have safe food,” said U Kyaw Min Han, a regional lawmaker.

YCDC is currently providing training to managers of restaurants twice a year to ensure they serve food that is safe to eat. In addition to that, the YCDC will also provide training on cooking, preparing, and storing food depending on the availability of budget and human resources.

There was criticism on the cleanliness and hygiene of food sold at night markets near Strand Road. Due to this, the Government is making efforts to ensure proper cleanliness at night markets as well.

သန့်ရှင်းမှှုနှင့် သပ်ရပ်မှှုများရှိစေရန်နှင့် အစားအသောက်ဝန်ဆောင်မှှုများကို ပီပြင်စွာ ရရှိစေရန် ရန်ကုန်ရှိ စားသောက်ဆိုင်များကို အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးသွားမည်ဖြစ်ကြောင်း  ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက အောက်တိုဘာလ ၈ ရက်နေ့တွင် ပြုလုပ်သည့် တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

            “ လက်ရှိအချိန်မှာ FDA က ဦးဆောင်ပြီးတော့ အစားအသောက်ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ အသိပညာ ဗဟုသုတတွေ တိုးပွားလာအောင်လို့ သင်တန်းဖွင့်လှစ်နိုင်ဖို့ စီမံဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် စားသုံးသူရေးရာ ဦးစီးဌာန ၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၊ FDA တို့ ပူးပေါင်းပြီး တည်ဆဲဥပဒေတွေနဲ့ အညီ ဆောင်ရွက်သွားဖို့ရှိပါတယ်” ဟု ၎င်းက ပြောသည်။

            ထို့ပြင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ကျန်းမာရေးဌာနသည် ကူးစက်ရာဂါများ ကာကွယ်ထိန်းသိမ်းခြင်း ၊ စားသောက်ဆိုင်များကို စစ်ဆေးခြင်းနှင့် ထောက်ခံချက်လက်မှတ်များကို ထုတ်ပေးခြင်း ၊ အခြေခံပညာကျောင်းများရှိ မုန့်ဆိုင်များကိုစစ်ဆေးခြင်းနှင့် ဓါတ်ခွဲစမ်းသပ် စစ်ဆေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

            “ ပြည်သူတွေအနေနဲ့ သန့်ရှင်းကျန်းမာတဲ့ အစားသောက်ဝန်ဆောင်မှှုကောင်းတွေရရှိစေဖို့ ကတော့ စားသောက်ဆိုင်တွေမှာ ရှိတဲ့ အစားသောက် ချက်ပြုတ် သူတွေကို အသိမှတ်ပြုလက်မှတ်တွေ ထုတ်ပေးပြီးထိန်းကျောင်းသွားဖို့ လိုအပ်ပါတယ်” ဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စာလှယ် ဦးကျော်မင်းဟန်က ပြောသည်။

            လက်ရှိအချိန်တွင် စားသောက်ဆိုင်များကို ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များ ရောင်းချနိုင်စေရေးအတွက် စားသောက်ဆိုင်များမှ တာဝန်ခံများကို အလှည့်ကျခေါ်ယူပြီး ကျန်းမာရေးဌာနတွင် သင်တန်းများကို တစ်နှစ်လျှင် (၂) ကြိမ်ပေးလျက်ရှိသည်။ ထပ်မံ၍လည်း ဝန်ထမ်းအင်အားနှင့် ဘတ်ဂျတ်ရရှိမှှုပေါ်မူတည်ပြီး အစားအသောက် ကိုင်တွယ်ပြုပြင်ချက်ပြုတ်ခြင်း ၊ ပြင်ဆင်ခြင်း ၊ အစားအသောက် စနစ်တကျ ထိန်းသိမ်းခြင်း စသည့် ကျန်းမာရေး ပညာပေး သင်တန်းများကိုလည်း တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။

            ယခင်က ကမ်းနားလမ်းတွင်ဖွင့်လှစ်ခဲ့သော ညဈေးတန်းတွင်လည်း အစားသောက်များ ကိုင်တွယ်ချက်ပြုတ်ရောင်းချရာတွင် သန့်ရှင်းသပ်ရပ်မှှုများ မရှိသောကြောင့် ဝေဖန်မှှုများ မြင့်တက်ခဲ့သည်။ တိုင်းဒေသကြီး အစိုးရမှ အဆိုပါ ညဈေးတန်းကို စနစ်တကျ နှင့် သန့်ရှင်းသပ်ရပ်မှှုရှိစေရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

Previous articleMPRL E&P Oil and Gas Soon to Dig Block A-6
Next articleHilton’s Ngapali Resort Wins World Luxury Hotel Award