YCDC to Relocate Kyimyindaing Fish market

0
483

The Yangon City Development Committee is looking for a new location for the Kyimyindaing Fish Market as the present location is too close to residential areas, said Yangon Mayor U Maung Maung Soe at a December 9 press conference organized by the YCDC.
Kyimyindaing is an important wholesale fish market for Yangon, which is the largest fish consumer among Myanmar’s states and regions. It consumes over 6 million kilograms per day, a figure that has been steadily growing since 2015.
“We will relocate the market to a new location as the present location is too close to residential areas,” the mayor said. “It causes smell problems for residents and also has shipment difficulties.”
The government in 2014 opened Shwe Padauk Fish Market but no fish seller opened their shop there. The relocation plan for Kyimyindaing has been met with disagreement from vendors.
“Some people don’t want to move to a new location while others are willing to move,” said U Maung Maung Soe. “In my opinion, they should move.”
The YCDC is looking for a location close to the mouth of the Yangon River that is convenient for docking fishing boats and for shops.
The committee manages 184 markets in 33 townships and has plans to upgrade all of them.


Myanmar Summary

လက်ရှိဖွင့်လှစ်ထားသည့် ကြည်မြင့်တိုင်မြို့နယ်ရှိ ဗဟိုစံပြငါးဈေးသည် လူနေရပ်ကွက်နှင့် နီးကပ်နေခြင်းကြောင့် နေရာပြောင်းလဲ ဖွင့်လှစ်ရန် စီစဉ်နေကြောင်း ရန်ကုန်စည်ပင်သာယာရေးကေ်ာမတီ (YCDC) တွင် ဒီဇင်ဘာလ ၉ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားခဲ့သည်။

ယင်းငါးဈေးသည် ရန်ကုန်မြို့၏ ရေထွက်ကုန်အဓိကလက်ကားဈေးကွက်တစ်ခုဖြစ်ပြီး ပြောင်းရွှေ့မည့်နေရာ အတိအကျမသိရှိရသေးကြောင်း YCDC မှ သိရသည်။

“ လူနေအိမ်နဲ့ နီးတဲ့ဘက်ကိုရွှေ့ဖို့အတွက် အစီအစဉ်တော့ရှိတယ်။ ဆိပ်ကမ်းကပ်ဖို့ အတွက် နေရာအကန့့်အသတ်ရှိတယ်။ နေရာကကောင်းတယ်။ လူနေရပ်ကွက်နဲ့ ငါးနဲ့ အနံ့အသက်နဲ့ ဖြစ်နေတယ်” ဟု ဦးမောင်မောင်စိုးက ပြောသည်။

၂၀၁၄ ခုနှစ်တွင် ရန်ကုန်ရွှေပိတောက်ငါးဈေးကို ဒုတိယအကြိမ်ဖွင့်လှစ်ကာ ငါးဈေးကွက်ဖော်ဆောင်ရန်လုပ်ဆောင်ခဲ့သော်လည်း လာရောက်ရောင်းချသူမရှိခဲ့ပေ။ ယခုတကြိမ်တွင်ဈေးကိုပြောင်းရွှေ့ရန် YCDC က စီစဉ်နေသော်လည်း ဈေးသူဈေးသားများကြား သဘောထားကွဲလွဲမှုများ ဖြစ်နေသည်။

“ နှစ်ဖွဲ့ဖြစ်နေတယ်။ ပြောင်းချင်တဲ့အဖွဲ့နဲ့ မပြောင်းချင်တဲ့အဖွဲရှိတယ်။ သို့သော်လည်း ပြောင်းဖို့ သင့်သလားဆိုတော့ ပြောင်းဖို့သင့်တယ်”ဟု ဦးမောင်မောင်စိုးက ပြောသည်။

ငါးဖမ်းစက်လှေများ အဆင်ပြေစွာဆိုက်ကပ်နိုင်ပြီး ငါးဈေးအတွက်လိုအပ်သည့် ဈေးဆိုင်များဖွင့်လှစ်ရန် အဆင်ပြေသည့်နေရာကို ရှာဖွေနေကာ ရန်ကုန်မြစ်ဝဘက်ကို ရွှေ့ပြောင်းရန်  လျာထားကြောင်း YCDC မှ သိရသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကေ်ာမတီလက်အောက်ရှိ ၃၃ မြို့နယ်ရှိ ဈေးများကို က ၊ ခ ၊ ဂ ၊ ဃ ဟူ၍ အဆင့် (၄) ဆင့် သတ်မှတ်ထားသည့် ဈေးပေါင်း (၁၈၄) ဈေးရှိပြီး ဈေးအားလုံးကိုအဆင့်မြှင့်တင်ရန် YCDC က မျှော်မှန်းထားသည်။

ရန်ကုန်တိုင်းသည် တခြားတိုင်းနှင့်ပြည်နယ်များထက် ငါးစားသုံးမှှုအများဆုံးဖြစ်ပြီး တစ်နေ့လျှင်ငါးဝယ်လိုအား ၆၀၄၃၂၁၀ ကီလိုဂရမ်ရှိသည်။ ၂၀၁၅ ခုနှစ်မှ စပြီး နေ့စဉ်ရန်ကုန်တွင် ငါးစားသောက်မှှု တိုးတက်လာကြောင်း သိရသည်။

 

SOURCEMyo Sandar /Myanmar Business Today
Previous articleMyanmar to Deploy Navy to Fight Illicit Trade
Next articleFlydubai Launches Daily Yangon-Dubai Service