Home Investment & Finance Yoma and Mastercard partner to enhance e-commerce

Yoma and Mastercard partner to enhance e-commerce

Yoma Bank and Mastercard, on June 18, signed an MoU that will enable the bank to substantially expand its digital offerings and accelerate the advancement of Myanmar’s digital economy. 

The E-commerce industry, still at the nascent stage, is booming amid the pandemic as users turned to online shops and delivery services while staying at home and following the social distancing orders. However, the payment method is still not there despite dozens of private banks in the country. 

COVID-19 has impacted everyone and all economies adversely. Considering this, digitization of payments will be essential to building a strong foundation for a lasting recovery that reaches all citizens through greater financial inclusion.

“Digitizing the SME sector will help businesses across the country advance their payment capabilities and cycle off inefficiencies in their day-to-day business operations while gaining access to new international markets and e-commerce opportunities. The partnership will also support Yoma Bank’s core strength of being the ideal bank for businesses in Myanmar by creating a seamless payments ecosystem for businesses of all sizes and from every industry to engage in,” said Dean Cleland, CEO of Yoma Bank. 

Currently, the e-commerce sector is still less than 0.01 percent of Myanmar’s GDP while in the developed markets, the likes of the US, e-commerce sector represent approximately 2 percent of the country’s GDP. If the e-commerce sector grows to 0.1 percent, the market will worth $68 million.

There are three different groups of mobile money providers, each with their own advantages: telecom owned mobile money such as My Tel’s MyTel Pay, and Telenor’s Wave Money; bank-owned money such as KBZ Bank’s KBZ Pay, AGD Bank’s OnePay, CB Bank’s CB Pay and MOB Bank’s Ongo Pay; and independent mobile money like Ok Dollar.


မြန်မာနိုင်ငံတွင် ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အရှိန်မြှင့်ဆောင်ရွက်ရန်နှင့် ဒီဂျစ်တယ်ဝန်ဆောင်မှုများ ပိုမို ဝန်ဆောင်မှုပေးနိုင်ရန်အတွက် ရိုးမဘဏ်နှင့် Mastercard တို့သည် ဇွန်လ ၁၈ ရက်က MoU ရေးထိုးခဲ့သည်။ အဆိုပါ ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် ရိုးမဘဏ်သည်။

ဖွံ့ဖြုးမှုနည်းပါးနေသေးသော e-commerce ကဏ္ဍသည် COVID-19 ကပ်ရောဂါအတွင်း သုံးစွဲသူများမှာ နေအိမ်တွင် နေထိုင်ရင်း အွန်လိုင်းမှ တစ်ဆင့် ဝယ်ယူမှုများ ပိုမိုပြုလုပ်လာကြသောကြောင့် တဟုန်ထိုး ဖွံ့ဖြိုးလာနေသည်။ သို့သော် အဆိုပါ ဝန်ဆောင်မှုများအတွက် ငွေပေးချေရေးနည်းလမ်းများမှာ အဆင်သင့်မဖြစ်သေးပေ။

COVID-19 ကပ်ရောဂါသည် ကမ္ဘာ့နိုင်ငံတိုင်း၏ စီးပွားရေးနှင့် လူများအပေါ် သက်ရောက်မှု ကြီးကြီးမားမားရှိခဲ့ပြီး အားလုံးပါဝင်နိုင်သော ဘဏ္ဍာရေးစနစ်ဖြင့် ပြည်သူအားလုံး ပြန်လည် နာလန်ထူလာစေရန်ဆောင်ရွက်ရာတွင်  ငွေပေးချေမှုစနစ်ကို ဒီဂျစ်တယ်စနစ်သို့ အသွင်ကူးပြောင်းခြင်း၏ အရေးပါလာမည်ဖြစ်သည်။

“SME ကဏ္ဍကို ဒီဂျစ်တယ်စနစ်ဆီ အသွင်ကူးပြောင်းခြင်းက စီးပွားရေးလုပ်ငန်းတွေရဲ့  ငွေပေးချေမှုဆိုင်ရာ စွမ်းဆောင်နိုင်မှုကို အဆင့်မြှင့်တင်ပေးပြီး လုပ်ငန်းတွေမှာ ကြုံတွေ့နေရတဲ့ အဆင်မပြေမှုတွေကို ပယ်ဖျောက်ပေးနိုင်မှာဖြစ်သလို လုပ်ငန်းတွေအနေနဲ့ နိုင်ငံတကာဈေးကွက်တွေကို အလွယ်တကူဝင်ရောက်နိုင်ဖို့နဲ့  E-commerce အခွင့်အလမ်းတွေ ပိုမိုပွင့်လန်းလာစေဖို ကူညီပေးနိုင်မှာဖြစ်ပါတယ်” ဟု ရိုးမဘဏ်၏ အမှုဆောင်အရာရှိချုပ် Dean Cleland က ပြောကြားခဲ့ပါသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၏ e-commerce ကဏ္ဍမှာ နိုင်ငံ့ ဂျီဒီပီ၏ သုည ဒသမ ၀၁ ရာခိုင်နှုန်းသာရှိပြီး ဖွံ့ဖြိုးပြီးဈေးကွက်များတွင်တော့ နိုင်ငံ့ ဂျီဒီပီ၏ ၂ ၇ာခိုင်နှုန်းရှိနေသည်။ အကယ်၍ မြန်မာနိုင်ငံ၏ e-commerce ကဏ္ဍသည် သုညဒသမ ၁ ရာခိုင်နှုန်းအထိတိုးတက်လာပါက အမေရိကန် ဒေါ်လာ ၆၈ သန်းအထိ တန်ဖိုးရှိလာနိုင်သည်။

မြန်မာနိုင်ငံတွင် မိုဘိုင်းငွေကြေးဝန်ဆောင်မှု လုပ်ငန်း သုံးမျိုးရှိသည်။ ၎င်းတို့မှာ MyTel Pay၊ Wave Pay တို့ကဲ့သို့သော ဆက်သွယ်ရေး ကုမ္ပဏီပိုင် ဝန်ဆောင်မှုများ၊ KBZ Pay၊ OnePay၊ CB Pay၊ Ongo Pay တို့ကဲ့သို့သော ဘဏ်လုပ်ငန်းများက ပိုင်သည့် ဝန်ဆောင်မှုများ၊ Ok Dollar ကဲ့သို့သော သီးသန့် ဝန်ဆောင်မှုလုပ်ငန်းများဖြစ်သည်။

Min Thu Aung
Experienced Journalist with a demonstrated history of working in the newspaper industry. Skilled in Writing, Translation, Research, Video Editing, and Painting. Strong media and communication professional with a Bachelor's degree focused in English from Monywa University, and a Diploma in International Relations from the University of Yangon
- Advertisment -

Must Read

Dai-ichi Ready to Deliver its “Peace of Mind” Propositions to Myanmar

အောက်တွင် မြန်မာလို ဖတ်ရှုနိုင်ပါသည် Dai-ichi Life Insurance Myanmar announced that it is ready to deliver its “Peace of Mind” propositions to the Myanmar community as it...