by Tin Mg Oo
Self-drive car rental service Yoma Car Share recently opened a new rental hub in front of Terminal 2 at Yangon International Airport and another in front of the Capital Hypermarket in Thaketa Township.
“With 24 rental hubs in Myanmar, we are ready to fulfill the diversified mobility needs of corporate and individual customers,” said Yoma Car Share’s head of sales and marketing Daw May Oo Maung.
“This year we are also planning to enhance our services by introducing new payment options and further openings of modern rental hubs in new locations,” she added.
Yoma offers Yangon residents access to a modern fleet of vehicles available for rent on an hourly, daily, weekly or monthly basis. Thanks to Radio-frequency Identification (RFID), customers can pick up vehicles from nearby rental hubs 24 hours a day, seven days a week with their membership tap card.
Yoma Car Share customers have access to an extensive lineup of vehicles including hatchbacks, sedans, SUVs and minivans, all of which are left-hand drive. New customers can register at www.yomacarshare.com or download the new mobile application from the Apple App Store or Google Play Store.
Customers who reserve vehicles using the app can make payment using debit or credit card.
Yoma Car Rental Hub ရန်ကုန်လေဆိပ် Terminal 2 တွင် ဖွင့်လှစ်
ကိုယ်တိုင်မောင်းကားအငှားဝန်ဆောင်မှုလုပ်ငန်း Yoma Car Share က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal 2 ရှေ့နှင့် သာကေတမြို့နယ် Capital Hypermarket ရှေ့တို့တွင် Rental Hub တစ်ခုစီကို အသစ်ဖွင့်လှစ်လိုက်ကြောင်း ဖေဖော်ဝါရီလ ၁၇ ရက်က သတင်းထုတ်ပြန်ခဲ့သည်။
မော်ဒယ်မြင့်ကားများကို အချိန်ပိုင်း၊ ရက်ပိုင်း၊ လပိုင်း ကျငှားရမ်းအသုံးပြုနိုင်မည်ဖြစ်ပြီး Radio-frequency identification (RFID) နည်းပညာကြောင့် Yoma Car Share အသုံးပြုသူများသည် membership tap card ဖြင့် နီးစပ်ရာ rental hubs များတွင် အချိန်မရွေး (၂၄ နာရီ ၊ ၇ ရက်) ကားများကို သွားရောက်ယူဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
“ မြန်မာနိုင်ငံအတွင်း rental hubs ၂၄ ခုနဲ့အတူ သုံးစွဲသူတစ်ဦိးချင်းစီရဲ့ လိုအပ်ချက်တွေကို နေရာမရွေး အချိန်မရွေး စိတ်ကျေနပ်မှုရရှိတဲ့အထိ ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ကျွန်မတို့ အဆင်သင့်ရှိနေပါတယ်။ ဒီနှစ်ထဲမှာလည်း ကျွန်မတို့ရဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကို ငွေပေးချေမှုနည်းလမ်းအသစ်တွေနဲ့ မိတ်ဆက်ပေးဖို့ရှိသလို ခေတ်မီ rental hub တွေကိုလည်း နောက်ထပ်နေရာသစ်တွေမှာ ထပ်ပြီးတော့ ဖွင့်လှစ်သွားမှာပါ ” ဟု Head of Sales & Marketing ဖြစ်သူ ဒေါ်မေဦးမောင်က ပြောကြားခဲ့သည်။
သုံးစွဲသူများအတွက် Yoma Car Share မှ sedan, SUVs, minivans နှင့် hatchback ကားများအပါအဝင် အခြားသောအမျိုးအစားစုံလင်စွာ ငှားရမ်းအသုံးပြုနိုင်ပြီး www.yomacarshare.com တွင် registration ပြုလုပ်နိုင်သကဲ့သို့ မိုဘိုင်းလ်အပ်ပလီကေးရှင်းအသစ်ကို App Store နှင့် Play Store တို့မှတဆင့် download ရယူသုံးစွဲ နိုင်ကြောင်း သိရသည်။
Yoma Car Share မှ ကားများအားလုံးသည် ဘယ်မောင်းဖြစ်ပြီး မော်တော်ယာဉ်ဖြန့်ဖြူး ရောင်းချသူများမှ တရားဝင်အသိအမှတ်ပြုလက်မှတ် ရရှိထားသော စက်ပြင်ကျွမ်းကျင်သူများမှ စက်ပိုင်းဆိုင်ရာ ပုံမှန်ပြုပြင်ထိန်းသိမ်းခြင်း၊ ကောင်းမွန်သောတာယာများ တပ်ဆင်အသုံးပြုထားကြောင်း သိရသည်။
အဆိုပါဝန်ဆောင်မှုကိုရယူရာတွင် မိုဘိုင်းလ် application ကိုအသုံးပြုရာတွင် နည်းပညာသုံး Tap Card ဖြင့် နှစ်သက်ရာ rental hub တွင် ကားသွားရောက်ထုတ်ယူနိုင်ကာ ကျသင့်ငွေကို Debit (သို့) Credit Cards များဖြင့်ပေးချေနိုင်သည်ဟု ထုတ်ပြန်ထားသည်။