အောက်တွင် မြန်မာလို ဖတ်ရှုနိုင်ပါသည်
Yoma Strategic Holdings will establish a new company called Yoma MFS Holding (Wave Holdco), which will acquire Telenor Group’s current 51 percent stake in Wave Money for $76.5 million, according to the press release issued by the Yoma Strategic.
Upon the completion of the transactions, Yoma Strategic will invest up to an additional $25 million. It will raise funds from a consortium of investors led by Yoma Strategic.
Wave Money is a joint venture between Yoma Strategic (34%), First Myanmar Investment Public Company Limited (10%), Yoma Bank (5%), and Telenor (51%).
“This acquisition is part of our goal to build a strong financial technology ecosystem in Myanmar. Wave Money continues to see sustained growth in its agent and digital platforms, with Wave Pay gaining strong traction during the COVID-19 pandemic through the acceleration in and adoption of cashless payment solutions,” said Melvyn Pun, CEO, Yoma Strategic.
Yoma Strategic acquired its initial 34% stake in Wave Money at a valuation of $57 million in March 2018 and announced the proposed acquisition of an additional 10 percent stake in November 2019 at a valuation of $78 million.
“This is an opportune time for Telenor Group to divest. Both Yoma Group and Ant Group’s core operation is financial services and technology and they are therefore the strongest owners to take Wave Money forward,” said Lars Erik Tellmann, Head of Financial Services at Telenor Group.
Wave Money is expected to become a subsidiary of Yoma Strategic following the completion of the Proposed Acquisition of Telenor’s interest subject to certain conditions, including regulatory approval. Yoma Strategic will fund its investment of up to $25 million through a combination of corporate resources.
Yoma Strategic Holdings သည် Yoma MFS Holding (Wave Holdco) ဟု ခေါ်သော အသစ်ဖွဲ့စည်းထားသည့် ၎င်းပိုင် ကုမ္ပဏီမှ တစ်ဆင့် Wave Money တွင် Telenor Group က ပိုင်ဆိုင်သည့် အစုရှယ်ယာ ၅၁ ရာခိုင်နှုန်းကို အမေရိကန်ဒေါ်လာ ၇၆ ဒသမ ၅ သန်းဖြင့် ဝယ်ယူသွားမည်ဖြစ်ကြောင်း ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရသိရသည်။
ထိုကဲ့သို့ ဝယ်ယူပြီးနောက်တွင် နောက်ထပ် အမေရိကန်ဒေါ်လာ ၂၅ သန်းအထိ ထပ်မံရင်းနှီးသွားမည်ဖြစ်ကာ Yoma Strategic က ဦးဆောင်သည့် ရင်းနှီးမြှုပ်နှံသူများထံမှ ရင်းနှီးငွေများ စုစည်းပေးချေသွားမည်ဖြစ်သည်။
Wave Money မှာ Yoma Strategic (၃၄ ရာခိုင်နှုန်း)၊ First Myanmar Investment Public Company Limited (၁၀ ရာခိုင်နှုန်း)၊ Yoma Bank (၅ ရာခိုင်နှုန်း) နှင့် Telenor (၅၁ ရာခိုင်နှုန်း) တို့ အကျိုးတူပိုင်ဆိုင်သည့် ကုမ္ပဏီဖြစ်သည်။
“အခုပြုလုပ်တဲ့ ရှယ်ယာဝယ်ယူမှုဟာ မြန်မာနိုင်ငံမှာ တောင့်တင်းခိုင်မာတဲ့ ဘဏ္ဍာရေးနည်းပညာ ဂေဟစနစ်တည်ဖောက်ရန် ဆိုတဲ့ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကို အကောင်အထည်ဖော်စေနိုင်မယ့် လုပ်ငန်းစဥ်တစ်ခုဖြစ်ပါတယ်။ COVID-19 ကပ်ရောဂါကြောင့် ငွေသားမဲ့ငွေပေးချေတာတွေ တိုးများလာတာနဲ့အမျှ Wave Money ရဲ့ ကိုယ်စားလှယ်ကွန်ရက်နဲ့ ဒီဂျစ်တယ် ငွေပေးချေမှု ပလက်ဖောင်းတို့ဟာလည်း စဥ်ဆက်မပြတ် တိုးတက်နေပါတယ်” ဟု Yoma Strategic၏ CEO ဖြစ်သူ Melvyn Pun က ဆိုသည်။
Yoma Strategic သည် ၂၀၁၈ ခုနှစ် မတ်လတွင် Wave Money မှာ အစုရှယ်ယာ ၃၄ ရာခိုင်နှုန်းကို အမေရိကန်ဒေါ်လာ ၅၇ သန်းဖြင့် ဝယ်ယူခဲ့ပြီး ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် အမေရိကန်ဒေါ်လာ ၇၈ သန်းဖြင့် အစုရှယ်ယာ ၁၀ ရာခိုင်နှုန်း ဝယ်ယူခဲ့သည်။
“အခုအချိန်ဟာ Telenor Group အနေနဲ့ အစုရှယ်ယာတွေ လွှဲပြောင်းရောင်းချဖို့ အချိန်ကောင်းပါပဲ။ Yoma Group နဲ့ Ant Group ရဲ့ အဓိက အားသာချက်ဟာ ဘဏ္ဍာရေးဝန်ဆောင်မှုတွေနဲ့ နည်းပညာဖြစ်တဲ့အတွက် Wave Money ရှေ့ဆက်အောင်မြင်ဖို့အတွက် အကောင်းဆုံး စွမ်းဆောင်နိုင်မယ့်သူတွေဖြစ်ပါတယ်” ဟု Telenor Group ၏ Head of Financial Services ဖြစ်သူ Lars Erik Tellmannက ပြောသည်။
သက်ဆိုင်ရာ အာဏာပိုင်များ၏ ခွင့်ပြုချက်နှင့် စာချုပ်ပါအချက်အများ ပြည့်မီမှုအပေါ် မူတည်ကာ Wave Money ရှိ Telenor ၏ အစုရှယ်ယာ ဝယ်ယူခြင်းကိစ္စ ပြီးစီးချိန်တွင် Wave Money သည် Yoma Strategic ၏ လက်အောက်ခံ ကုမ္ပဏီဖြစ်လာမည်ဖြစ်ပြီး Yoma Strategic သည် ထည့်ဝင်ရင်းနှီးရမည့် အမေရိကန်ဒေါ်လာ ၂၅ သန်းကို ကုမ္ပဏီ၏ ငွေပင်ငွေရင်းများ ပေါင်းစပ်၍ ထည့်ဝင်သွားမည်ဖြစ်ကြောင်းသိရသည်။