HomeAutomobileYPS expands to another 15 bus lines

YPS expands to another 15 bus lines

အောက်တွင် မြန်မာလို ဖတ်ရှုနိုင်ပါသည်

Yangon Payment Services-YPS, which has been available on 12 bus lines since July 21, now will be available in additional 15 bus lines.

The additional 15 bus lines include No 2, 3, 4, 7, 8, 10, 11, 24, 28, 29, 36, 40, 58, 59, and 65.

A YBS card is sold at K 2,000 and users can top up from K 1,000 to K50,000. If a user top-up K5,000 between July 16 and August 15, he will get a card for free.

When using the card, the user needs to touch the card to bus validator machine when he gets on the bus, and once again he gets off the bus. The machine why charge the fees.

Nearly 80 percent of the commuters rely on buses for their daily transportation. Before the pandemic, there were over 100 bus lines with 4,400 buses transporting nearly 1.9 million commuters every day.

Written by Tayzar Bhone Myint


ကတ်စနစ်ဖြင့် ယာဉ်စီးခပေးချေသည့် ဝန်ဆောင်မှု(Yangon Payment Services-YPS) YBS ဘတ်စ်ကားယာဉ်လိုင်း ၁၂ လိုင်းတွင် အသုံးပြု လျက်ရှိရာမှ အခြားသော ယာဉ်လိုင်း ၁၅ လိုင်း(ယာဉ်လိုင်းနံပါတ်တူ ပြေးဆွဲလမ်းကြောင်းကွဲများအပါအဝင် ၂၁ လိုင်း) တွင် အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။

(Yangon Payment Services-YPS) YBS ကိုဇူလိုင် ၂၁ ရက်တွင်ဘတ်စ်ကားယာဉ်လိုင်း ၁၂ လိုင်းတွင် စတင်အသုံးပြုခဲ့သည်။

YPS ကတ်များအား YBS ယာဉ်လိုင်းအမှတ် ၄၃၊ ၆၂၊ ၇၂၊ ၈၇၊ ၈၈၊ ၈၉၊ ၉၆၊ ၁၂၊ ၁၄၊ ၂၅၊ ၃၀၊ ၃၈ တို့တွင် ဇူလိုင် ၂၁ ရက်မှ စတင်အသုံးပြု လျက်ရှိပြီး ယခုအခါ YBS ယာဉ်လိုင်း အမှတ် ၂၊ ၃၊ ၄၊ ၇၊ ၈၊ ၁၀၊ ၁၁၊ ၂၄၊ ၂၈၊ ၂၉၊ ၃၆၊ ၄၀၊ ၅၈၊ ၅၉၊ ၆၅ စသည့် ယာဉ်လိုင်းများတွင် အသုံးပြု နိုင်ပြီဖြစ်သည်။

YPS ကတ်တစ်ကတ်၏ တန်ဖိုးမှာ ငွေကျပ် ၂၀၀၀ ဖြစ်ပြီး အနည်းဆုံး ငွေကျပ် ၁၀၀၀ မှ အများဆုံး ငွေကျပ် ၅၀၀၀၀ အထိ ငွေဖြည့်သွင်းထားနိုင်ကြောင်း၊ ပရိုမိုးရှင်း
ကာလဖြစ်သည့် ဇူလိုင် ၁၆ ရက်မှ ဩဂုတ် ၁၅ ရက်အတွင်း ကနဦးငွေဖြည့်သည့်ပမာဏမှာ ကျပ် ၅၀၀၀ ဖြစ်ပါက YPS ကတ်တစ်ကတ် အခမဲ့ရရှိမည်ဖြစ်သည်။

YPS ကတ်များအား ရန်ကုန်မြို့ရှိ G&G ဆိုင်ပေါင်း ၁၀၅ ဆိုင်တွင် ဝယ်ယူရရှိနိုင်ပြီး ကတ်သုံးစွဲမှုနှင့်ပတ်သက်၍ သုံးစွဲသူများ၏အခက်အခဲကို ဖြေရှင်းပေးနိုင်ရန် ဆူးလေ၊ သမိုင်းနှင့် တာမွေတို့တွင် YPS Service Center သုံးခုဖွင့်လှစ်ထားသည်။

ထို့ပြင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ဦးစီးပြီး YPS ကတ်အရောင်းနှင့် ငွေဖြည့်ဆိုင် ငါးဆိုင်ကို လူစည်ကားရာကားမှတ်တိုင်များ အနီး၌ ဖွင့်လှစ်ထားကြောင်းလည်းသိရသည်။

YPS ကတ်ကိုအသုံးပြုစီးနင်းရာ၌ ဘတ်စ်ကားပေါ်တက်ရာတွင် အရှေ့တံခါး၌ တပ်ဆင်ထား သော Bus Validator စက်တွင် ကတ်ကိုထိရမည်ဖြစ်ပြီး ကားပေါ်မှ ပြန်ဆင်းရာတွင်လည်း ကတ်ကို Bus Validator စက်တွင် ထပ်မံထိပေးရမည်ဖြစ်ကြောင်း၊ ကတ်ကိုစက်တွင်ထိလိုက်လျှင် စီးနင်းခဲ့သည့်ခရီးစဉ်၏ ကျသင့်ငွေကို ဖြတ်တောက်သွားမည်ဖြစ်သည်။

ရန်ကုန်မြို့တွင် သွားလာနေကြသည့် လူဦးရေ၏ ၈၀ ရာခိုင်နှုန်းခန့်သည် ခရီးသည်တင် ယာဉ်လိုင်းများကိုသာ မှီခိုအားထားသွားလာနေကြကြောင်း၊ ကိုဗစ်-၁၉ မတိုင်မီကာလက ယာဉ်လိုင်းနံပါတ်ဖြင့်ပြေးဆွဲနေသည့် ယာဉ်လိုင်းပေါင်း ၁၀၀ ကျော်ရှိပြီး ပြေးဆွဲလမ်းကြောင်းပေါင်း ၁၀၀ ကျော်ရှိကာ ယာဉ်အစီးရေ ၄၄၀၀ ကျော်ဖြင့် ခရီးသွားပြည်သူ ၁ ဒသမ ၉ သန်းခန့်ကို နေ့စဉ်ဝန်ဆောင်မှုပေးလျက်ရှိသည်။

- Advertisment -spot_img

Must Read

Ooredoo adopts new brand positioning

Recently, Ooredoo Myanmar changed their brand logo on Facebook baffling the users amid rumours that Ooredoo Group was planning to sell its Myanmar branch. But...
spot_img