YRTA to Build Bus Terminals, Trucking Facilities

0
248

Written by Tin Maung Oo

The Yangon Region Transport Authority (YRTA) recently revealed plans to build YBS terminals with better entrance lanes for public buses and trucking facilities for freight and container trucks.

“We have talked with international organizations to develop better bus terminals. We also have plans to upgrade the existing bus terminal in the future,” YRTA managing director U Aung Nyi Nyi Maw said at a press conference.

YRTA has built a bus terminal in East Yangon and another on 1.7 acre of land in Pazundaung Township.

There are 19 bus companies, four private bus groups and 100 bus lines in Yangon, providing service to 1.3 million commuters. YRTA has built 12 bus stations but they cannot adequately accommodate all 4,300 buses in service across the city, requiring the agency to build more.

YRTA also has plans to build a facility, to be called Bayint Naung Station, to accommodate around 300 freight trucks, as well as bus stations in Ahlone Township, Botahtaung Township and East Dagon Township and a container truck facility at Thilawa port.

Myanmar Translation 

translated by Min Thu Aung

YBS ဘတ်စ်ကားများ စနစ်တကျ ရပ်နားနိုင်ရန် အဝင်လမ်း အထွက်လမ်းများဖြင့် ယာဉ်ရပ်နားကွင်းများ ဖော်ဆောင်သွားမည်

  ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသည် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် YBS ဘတ်စ်ကားများကို စနစ်တကျ ရပ်နားနိုင်ရန် အဝင်လမ်းအထွက်လမ်းများဖြင့် ယာဉ်ရပ်နားကွင်းများကို အကောင်အထည်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း YRTA မှ မန်နေဂျင်းဒါရိုက်တာ ဦးအောင်ညီညီမော်က ဇန်နဝါရီလ ၈ ရက်တွင် ပြုလုပ်သည့် မီဒီယာများနှင့်တွေ့ဆုံပွဲတွင် ပြောသည်။

  “ JICA ကဲ့သို့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ အလုပ်ရုံဆွေးနွေးပွဲတွေမှာလည်း ဘာတွေပါလဲဆိုရင် ဒီ Port တစ်ခုချင်းဆီကို စီမံခန့်ခွဲဖို့ ပါဝင်ပါတယ်။ ယာဉ်ရပ်နားကွင်းမှာ စနစ်တကျ ရပ်နားဖို့အတွက် အဝင်လမ်း အထွက်လမ်းကို စနစ်တကျနဲ့ လုပ်ဆောင်ဖို့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးထားတာ ရှိပါတယ်။ လက်ရှိဆောင်ရွက်နေတဲ့ ယာဉ်ရပ်နားကွင်းလို နောင်အနာဂတ်မှာ ဒီထက်ပိုပြီး အဆင့်မြင့်တဲ့ဆောင်ရွက်မှုမျိုးတွေ လုပ်ဆောင်သွားဖို့ရှိပါတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိအချိန်တွင် YRTA အနေဖြင့် ဒဂုံအရှေ့ပိုင်းတွင် တည်ဆောက်ထားသည့် ယာဉ်ရပ်နားကွင်း တစ်ခု ၊ ပုဇွန်တောင်မြို့နယ်အတွင်းရှိ မြေဧက ၁ ဒသမ ၇ ဒကကျယ်ဝန်းသော မြေနေရာတွင် တည်ဆောက်ထားသည့် ယာဉ်ရပ်နားကွင်းတစ်ခုတို့ပါဝင်ထားကြောင်း သိရသည်။

YBS ယာဉ်ရပ်နားကွင်းများကို ပြေးဆွဲနေသော ကုမ္ပဏီအလိုက်ဆောက်လုပ်သွားနိုင်ရန် စီစဉ်ထားပြီး လက်ရှိတွင် ကုမ္ပဏီ  ၁၉ ဖွဲ့ ၊ ပုဂ္ဂလိက ကြီးကြပ်ရေးယာဉ်လိုင်း ၄ ဖွဲ့ ၊ ပြေးဆွဲယာဉ်လိုင်းပေါင်း ၁၀၀ ၊ ပြေးဆွဲသည့် ခရီးစဉ်ပေါင်း ၁၃၄ လိုင်းကို ပြေးဆွဲလျက်ရှိသည်။  YBS  ယာဉ်ရပ်နားဝင်းနှင့်ရပ်နားရာနေရာများအနေဖြင့် ၁၂ နေရာအထိ ဖော်ဆောင်ထားပြီးဖြစ်ကြောင်း သိရသည်။ YBS ဖော်ဆောင်ပြီး သုံးနှစ်တာကာလအတွင်း ယာဉ်အစီးရေ ၄၃၀၀ ကျော်ဖြင့် နေ့စဉ် ခရီးသွားပြည်သူဦးရေ ၁ ဒသမ ၃ သန်းခန့်ကို ဝန်ဆောင်မှုများပေးလျက်ရှိကြောင်း သိရသည်။

  YBS ယာဉ်များအပြင် ကုန်စည်ပို့ဆောင်ရေးများတွင် အသုံးပြုနေသည့် ယာဉ်များရပ်နားရန် လိုအပ်နေသည့် ယာဉ်များပေါ်မူတည်၍ YRTA မှ ယာဉ်ရပ်နားဝင်းများကို ထပ်မံ၍ တိုးချဲ့တည်ဆောက် သွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းတွင် ကုန်တင်ကားများရပ်နားနိုင်ရန် လက်ရှိတွင် ယာဉ်အစီးရေ ၃၀၀ ခန့်ရပ်နားနိုင်သည့် ဘုရင့်နောင်ယာဉ်ရပ်နားစခန်း၊ ကုန်သေတ္တာရပ်နားစခန်းများအနေဖြင့် အလုံမြို့နယ် ၊ ဗိုလ်တထောင်မြို့နယ်၊ အရှေ့ဒဂုံမြို့နယ်ဆိပ်ကမ်းတို့တွင်ရှိပြီး သီလဝါဆိပ်ကမ်းတွင်လည်း ထပ်တိုးတည်ဆောက်ရန် စီစဉ်နေကြောင်း သိရသည်။

Previous articleVillage Link’s App Wins ASEAN Rice Bowl Startup Award
Next articleFDI into Myanmar Averages $500 Million a Month