YSX to Increase Stock Trade Matching Times to 7

0
434

by Myo Sandar

The Yangon Stock Exchange plans to increase stock trade matching times to seven from four, starting March 26.
“We want to offer more opportunities to investors and we hope that increasing the matching times will encourage trading,” U Min Thu, the exchange’s senior manager, said.
“Matching” refers to the process of matching buy orders to sell orders. Currently, this is done four times a day at 9.30 am, 10.00 am, 12 noon and 1.00 pm. The new matching times are 10.30 am, 11.30 am and 12.30 pm.
Initially, the exchange maintained two matching times; this was increased to four in March 2018 in a bid to boost trading activity.
There are six listed companies on the YSX: First Myanmar Investment, Myanmar Thilawa SEZ Holdings, Myanmar Citizens Bank, First Private Bank, TMH Telecom and Ever Flow River Group.
Industry experts believe that allowing foreign investors to trade on the Yangon Stock Exchange and approving more listed companies will make the equity market more attractive.
There are some 40,000 accounts registered with the Yangon Stock Exchange, but only 10 percent of these are active.
Daily trading volume has hovered around K70 million. The coronavirus spread, which has disrupted many sectors, has so far had no discernible impact on the YSX.
February trading topped K1.4 billion, an increase of K200 million over January


Myanmar Summary.

ရန်ကုန်စတော့အိတ်ချိန်းတွင် ရှယ်ယာရောင်းဝယ်သည့်အကြိမ်ရေခုနှစ်ကြိမ်အထိ တိုးချဲ့

မတ်လ ၂၆ ရက်က စတင်ပြီး ရန်ကုန်စတော့အိတ်ချိန်း YSX တွင် အရောင်းအဝယ်ပြုလုပ်ချိန်ကို လေးကြိမ်မှ ခုနှစ်ကြိမ်အထိ တိုးမြှင့်လိုက်ကြောင်း သိရသည်။

“ ရင်းနှီးမြှုပ်နှံသူတွေကို ကျွန်တော်တို့က အခွင့်အလမ်းပိုပြီးတော့ ပေးချင်တယ်။ ခုနှစ်ကြိမ် တိုးတဲ့အတွက် အခွင့်အလမ်းပိုတိုးပြီး အရောင်းအဝယ်ပိုလုပ်ကြမယ်လို့ မျှော်လင့်ပါတယ် ” ဟု ရန်ကုန်စတော့အိတ်ချိန်း၏ အကြီးတန်းမန်နေဂျာ ဦးမင်းသူက ဆိုသည်။

စတော့အိတ်ချိန်းအရောင်းအဝယ်သတ်မှတ်ချိန်အနေဖြင့်လက်ရှိတွင် နံနက် ၉ နာရီ ၃၀ ၊ ၁၀ နာရီ ၊ ၁၁ နာရီ ၊ မွန်းတည့် ၁၂ နာရီ ၊ မွန်းလွဲ ၁ နာရီ တို့တွင် ရှယ်ယာအရောင်းအဝယ်ဖွင့်ချိန်အဖြစ် အသီးသီး သတ်မှတ်ခဲ့ပြီး ယခုအခါ နံနက် ၁၀ နာရီ ၃၀ ၊ နံနက် ၁၁ နာရီ ၃၀ ၊ မွန်းလွဲ ၁၂ နာရီ ၃၀ တို့ တွင် လည်း ရှယ်ယာအရောင်းအဝယ်ချိန်များ တိုးမြှင့်လိုက်သည်။

ကနဦးစတင်စဉ်ရှယ်ယာရောင်းဝယ်ချိန်ကို နှစ်ကြိမ်သတ်မှတ်ခဲ့ရာမှ ၂၀၁၈ ခုနှစ်မတ်လတွင် လေးကြိမ်ထိတိုးမြှင့်ခဲ့ခြင်းဖြစ်သည်။ ထို့သို့ အချိန်တိုးလိုက်သော်လည်း ရှယ်ယာအရောင်းအဝယ် တိုးတက်လာခြင်းမရှိခဲ့ကြောင်း သိရသည်။ လက်ရှိတွင်စာရင်းဝင်ကုမ္ပဏီ ငါးခုအထိ ရှိထားပြီး နိုင်ငံခြားသား ရှယ်ယာအရောင်းအဝယ်ခွင့်ပြုခြင်းနှင့် စာရင်းဝင်ကုမ္ပဏီသစ်များ ထပ်တိုးလိုက်ပါက ဈေးကွက်ကိုပိုစိတ်ဝင်စားစရာဖြစ်လာစေနိုင်မည်ဟု ကျွမ်းကျင်သူများက သုံးသပ်ကြသည်။

ရန်ကုန်စတော့အိတ်ချိန်းတွင် ရှယ်ယာရောင်းဝယ်ခွင့်အကောင့် လေးသောင်းခန့် မှတ်ပုံတင်ထား သော်လည်း အမှန်တကယ်ရှယ်ယာရောင်းဝယ်သည့်အကောင့်မှာ ၁၀ ရာခိုင်နှုန်းခန့်သာ ရှိကြောင်း သိရသည်။

လက်ရှိတွင် ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီငါးခုရှိပြီး FMI ၊ MTSH ၊ မြန်မာနိုင်ငံသားများဘဏ် ၊ ပထမပုဂ္ဂလိကဘဏ်နှင့် TMH ဆက်သွယ်ရေးကုမ္ပဏီတို့က ရှယ်ယာများ ရောင်းချသည်။

ရန်ကုန်စတော့အိတ်ချိန်း၌ တစ်ရက်လျှင် ကျပ်သန်း ၇၀ ခန့်အရောင်းအဝယ်ဖြစ်နေပြီး လတ်တလောတွင် ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်ရောဂါပျံ့နှံ့သည့် သတင်းကြောင့် ရှယ်ယာအရောင်း အဝယ်ကို သက်ရောက်မှုမရှိကြောင်း သိရသည်။

ရန်ကုန်စတော့အိတ်ချိန်းတွင်  ဖေဖော်ဝါရီတစ်လလုံး၌ ရှယ်ယာရောင်းဝယ်မှု ကျပ် ၁ ဒသမ ၄ ဘီလီယံကျော်ရှိထားပြီး ဇန်နဝါရီလထက် ကျပ် သန်း ၂၀၀ ပိုမိုကြောင်း သိရသည်။

SOURCEMyo Sandar /Myanmar Business Today
Previous articleCoronavirus to Drive European Airline Industry Shakeout
Next articleMinistry Launches Swiss Challenge for Housing Megaproject