The Yangon Stock Exchange (YSX) saw trading volume of over K13 billion between January and December 2019, exceeding 2018’s volume by K2 billion, according to the exchange’s annual report.
Trading of First Myanmar Investment (FMI) shares exceeded K4.8 billion. Myanmar Thilawa SEZ Holding (MTSH) saw K5.8 billion in trading volume, Myanmar Citizens Bank (MCB) K272 million, First Private Bank (FPB) K1.7 billion and TMH K775 million.
Volume of share trading on the YSX went flat from 2017 to April 2019 but then rose in May. Trading volume hit the year’s peak of K2.4 billion in September,
Shares of First Myanmar Investment and Myanmar Thilawa SEZ Holding were the most heavily traded.
FMI traded around K12,000 per share while MTSH traded at an average price of K3,950. MCB traded at K8,300, FPB, K23,000 and TMH, K3,000.
The exchange, launched in December 2015 with K32 billion in paid-up capital, is home to only five company. The Securities and Exchange Commission of Myanmar is expected to approve more companies who have filed for listing on the YSX and met all 17 requirements.
Industry experts believe that an increase in the number of listed companies can ignite more public interest in trading on the YSX.
The commission has changed some rules and plans to allow foreign investors to buy and sell stocks on the YSX.
Myanmar Summary
၂၀၁၉ ခုနှစ်တစ်နှစ်လုံးတွင် စတော့အိတ်ချိန်းမှ ကျပ် ၁၃ ဘီလီယံကျော်အထိ အရောင်းအဝယ်ဖြစ်ခဲ့
ရန်ကုန်စတော့အိတ်ချိန်း(YSX)တွင် ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလကုန်အထိ ကျပ် ၁၃ ဘီလီယံကျော်ဖိုးအထိ အရောင်းအဝယ်ဖြစ်ခဲ့သည်။ ယင်းပမာဏသည် ၂၀၁၈ ခုနှစ်တစ်နှစ်လုံးတွင် အရောင်းအဝယ်ဖြစ်ခဲ့သည့် ပမာဏနှင့် နှိုင်းယှဉ်ပါက ကျပ် ၂ ဘီလီယံကျော်ပိုမိုရရှိထားကြောင်း ရန်ကုန်စတော့အိတ်ချိန်၏ တစ်နှစ်တစ်ကြိမ် ထုတ်ဝေသည့်စာရင်းအရ သိရသည်။
၂၀၁၉ တစ်နှစ်လုံးတွင် First Myanmar Investment (FMI) အများပိုင်ကုမ္ပဏီမှ ကျပ် ၄ ဒသမ ၈ ဘီလီယံကျော်၊ Myanmar Thilawa SEZ Holding(MTSH) အများပိုင်ကုမ္ပဏီမှ ကျပ် ၅ ဒသမ ၈ ဘီလီယံကျော်၊ မြန်မာနိုင်ငံသားများဘဏ်(MCB) မှ ကျပ် ၂၇၂ သန်းကျော်၊ ပထမပုဂ္ဂလိကဘဏ်(FPB) မှ ကျပ် ၁ ဒသမ ၇ ဘီလီယံကျော်နှင့် ဆက်သွယ်ရေးကုမ္ပဏီဖြစ်သည့် TMH မှ ကျပ် ၇၇၅ သန်းကျော်ဖိုး အသီးသီး အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်စတော့အိတ်ချိန်းတွင် ၂၀၁၇ ခုနှစ်မှစတင်၍ အရောင်းအဝယ်များကျဆင်းခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် အရောင်းအဝယ်ပြန်လည်မြင့်တက်လာခဲ့သည်။
၂၀၁၉ မေလမှ စတင်၍ အရောင်းအဝယ်များမြင့်တက်လာပြီး စက်တာဘာလတွင် ကျပ် ၂ ဒသမ ၄ ဘီလီယံကျော်အထိ အရောင်းအဝယ်ဖြစ်ခဲ့သည်။ စက်တင်ဘာလတွင် ကျပ် ၁ ဒသမ ၁ ဘီလီယံအထိ အရောင်းအဝယ်ဖြစ်ခဲ့ပြီး အဆိုပါ ပမာဏသည် ၂၀၁၉ ခုနှစ်အတွက် အမြင့်မားဆုံး အရောင်းအဝယ်ဖြစ်ခဲ့ခြင်းဖြစ်သည်။
ရန်ကုန်စတော့အိတ်ချိန်းတွင် First Myanmar Investment အများပိုင်ကုမ္ပဏီ (FMI) နှင့် Myanmar Thilawa SEZ Holding(MTSH) အများပိုင်ကုမ္ပဏီတို့၏ ရှယ်ယာဈေးများမှာ ရောင်းဝယ်မှှုအမြင့်အများဆုံးဖြစ်သည်။
FMI ရှယ်ယာတစ်စုလျှင် ၁၂၀၀၀ ကျပ်၊ MTSH ရှယ်ယာတစ်စုလျှင် ၃၉၅၀ ကျပ်၊ မြန်မာနိုင်ငံသားများဘဏ်၏ ရှယ်ယာတစ်စုလျှင် ကျပ် ၈၃၀၀ ၊ ပထမပုဂ္ဂလိကဘဏ်၏ ရှယ်ယာတစ်စုလျှင် ၂၃၀၀၀ ကျပ် နှင့် TMH ဆက်သွယ်ရေးကုမ္ပဏီရှယ်ယာတစ်စုလျှင် ကျပ် ၃၀၀၀ အထိ ပေါက်ဈေးရှိကြောင်း သိရသည်။
ရန်ကုန်စတော့အိတ်ချိန်းကို ၂၀၁၅ ဒီဇင်ဘာတွင် မတည်ငွေ ကျပ် ၃၂ ဘီလျံဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီးမှတ်ပုံတင်ကာ အစုရှယ်ယာရောင်းချခွင့်ပြုမည့် အများနှင့်သက်ဆိုင်သောကုမ္ပဏီများ၏ အရည်အသွေးသတ်မှတ်ချက် “စံ” များကို ထုတ်ပြန်ခဲ့ရာ စံသတ်မှတ်ချက် ၁၇ ချက်နှင့်ကိုက်ညီမှသာခွင့်ပြုခြင်း ဖြစ်သည်။ ယခုနှစ်တွင် စံသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသော အများပိုင်ကုမ္ပဏီအချို့ကို ထပ်မံခွင့်ပြုသွားမည်အလားအလာရှိနေသည်။ ကုမ္ပဏီအရေအတွက်တိုးလာပါက ဈေးကွက်ကိုလူစိတ်ဝင်စားမှှုပိုမြင့်တက်လာမည်ဖြစ်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ကြသည်။