Zealax Hotel & Residence to Open January 1

0
571

The five-star Zealax Hotel & Residence by Eskala is slated to open January 1, 2020, its management announced at a November 20 press conference.

The development with 100 rooms and 45 residential apartments is located on Strand Road, Ahlone Township. It offers views of Shwedagon Pagoda, Yangon River and the whole city, said director of operations Julian Comex.

With 30 years of experience in hospitality management, Mr. Comex will manage the hotel, which has an inhouse restaurant, bar, cafe, spa, swimming pool, meeting room and ballroom. Previously, he served as the first chief operating officer of Apex Hospitality Group, which introduced Tony Roma’s and Harry’s Bar & Restaurant to Yangon.

The Zealax’s sister property, Eskala Hotels & Resorts Ngwe Saung, has won the World Travel Award 2019 Myanmar and other international awards since its early-2014 opening.

The government has granted 1,704 licenses to operate hotels across the country with a total of 68,167 rooms. In Yangon alone, there are 404 hotels and motels, according to Ministry of Hotels and Tourism data.

ုကြယ်ငါးပွင့်အဆင့်ရှိသည့် Zealax Hotel & Residence by Eskala ကို ၂၀၂၀ ဇန်နဝါရီတွင် ဖွင့်လှစ်မည်
ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်ရှိ ကမ်းနားလမ်းတွင် ရှိသော ကြယ်ငါးပွင့်အဆင့်ရှိသည့် Zealax Hotel & Residence by Eskala ကို လာမည့် ၂၀၂၀ ဇန်နီဝါရီ ၁ ရက်တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်တွင်ရှိသည့် Junction City ၏ Promotion Area တွင် နိုဝင်ဘာ (၂၀) ရက်က ပြုလုပ်သည့် စာနယ်ဇင်းရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
အခန်းပေါင်း ၁၀၀ နှင့် လူနေအိမ်ခန်းပေါင်း (၄၅ )ခန်းပါဝင်ပြီး ဟိုတယ်အခန်းများမှ တဆင့် ရန်ကုန်မြို့၏ အထွတ်အမြတ်ထားရာ ရွှေတိဂုံဘုရား၊ ရန်ကုန်မြစ်နှင့် ရန်ကုန်မြို့၏ ရှုခင်းများကို တွေ့မြင်နိုင်မည့် ဇိမ်ခံဟိုတယ်တစ်ခုဖြစ်ကြောင်း Zealax Hotel & Residence ၏ Director of Operations Mr Julian Comez က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
ဟိုတယ်စားသောက်ခန်း၊ ဘား၊ ကဖေး၊SPA ၊ ရေကူးကန်၊ ဘားကောင်တာ၊ အစည်းအဝေးခန်းမနှင့် ကပွဲခန်းမတို့ ပါဝင်သည့် ယင်းဟိုတယ်ကို ဟိုတယ်လုပ်ငန်းနှင့်ပတ်သက်သော အတွေ့အကြုံ နှစ်ပေါင်း ၃၀ ကျော်ရှိသော Mr.Julian Comez.Director of Operations က ဟိုတယ်အား ဦးဆောင်ကာ စီမံခန့်ကွပ်ကဲသွားမည်ဖြစ်ကြောင်းသိရသည်။
Mr.Julian သည်နာမည်ကြီးစားသောက်ဆိုင် အမှတ်တံဆိပ်များဖြစ်သော Tony Roma’s နှင့် Harry’s Bar & Restauant တို့ကို ရန်ကုန်မြို့သို့စတင် မိတ်ဆက်ပေးခဲ့သည့် Apex Hospitality Group ၏ ပထမဦးဆုံးသော Chief Operating Officer အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး မြန်မာတို့၏ ဓလေ့ထုံးတမ်း စဉ်လာနှင့် ရင်းနှင်းကျွမ်းဝင်ပြီးသားလူတစ်ဦးဖြစ် သည်။
ကမ္ဘာ့အဆင့်မီဟိုတယ်ဆုများထဲက တစ်ခုဖြစ်သည့် World Travel award 2019 Myanmar ဆုကို အဆိုပါ ဟိုတယ်အနေဖြင့် ရရှိထားပြီး Eskala hotel & Resorts ငွေဆောင်သည် ၂၀၁၄ ခုနှစ်အစောပိုင်းတွင် ဖွင့်လှစ်ခဲ့ပြီး အခြားနိုင်ငံတကာဆုများစွာကို ပိုင်ဆိုင်ထားသည့် အပန်းဖြေကမ်းခြေဟိုတယ်တစ်ခုဖြစ်သည်။
၂၀၁၈ ခုနှစ်ကုန်ပိုင်းက ခွင့်ပြုပေးထားသည့် ဟိုတယ်လုပ်ငန်းလိုင်စင် ၁၇၀၄ လုံး နှင့် ၆၈၁၆၇ ခန်း ရှိပြီး ရန်ကုန်တွင် ဟိုတယ်နှင့်တည်းခိုရိပ်သာ ၄၀၄ လုံးရှိကာ တစ်နိုင်ငံလုံးတွင် ဟိုတယ်နှင့်တည်းခိုရိပ်သာအခန်းအများဆုံးရှိရာ တိုင်းတစ်ခုလည်းဖြစ်သည်။

 

SOURCEMyo Sandar /Myanmar Business Today
Previous articleConference Urges Myanmar Businesses to Scale Up, Reskill Workforce
Next articlePhysical Oil And Futures Align To Tell Story Of A Tighter Market