Zin Thu Tun/Myanmar Business Today

U Thant Sin Lwin, Deputy Director General of Directorate of Investment and Company Administration, stated that Myanmar is likely to meet the Foreign Direct Investment (FDI) expectation of $5.8 billion for Fiscal Year 2019.
However, the country’s total FDI for FY 2019 is still over one billion dollars short of the expected amount of $5.8 billion.
“This year, our ease of doing business index has increased. We have reduced company registration fees. Moreover, according to ADB bank’s survey, we hope our FDI volume will meet the expected amount this year,” said U Thant Sin Lwin.
With the aim of increasing FDI, the Directorate of Investment and Company Administration will organize a series of investment promotion events.
“Having set the targeted amount for FDI, we have prepared to organize scheduled investment promotion events,” said Daw Tin Aye Han, Deputy Director General of DICA.
Myanmar has set the target of $5.8 billion FDI annually between FY 2016 and 2021 as a short-term expectation.
The country received $6.6 billion in FY 2016 and $6.11 billion in FY 2017. However, in FY 2018 the country received only $4.5 billion in foreign investments and K1,690 billion from local investments.
လက်ရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၅ဒသမ၈ ဘီလီယံ ဝင်ရောက်ရန် မျှော်မှန်းချက် ပြည့်မီနိုင်မည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများဆိုင်ရာညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောသည်။
၂၀၁၈-၁၉ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အဆိုပါပမာဏအတိုင်း ဝင်ရောက်ရန် မျှော်မှန်းခဲ့သော်လည်း ယင်းပမာဏထက် တစ်ဘီလီယံကျော် လျော့နည်းဝင်ရောက်ခဲ့ပြီး ယခုနှစ်တွင်ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးပွဲများတိုးမြှင့်လုပ်ဆောင်ကာ ထပ်မံမျှော်မှန်းလိုက်ခြင်းလည်းဖြစ်သည်။ “ ဒီနှစ်ထဲမှာ ကျွန်တော်တို့ စီးပွားရေးလုပ်ကိုင်ရလွယ်ကူမှု အညွှန်းကိန်းကလည်း တက်လာတယ်။ ကုမ္ပဏီမှတ်ပုံတင်ကြေးလဲ လျှော့ထားတယ်။ နောက်တစ်ခါ အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ဆန်းစစ်ချက်အစီရင်ခံစာ အရဆိုရင် ယခုနှစ်မှာတော့ ရည်မှန်းချက်ကိုရောက်မယ်လို့ထင်ပါတယ် ” ဟု ဦးသန့်စင်လွင်က ဆိုသည်
ယခုနှစ် မျှော်မှန်းချက်ပြည့်မီနိုင်ရန် လာမည့်ဒီဇင်ဘာလမှစတင်၍ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးပွဲများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း အဆိုပါဌာနက ဆိုသည်။
“ ဒီ Target ဝင်ဖို့ amount ကသတ်မှတ်ထားပြီးသား။ ဒီပမာဏအတိုင်းဝင်ဖို့ဆိုရင် ဝန်ကြီးအဆင့် ဦးဆောင်တဲ့ Promote Committeeတွေ၊ Working Groupတွေကနေ သူရဲ့အချိန်ဇယားအလိုက် လုပ်ဆောင် သွားဖို့အတွက် ကြိုတင်ပြင်ဆင်ထားပါတယ်” ဟု ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများဆိုင်ရာညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်တင်အေးဟန်က ဆိုသည်။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုစီမံကိန်း တွက်ချက်မှုအရ ကာလတိုငါးနှစ်ဖြစ်သော ၂၀၁၆-၁၇ ခုနှစ်မှ ၂၀၂၀-၂၁ခုနှစ်အထိ နှစ်စဉ်ကန်ဒေါ်လာ(၅ ဒသမ၈ ဘီလီယံ) ဝင်ရောက်ရန် ခန့်မှန်းထားသည်။
၂၀၁၈-၁၉ဘဏ္ဍာရေးနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှုမှာ အမေရိကန် ဒေါ်လာ(၄ဒသမ၅)ဘီလီယံသာ ဝင်ရောက်ခဲ့ပြီး မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှှု အနေဖြင့် ကျပ် ၁၆၉၀ ဘီလီယံကျော်ဝင်ရောက်ခဲ့ကြောင်း မြန်မာနိုင်ငံံရင်းနှီးမြုပ်နှံမှုကော်မရှင်၏ စာရင်းများ အရ သိရသည်။