Kachin Business Forum to be Held

0
584

Ei Thandar Tun/Myanmar Business Today

The Kachin Business Forum will be held for the first time at Manau in Myitkyina City, Kachin State, from 9:00 to 16:30 on November 15-16.

The event will be organized by the Kachin entrepreneurs association, it is named Kachin Amyusha Sut Hpaga Hpung (KASH) and has the aim to connect entrepreneurs and small and medium enterprises (SME) in Kachin State.

At the event, talks by prominent successful businessmen in Myanmar will be given to promote business insights to the audience. The seminar will include topics such as current business trends, tourism, retail and wholesale distribution, traditional weaving and garment making, construction, mining, agriculture and livestock. They will explore  challenges and growth potential in these areas.

The event will provide opportunities for local entrepreneurs to showcase their products, seek partners and get to know each other.

“Entrepreneurs and SME businesses in Kachin State are willing to expand their businesses. However, they do not have enough capacity to boost their production and distribution. Therefore, we want to invite business organizations to attend this event to explore business opportunities here and see the potential of local SMEs,” said U Khet Htain Nana, president of the association.

Over 600 people, including officials from the Kachin Government, delegates from UMFCCI, ethnic business associations, Myanmar Young Entrepreneurs Association, Myanmar-India Friendship and Development Association, and Singapore Association of Myanmar, are expected to attend.

The entrance fee is K20,000 per person for the two day event which includes lunch and snacks.

ကချင်ပြည်နယ် စီးပွားရေးနှီးနှောဖလှယ်ပွဲ ပထမဆုံးကျင်းပမည်

ပထမဆုံး ကချင်ပြည်နယ် စီးပွားရေးနှီးနှောဖလှယ်ပွဲကို မြစ်ကြီးနားမြို့ရှိ မနောကွင်းတွင်  နိုဝင်ဘာလ ၁၅ ရက်မှ ၁၆ ရက် နှစ်ရက်တိုင် နံနက် ၉ နာရီ မှ ညနေ ၄ နာရီခွဲအတွင်း ကျင်းပသွားမည်ဖြစ်သည်။

ကချင်တိုင်းရင်းသား လုပ်ငန်းရှင်များအသင်း သို့မဟုတ် Kachin Amyusha Sut Hpaga Hpung (KASH) က ကြီးမှူး၍ ပြုလုပ်ခြင်းဖြစ်ပြီး ကချင် ပြည်နယ်အခြေစိုက် စွန့်ဦးတီထွင်လုပ်ငန်းရှင်များ၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအားဒေသတွင်းကုမ္ပဏီများနှင့် စီးပွားရေးအရ ချိတ်ဆက်ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်သည်။

ယင်းအခမ်းအနားတွင် တက်ရောက်လာသော လုပ်ငန်းအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များအတွက် စီးပွားရေးရာ အတွေးအခေါ်၊ အကြံဉာဏ်ကောင်းများ ရရှိစေရန် မြန်မာနိုင်ငံရှိထင်ရှားသော စီးပွားရေး လုပ်ငန်းရှင်များက စကားဝိုင်းဆွေးနွေးပွဲများတွင် လာရောက်ပြောကြားပေးမည်ဖြစ်ပြီး ကချင်ပြည်နယ် အခြေစိုက် စွန့်ဦးတီထွင်လုပ်ငန်းရှင်များ၏ မိတ်ဆက်ပြသမှုများ၊ စီးပွားရေးအရ ပူးပေါင်း ဆောင်ရွက်နိုင်ရန် တစ်ဦးနှင့် တစ်ဦး လေ့လာသိရှိခွင့်ရမည့် အခွင့်အလမ်းများ ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ကချင်ပြည်နယ်က စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေနဲ့ အသေးစား၊ အလတ်စားလုပ်ငန်းရှင်အများစုဟာ သူတို့ရဲ့ စီးပွားရေး လုပ်ငန်းတွေကို တိုးချဲ့ချင်ပြီး စိတ်အားထက်သန်မှုလည်း ရှိကြပါတယ်။ ဒါပေမယ့် သူတို့မှာ ကုန်ထုတ်စွမ်းအားနဲ့ ဖြန့်ချိရေး လုပ်ငန်းတွေကို တိုးမြှင့်ဖို့နဲ့ စီးပွားရေးလုပ်ငန်းတွေကို ချဲ့ထွင်ဖို့ စွမ်းဆောင်ရည် အလုံအလောက် မရှိနိုင်ပါဘူး။ ဒါ့ကြောင့် ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံက စီးပွားရေးအဖွဲ့အစည်းတွေကို နှီးနှောဖလှယ်ပွဲ တက်ရောက်ပြီး ဒီက အသေးစား၊ အလတ်စားလုပ်ငန်းတွေရဲ့ အလားအလာကို အများနားလည်သဘောပေါက် လာကြအောင် ကူညီပေးကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်” ဟု ကချင်တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း ဥက္ကဌဖြစ်သူ ဦးခက်ထိန်နန် က  ပြောသည်။

 ကချင်ပြည်နယ် အစိုးရအဖွဲ့ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကုန်သည်စက်မှု အသင်းချုပ် (UMFCCI) မှ ကိုယ်စားလှယ်ကြီးများအပြင် အသင်းဝင် အဖွဲ့အစည်းများဖြစ်ကြသော မြန်မာနိုင်ငံ တိုင်းရင်းသား လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များ အသင်း (MYEA) ၊ မြန်မာ-အိန္ဒိယ-တရုတ် ချစ်ကြည်ရေးနှင့် စီးပွားဖွံ့ဖြိုးတိုးတက်ရေးအသင်း (MICA) နှင့် မြန်မာ နိုင်ငံဆိုင်ရာ စင်ကာပူအဖွဲ့အစည်း (SAM) တို့မှ တာဝန်ရှိသူများ အပါအဝင် ပွဲတက်ရောက်သူ (၆၀၀) ဦးကျော် ရှိမည်ဟု ပွဲကျင်းပရေးကော်မတီက ခန့်မှန်းထားသည်။  

စကားဝိုင်းဆွေးနွေးပွဲတွင် လက်ရှိဖြစ်ပေါ်နေသည့် စီးပွားရေးလမ်းကြောင်းများ အပါအဝင် ခရီးသွားလာရေး၊ လက်လီလက်ကား ရောင်းဝယ်ရေး၊ ရိုးရာယက်ကန်းနှင့် အထည်အလိပ်၊ ဆောက်လုပ်ရေး၊ သတ္တုတူးဖော်ခြင်း နှင့် စိုက်ပျိုးမွေးမြူရေး အစရှိသည့် စီးပွားရေးလုပ်ငန်းကဏ္ဍ တစ်ခုချင်းစီတွင် ကြုံတွေ့နေရသည့် စိန်ခေါ်မှုများနှင့် အလားအလာများကို ထည့်သွင်းဆွေးနွေးသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

တက်ရောက်ရန် ဝင်ကြေး (၂၀,၀၀၀) ကျပ် သတ်မှတ်ထားပြီး နှစ်ရက်တာ ကျင်းပမည့် အခမ်းအနားအတွင်း နေ့လယ်စာနှင့် အဆာပြေ စားသောက်ဖွယ်ရာများဖြင့် တည်ခင်း ဧည့်ခံသွားမည် ဖြစ်သည်။

Previous article$6 Billion FDI Expected for 2019 Fiscal Year
Next articleGovernment Reimburses Confiscated Land in Yangon